BURMA(MYANMAR) TRAVELOGUE

Posted on 31/12/2012 by thidange

သတိပေးချက်။ ။ အသက် ဆယ့်ရှစ်နှစ်အောက် ကလေးများ မဖတ်ကြပါရန် ။


------------ မြန်မာနိုင်ငံသို. ခရီးသွားမှတ်တမ်း ------------

ဤ မြန်မာနိုင်ငံသို. ခရီးသွားမှတ်တမ်း ဆိုတဲ့ခေါင်းစဉ်လေးအား vzo ရှိ သူငယ်ချင်းများ

ဖတ်မိသွားပြီး နည်းနည်းလေးတော့ ထူးဆန်းနေသလို ဖြစ်နေပါမည် ။

အခုစာရေးနေသူမှာ မြန်မာမိန်ကလေး တစ်ယောက်ဖြစ်ပြီး ထိုကဲ့သို.သော ခေါင်းစဉ်အား

ဘယ်လိုကြောင့် သုံးစွဲထားတယ် ဆိုတာကို ကျွန်မ အနေဖြင့် ရှင်းပြပေးပါမည် ။

မြန်မာနိုင်ငံမှာ မွေးပြီး ၊မြန်မာပြည်မှာ ကြီးပြင်းလာခဲ့သော ကျွန်မမှာ

မြန်မာနိုင်ရဲ. နိုင်ငံရေးကြောင့်သော်လည်းကောင်း ၊ပိတ်ဆို.မှုတွေများကာ လုပ်ပိုင်ခွင့်နည်းပါးလှသော

စီးပွါးရေးအတွက်ကြောင့်သော်လည်းကောင်း၊ ရေကြည်ရာ မြက်နုရာဆိုတဲ့ စကားပုံလေးကို

အကြောင်းပြ ကာ ဆိုးရွားလှသော စံနစ်ဆိုးတွေကို လက်ကိုင်အသုံးပြုသူ လူတစ်စုရဲ.

လက်အောက်မှာ မနေထိုင်လိုတဲ့ အတွက်ကြောင့် ပြည်ပသို. ကျွန်မထွက်လာခဲ့ပါသည် ။

ကျွန်မကဲ့သို. ပြည်ပသို. ထွက်ခွါသွားကြသော မြန်မာများ နေ.စဉ် နှင့် အမျှပါပဲ ။

ဆိုတော့........အကြောင်းမျိုးမျိုးကြောင့် နိုင်ငံခြားမှာ အောက်ကျခံကာ အလုပ်လုပ်ကာ

နေထိုင်ရပြီး ဒုက္ခတွေ မျိုးစုံကို ရင်ဆိုင်ဖြေရှင်းရင်း ကံတရားရဲ. အကြောင်းကြောင်းကြောင့်

ကျွန်မမှာ မြန်မာပတ်(စ်)ပို.အား ဖောက်လိုက်(စွန်.လိုက်ပြီး) ဒီက ဟောင်ကောင်နိုင်ငံသူ

အဖြစ် ခံယူခဲ့ပါသည် ။ ဆိုတော့..... လွန်ခဲ့သော နှစ်အနည်းငယ်က မြန်မာပြည်သို.

ကျွန်မ အလည်ပြန်ခဲ့ပါသည် ။မြန်မာပြည်သို. ၀င်ရောက်ရန် ဟောင်ကောင်ရှိ မြန်မာသံရုံးမှာ

ဗီဇာလျှောက်ပြီး မြန်မာနိုင်ငံသို. ရောက်တော့ လူဝင်မှုကြီးကြပ်ရေးဂိတ်ရှိ နိုင်ငံခြားသားများ

ဆိုတဲ့ ဆိုင်းဘုတ်အောက်မှ ပြန်လည်ဝင်ရောက်ခဲ့ပါသည် ။

မိမိနိုင်ငံ မိမိမွေးဖွားရာ အရပ်ဒေသသို. ဧည့်သည်တစ်ယောက်အနေဖြင့် ပြန်လာခဲ့ရမိတာကို

ကျွန်မ အလွန်ပင် ၀မ်းနည်းမိခဲ့ပါသည် ။ကျွန်မကဲ့သို. တစ်ခြားသောနိုင်ငံသား

ခံယူထားသောမြန်မာတွေများစွာ ရှိခဲ့ပြီး ကျွန်မလိုပဲ ၀မ်းနည်း ခံစားမိမှာကိုတော့ ဗေဒင်ဆရာအား

