ရခိုင်ပြည်နယ်က ဓမ္မ၀ိဟာရဆရာတော် ဦးပညာစာရ အား စစ်အစိုးရက ဖမ်းဆီးနှိပ်စက်ခြင်းသည် နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး လုပ်ကြံမှုတခုဖြစ်ဟု အမေရိကန်ရောက် ဆရာတော်များက ပြော

Geschrieben am 08.08.2010 von kyaukphru
Stimmung: :badgrin:.
Tags:သတင်း

ရခိုင်ပြည်နယ်က ဓမ္မ၀ိဟာရဆရာတော် ဦးပညာစာရ အား စစ်အစိုးရက ဖမ်းဆီးနှိပ်စက်ခြင်းသည် နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေး လုပ်ကြံမှုတခုဖြစ်ဟု အမေရိကန်ရောက် ဆရာတော်များက ပြော
မိုးမခအထောက်တော် ၀၀၂
သြဂုတ် ၈၊ ၂၀၁၀
လွန်ခဲ့သည် ဇူလိုင် ၂၇ ရက်က ရခိုင်ပြည်၊ စစ်တွေမြို့တွင် မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းတိုက် ဆရာတော် ဦးပညာစာရ (၅၉ နှစ်) ကို စစ်အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီးနောက် နှိပ်စက်ခြင်း၊ အဓမ္မ လူဝတ်လဲခြင်း၊ အမှုမျိုးစုံဖြင့် စွတ်စွဲခြင်း၊ စစ်တွေမြို့ခံများကို ဗီဒီယိုသက်သေများ ထုတ်ပြန်ခြင်း၊ ကျောင်းတိုက်မှ မိဘမဲ့ကလေးများကို ရပ်ဝေးပို့ ပို့ဆောင်ခြင်း၊ ကျောင်းကို ချိတ်ပိတ်ခြင်းတို့ကို စစ်အာဏာပိုင်များက ဆက်တိုက် လုပ်ဆောင်ခဲ့သည်။