သွားမေးစရာမလိုလောက်ဘူးလို. ထင်မိပါသည် ။

ထားလိုက်ပါတော့လေ.......လိုရင်းခေါင်းစဉ်အောက်ရှိ စာအား အောက်တွင် ရေးသားထားပါသည် ။

မှတ်ချက် ။ ။ စာဖတ်သူများအား ဗဟုသုတ အဖြစ် အောက်တွင် ကျွန်မမှ မြန်မာပတ်(စ်)ပို. မှ ဟောင်ကောင်

ပတ်ပို. (စ်) သို. ပြောင်းလဲရန် ဤကဲ့သို. လျှောက်လွှာတင်ရပါသည် ။၎င်း ဟောင်ကောင်နိုင်ငံမှ လက်ခံပါတယ်ဆိုမှ

မိမိရဲ. သက်ဆိုင်ရာမိခင်နိုင်ငံအား နိုင်ငံသားအဖြစ်မှ စွန်လွှတ်ပါကြောင်း မြန်မာသံရုံးတွင် ထပ်လျှောက်ရပါသည် ။

တစ်ချို.က အင်္ဂလိပ်လို ( Surrender ) လုပ်လိုက်သည် ဟု ဆိုကြသည် ။လုပ်ခဲ့ဖူးသူများ သိပါလိမ့်မည် ။

ထိုကဲ့သို. နိုင်ငံသားအဖြစ် စွန်.လွှတ်လိုက်တယ်လို. လျှောက်လွှာတင်လိုက်သောအခါမှာ ကျွန်မမှာ မျက်ရည်များ

တစ်ပေါက်ပေါက်ကျခဲ့ဖူးပါသည် ။ဘုရားပေးပေး ၊ ကျမ်းပေးပေး ကျွန်မမှာ ဖော်ပြလို. မရလောက်အောင် ၀မ်းနည်း

မိခဲ့ပါသည် ။ သြော်.....မိမိရဲ. ကုသိုလ်ကံကို အပြစ်တင်ရမှာလား ။မြန်မာပြည်မှာ ဆိုးရွားသောလူတစ်စု အုပ်ချူပ်

နေတဲ့ အချိန်မှာမှ ကွက်တိလူသွားဖြစ်ရတာလား ဆိုတာကိုတော့ မိုးနတ်မင်းလား ၊ကံဇာတ်ဆရာလား ၄င်းတို.ပဲ

သိနိုင်မည်ဖြစ်မယ်ဆိုတာကို ကျွန်မလဲ မသိနိုင်တော့ပါ ။



Application for Naturalization

1. Requirement
Foreign nationals or stateless persons who are permanent residents of the HKSAR may apply.

2. Procedure of Application

Duly completed the application form.
If the applicant is residing in the HKSAR, he/she can make the application in person; if the applicant is living abroad, the application can be made by post;
The application may also include the applicant’s spouse and minor children. The application of a minor must have the signatures of both parents.
3. Submission and presentation of documents

The applicant must submit the following documents:

a. Original copy of HKSAR Permanent Resident Identity Card (will be returned to the applicant once it is verified and photocopied)

b. Birth certificate;

c. Certificate that can prove the marital status of the applicant(except in case of a bachelor or a spinster)

d. Proof that the applicant has a near relative that is a Chinese national (for example, proof of family relationship, photocopy of that near relative's identity card);

e. Proof of nationality (except stateless persons);

f. Certificate of criminal record (For instance, a valid “Certificate of Criminal Record” issued by the HKSAR Government. In addition, if the applicant had lived in other countries or territories for 6 months or longer before settling in Hong Kong, and he/she attained the age of 16 when living in such countries or territories, he/she should provide a certificate of criminal record within 90 days from its issuance date issued by the corresponding government.);

g. Proof of Income and residence of the applicant, his/her spouse, or parents (applicable to minor only);

h. Proof of education (applicable to minor only).



Notes:

Documents mentioned in numbers b) and c) can be exempted if their photocopies have already been archived at the Identification Services Bureau
Documents mentioned in number d) is only required in case the applicant claims that he/she is a near relative of Chinese nationals.
Once the application is approved and otherwise the applicant is a stateless person, the applicant must within 6 months from the date of notification of his/her approval, submit a document which proves that he/she has renounced his/her foreign nationality. Otherwise, the approval will lose effect.

4. Fees

There is a fee of HK 1,000.00. If the application includes spouse and children, then each family member must pay HK 500.00 (Note: fees are non-refundable, even if the application is turned down. )
Certificate of nationality: HK 150.00

Application

Requests for information or records held by the Department may be made by letter or application form either (i) obtainable from the Enquiry Counter of the Information and Liaison Section of the Immigration Headquarters on the 2nd floor of Immigration Tower and at the Immigration Branch Offices, Births and Deaths Registries, Marriage Registries and Registration of Persons Offices outside the Headquarters; or (ii) available for download from this web site on Internet. The application should be addressed to :

Access to Information Officer
Immigration Department
23/F, Immigration Tower,
7 Gloucester Road,
Wan Chai,
Hong Kong

You may also send your request by Electronic Application Form which can be downloaded at http://www.immd.gov.hk/ehtml/atie.htm. Please send the completed Electronic Application Form to 'Access to Information Officer' through e-mail address : eto_ti@immd.gov.hk.

 

မော်လမြိုင်သို. အလည်တစ်ခေါက် ........

ရန်ကုန်မှာ နှစ်ရက်လောက်နေပြီး ကျွန်မနှင့် ဟောင်ကောင်ကပါလာသော ဟောင်ကောင်သူ

တရုတ်မလေးတို.နှစ်ယောက်သား PTT နေ. ကားဖြင့် ရန်ကုန်မှ မော်လမြိုင်သို.

ခရီးထွက်ခဲ့ကြလေသည် ။မော်လမြိုင်မြို.သို.ရောက်သောအခါ မြိုင်သာယာ

ဗိုလ်ချူပ်အောင်ဆန်းလမ်းမကြီးပေါ်ရှိ ကျွန်မရဲ. ဦးလေးအိမ်တွင် တည်းခိုဖြစ်ပါသည် ။

( မှတ်ချက် ..... ကျွန်မတို.တစ်မိသားစုလုံးမှာ ဟိုးလွန်ခဲ့သော ဆယ်နှစ်လောက်တုန်းက

ရန်ကုန်သို. အပြီးအပိုင်ပြောင်းရွေ.သွားသောကြောင့် ဖြစ်ပါသည် ) ။

ကျွန်မတို.သူငယ်ချင်း နှစ်ယောက်သားမှာ တည်းခိုခန်းတွင် တည်းဖို.စီစဉ်ထားပေမဲ့ ဦးလေးဖြစ်သူ

ဦးကျော်စိုးမှ ..... မိသီတာ နင်တို.က ဘာဖြစ်လို. ဟော်တယ်မှာ သွားတည်းကြမှာလဲ ။

ငါက နင့်ဦးလေး အရင်းပါကွ ။ကိုယ့်ဆွေမျိုးအရင်းခေါက်ခေါက်တစ်ယောက်လုံးရှိနေတာကို

ငါဆီမှာ လာနေပါ ။ တစ်ကယ်လို. ငါ့ဆီလာမနေဘူးဆိုရင် ငါ့ကို ဦးလေးလို.လဲမခေါ်နဲ. ၊

ဆွေမျိုးလို.လဲ မသတ်မှတ်နဲ.ဆိုပြီး ရာဇသံပေးလာတဲ့အတွက်  ကျွန်မငယ်ငယ်ကတည်းက

ကြောက်ခဲ့ရသော ဦးလေးရဲ.ဒေါသကို သိပါသဖြင့် နောက်ဆုံးတွင် ကျွန်မဦးလေးအိမ်မှာပဲ

တည်းဖြစ်ပါသည် ။ကျွန်မ ဦးလေးရဲ. မိန်းမ ဒေါ်ပြုံးစိမ့်စိမ့်စောမှာ စိတ်ကောင်းရှိတာကြောင့်

ကျွန်မတို. တည်းခိုရတာ အဆင်ပြေခဲ့ကြပါသည် ။

မော်လမြိုင်ပြန်ရောက်တော့ အရင်တုန်းက ရည်းစားလုဖက် သူငယ်ချင်းအဟောင်းများ ၊

ကျောင်းနေဖက် သူငယ်ချင်းအဟောင်းများ ၊ ရပ်ကွက်ထဲရှိ သူငယ်ချင်းအဟောင်းများ

အစရှိသဖြင့် ရသမျှ ၊ဆက်သွယ်လို.ရတဲ့ သူငယ်ချင်းများအားလုံးကို ကျွန်မမှာ

ဖုန်းတစ်လုံးဖြင့် လိုက်လံဆက်သွယ်ရလေသည် ။တစ်ချို.မှာ အိမ်ထောင်ကျလို.