          ထိုဖြစ်ရပ်များကြောင့် မြန်မာပြည်တွင်း ပြည်ပရှိ မြန်မာအမျိုးသားများနှင့် ဘာသာရေးအသိုင်းအ၀ိုင်းတွင် အငြင်းပွားမှုများ၊ သံသယများ၊ မကျေနပ်မှုများ ပြန့်ပွားလျက်ရှိရာ မိုးမခက အမေရိကန်ပြည်ထောင်စုရှိ ဆရာတော်အချို့ထံက သဘောထားကို မေးမြန်းခဲ့သည်။
          ရဟန်းသံဃာများနှင့် ပတ်သက်ပြီး တိုင်ကြားမှုများ၊ မကျေနပ်မှုများ ရှိပါက မြို့နယ် သံဃာ့နာယကအဖွဲ့ သို့မဟုတ် ပြည်နယ်ရှိ နာယကဆရာတော်များရှေ့မှောက်တွင် ကြားနာရမည် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် သံဃာတော်များကို သမိုင်းတလျောက်လုံး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများကို ကျုးလွန်နေသော စစ်အာဏာပိုင်များကို ဦးတည်တိုင်ကြားခြင်း၊ အရေးယူရန် လှုံဆော်ခြင်းများ မလုပ်သင့်ကြောင်း၊ သံဃာ့နာယက ဆရာတော်များက ကြားနာစစ်ဆေးပြီးမှသာ လူများ၊ အရပ်ဝတ်များအနေနှင့် သြ၀ါဒခံယူပြီး အရေးယူဆောင်ရွက်မှုများကို စနစ်တကျ လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ အဆိုပါ စွပ်စွဲမှုများ မှန်ကန်သည် ဆိုပါကလည်း စစ်အာဏာပိုင်များက သံဃာတော်တပါးကို နှိပ်စက်ခြင်း၊ မိဘမဲ့ကလေးများကို ရပ်ဝေးသို့ ပို့ခြင်း၊ ကျောင်းတိုက်တခုလုံး ချိတ်ပိတ် သိမ်းဆည်းခြင်းတို့ကို ပြုလုပ်ရန်အထိ လိုအပ်သည်ဟုလည်း မမြင်ကြောင်း ၎င်းတို့က ပြောကြားသည်။
          “သည်လိုမျိုး အဓမ္မ အလွန်အကျွံ အကြမ်းဖက်မှုတွေ ကျုးလွန်တာဟာ သံဃာတော်တွေအပေါ်မှာ သူတို့တွေရဲ့ ရန်ငြှိုးကြီးမှုကို ပြတာ ဖြစ်တယ်။ ရန်ကုန်၊ မန္တလေး က စာသင်တိုက်က သံဃာတော်တွေကို မတရားလုပ်ခဲ့တာတွေနဲ့ အတူတူပဲ။ ဒါကြောင့် ဒါဟာ နိုင်ငံရေးအရ လုပ်ကြံတာ ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးတွေအပေါ်မှာ စစ်အာဏာရှင်တွေ အနေနဲ့ နှစ်ပေါင်းများစွာ အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာတွေနဲ့ တထပ်တည်း ဖြစ်တယ်။ ဒါ့အပြင် ဘာသာရေးအဖွဲ့အစည်းတွေ၊ အသိုင်းအ၀န်းတွေအပေါ်မှာ မတရားဖိနှိပ် ချုပ်ချယ်ထားတာတွေရဲ့ ပြယုဒ်လည်း ဖြစ်ပါတယ်။ ဘာသာရေးနဲ့ လူမျိုးရေး လုပ်ကြံမှု၊ စော်ကားမှု ဖြစ်တယ်”
          ဟု ဆရာတော်တဦးက ပြောသည်။
          “ဘုန်းဘုန်းတို့ မြန်မာပြည်မှာက သံဃာတော်တွေကို မာတုဂါမနဲ့ မှားတယ်၊ ၀တ္ထုငွေကြေးတွေ အလွဲသုံးစားလုပ်တယ်၊ ကလေးသူငယ်တွေကို နှိပ်စက်တယ်လို့ စွတ်စွဲသံတွေ ကောလဟလတွေ ထုတ်လိုက်ရင် မှန်တာ မမှန်တာ အပထား ပရိသတ်က ရှဲသွားတယ်၊ သံသယ အကျိုးတွေ ဖြစ်ကုန်ကြရတယ်။ ဒါ့အပြင် စစ်အာဏာရှင်တွေက လူတွေကို ကြောက်ရွံ့သွားအောင်လည်း အမျိုးမျိုး လုပ်တယ်။ ဒါဟာ အမှန်တရားကို မပေါ်ပေါက်စေပါဘူး”
          ဟုလည်း မှတ်ချက်ပေးသည်။

          ယခုအချိန်တွင် ၀က်ဆိုက်များတွင် အဆိုပါ ရခိုင်ဆရာတော်အတွက် တရားမျှတမှု ထုတ်ဖော်ကြရန် ၀ိုင်းဝန်း ဆွေးနွေး ပြောဆိုနေကြသည်ကို တွေ့သည်။ ဆရာတော်အတွက် သီးခြား ဘလောဂ့် စာမျက်နှာ တခုလည်း တင်ဆက်ထားသည်ကို တွေ့ရသည်။

 

------------

မိုးမခသတင်းမှ

Diskussion

Auf 01.01.0001 Sagt:

Kommentar hinzufügen

Bitte anmelden oder registrieren zu:
  • Bild in voller Nutzer-Profil;
  • neue Freunde finden;
  • Kommentare schreiben;
  • Eine persönliche Nachricht senden.
← အရှင်ပညာစာရအား ဖမ်းဆီးမှု အာဏာပ…   Zurück zu Blog   ရခိုင်သမိုင်းသုတေသီ ဆရာတော်အသှ… →
© 2013-2025 Free Video Chat Conferendo! Alle Rechte vorbehalten.
Sie haben einen Fehler gefunden oder eine fehlerhafte Übersetzung? Markieren Sie den Fehler mit der Maus, drücken Sie "Strg" und die "Eingabetaste" für Ihren Korrekturvorschlag.