ကလေးအမေတွေဖြစ်နေသလို ၊တစ်ချို.မှာ နိုင်ငံခြားသို. ထွက်သွားကြသလို ၊တစ်ချို.မှာ

ဒီလူ.လောကကြီးကိုခွဲခွါသွားကြတဲ့ သူငယ်ချင်းတွေလဲရှိကြပါသည် ။အဆက်အသွယ်ရတဲ့ သူငယ်ချင်း

များနှင့် ညနေစောင်းတွင် ကျွန်မတို.သူငယ်ချင်းရှစ်ယောက်မှာ မော်လမြိုင် - ကျိုက်မရောအဝေးပြေးလမ်းပေါ်ရှိ

အသစ်ဖွင့်ထားသော ရွှေဇီးကွက် စားသောက်ဆိုင်သို. ချီတက်ကြလေသည် ။

ဆိုင်ထဲသို.ရောက်ရောက်ချင်း အင်္ကျီအဖြုရောင် ကော်လံကတုံး ၀တ်ဆင်ထားသော

စားပွဲထိုးကောင်လေးမှ အစ်မတို. ဘာများသုံးဆောင်ကြမလဲဟု မေးမြန်းလာသောကြောင့် အလှု.ဒကာ ဖြစ်သော

ကျွန်မမှ စားသောက်စာရင်း( Menu  ယူလာရန်မှာလိုက်လေသည် ။

ဟောင်ကောင်က ကျွန်မသူငယ်ချင်းတရုတ်မလေးက ဘီယာသောက်ချင်သောကြောင့် သူ.ကိုယ်စားမှာပေးရန်

ဘေးနားမှ တိုးတိုးလေးကပ်ပြောပါသည် ။ကျွန်မလဲ စားသောက်စာရင်းဖတ်ပြီးတဲ့နောက် မှာကြားလေသည် ။

တစ်ချို.သော ယောင်္ကျားလေး သူငယ်ချင်းဖြစ်သူများကို ဟဲ့ ... ကောင်တွေ နင်တို.ဘာသောက်ကြမလဲ

အားနာမတမ်း မှာကြဆိုပြီးမေးရလေသည် ။ငယ်ပေါင်းအကြာင်းသိ ပြောမနာ ၊ဆိုမနာ သူငယ်ချင်းများနှင့် အခုလို

ပြန်လည်တွေ.ဆုံပြီး စားသောက်ရတာ အရမ်းကိုပျော်စရာကောင်းပါသည် ။သူတို.တွေသောက်လိုသော အရက် ၊

ဘီယာ ၊စားသောက်စရာများမမှာခင် ကျွန်မမှ ဦးဆောင်ပြီး အရင်ဆုံးမှာကြားရန် စားပွဲထိုးလေးအား ပြောလေသည် ။

မောင်လေး ... အင်း ... အစ်မတို.စားမှာကတော့ ... ဟင်း ... ငါးပေါင်းစာချင်လို. ဘာငါးတွေရှိလဲဆိုတော့

ထိုကောင်လေးမှ ရွတ်ပြလေသည် ။( ဘာငါးတွေလဲဆိုတာ ကျွန်မ မမှတ်မိတော့လို.ပါ ) ။ကျွန်မမှ ဘာငါးပေါင်း

ဆိုပြီးမှာလိုက်လေသည် ။ထိုအခါ ကောင်လေးမှ အစ်မ ပွဲကြီးလား ၊ပွဲလတ်လား ၊ပွဲလေးလား ဆိုပြီးမေးတော့ ကျွန်မမှ

အင်း ... ငါတို.က လူလဲများတယ် ၊ဟင်းတွေလဲအများကြီးမှာမယ်ဆိုတော့ကာ ပွဲလေးပဲပေးပါဟု ပြန်ဖြေရလေသည် ။

ထိုမှတစ်ခါ ကျွန်မမှ ဘာအရွက်ကြော်ရမလဲ ... အရွက်ကြော်တစ်ခုခု မှာပြန်ရင် ထိုကောင်လေးမှ ပွဲကြီးလား ၊

ပွဲလတ်လား ၊ပွဲလေးလား ဆိုပြီး ကျွန်မ အမယ်တစ်မျိုး ၊ဟင်းတစ်မျိုး မှာတိုင်းမေးလာသော ပွဲကြီးလတ်သေး ပြန်မေး

လာသောထိုကောင်လေးအား စိတ်မရှည်ဖြစ်လာသောကြောင့် ... ဒီမှာမောင်လေး အစ်မ ဘာမှာမှာ ၊အစ်မမှ မဟုတ်

ဘူး ဒီဝိုင်းထဲက ဘယ်သူမှာမှာ ပွဲလေးပဲပေးဟေ့ ဆိုပြီးပြန်ငေါက်လိုက်ရလေသည် ။မှာကြားပြီး ဟင်းခြောက်မျိုးလဲ

အရောက်မှာ ကျွန်မက လောလောဆယ်တော့ အဲဒါတွေပဲ လုပ်ပေး ကျန်သေးတဲ့ အစ်မသူငယ်ချင်းတွေ ထပ်လာမှ

ထပ်မှာမယ်ဆိုတော့ သကောင့်သားမှာ ဟို .. ဟို... ကိုက်လန်ကြော်က ကြက်သားနဲ.လား ၊၀က်သားနဲ.လား ဆိုပြီး

ပြန်မေးလာသောကြောင့် ကျွန်မမှာ အလွန်ဒေါသထွက်လာပြီး နင်အစောကြီးကတည်းက မမှတ်မိရင် စာရွက်နဲ.ဘောပင်

နဲ. လိုက်ရေးမှတ်ပါလားဟဲ့ ဆိုတော့ စားပွဲထိုးလေးမှာ တောင်းပန်ပါတယ်အစ်မရယ် ကျွန်တော်ကလူသစ်မို.လို.ပါ ဆိုပြီး

ပြန်ဖြေသောကြောင့် ကျွန်မမှ ကြိုက်တဲ့ အသားနဲ. လုပ်ခဲ့ဆိုတော့ ထိုကောင်လေးမှ ဒါဆို ကြက်သားနဲ.လုပ်လိုက်မယ်နော်

ဆိုတော့ ကျွန်မမှ စိတ်မရှည်စွာဖြင့် မောင့်... သဘော မောင့်သဘောဟု ပြန်ပြောလိုက်သောကြောင့် ကျန်သူငယ်ချင်းများ

အားလုံးမှာ ၀ိုင်းရီကြလေသည် ။ကျွန်မဘေးနားမှ တရုတ်မလေးက နင်တို.ဘာတွေပြောနေပြီး ၊ဘာတွေသဘောကျနေသလဲ

ဆိုပြီးမေးလာသောကြောင့် ကျွန်မမှ အနီးစပ်ဆုံး ကျွန်မတတ်သလောက် တရုတ်စကားနဲ. ၄င်းအားရှင်းပြရလေတော့သည် ။

မှာကြားထားသောအစားအစာများ ၊သောက်စရာများရောက်လာလို. ကျွန်မတို.သူငယ်ချင်းတွေ စားကြ ၊သောက်ကြ စကား

တွေပြောကြရင်း မရောက်လာသေးသော ကျန်သေးတဲ့ သူငယ်ချင်းတွေကို စောင့်နေရင်း အတင်းတွေပြောကြ ၊အရင်တုန်းက

ငယ်ကျိုးငယ်နာတွေ ဆွေးနွေးကြရင်း လုပ်နေမိသည် ။အဲဒီအချိန်မှာ နောက်ထပ်ရောက်လာတဲ့ စိုးမိုးထွန်းနှင့် အောင်ခင် တို.လဲ

မှာစရာရှိတာကြောင့် စားပွဲထိုးလေးအား လှမ်းခေါ်လေတော့သည် ။ခုနက စားပွဲထိုးလေးအား ၄င်းတို. မှာစရာရှိတာ မှာနေတုန်း

စိုးမိုးထွန်းက ညီလေးရေ ... အစ်ကို.အတွက်တော့ သူတို.တွေသောက်နေတဲ့အတိုင်းပဲ အမဲတစ်စိတ်ပေးပါဟုမှာလေသည် ။

ထိုစားပွဲထိုးကောင်လေး ပြန်လာသောအခါ ဘဲကင်နဲ.တစ်ခြားစားစရာများလာချသောအခါ စိုးမိုးထွန်းမှ ညီလေး အစ်ကိုတို.၀ိုင်း

မှာ ဘဲကင်မမှာဘူး မင်းစားပွဲမှားချတာလား ၊ဟဲ့ နင်တို.ထဲက ဘယ်သူ ဘဲကင်မှာထားသေးလဲဟု စိုးမို.ထွန်းမှ သေချာ

အောင် အားလုံးကိုမေးလိုက်သောအခါ ဘယ်သူမှ မမှာဘူးဆိုတော့ ထိုစားပွဲထိုးကောင်လေးမှ ဟုတ်တယ်လေ အစ်ကိုပဲမှာတာ

ဘဲကင်တစ်စိတ်ဆိုပြီးပြန်ပြောသောအခါ စိုးမိုးထွန်းမှ စိတ်မရှည်စွာ ... ဟေ့ရောင် ငါမှာတာ ငါသောက်ဖို. အဲဒီလို အရက်အမည်း

တစ်စိတ်ပေးဆိုပြီး ဘေးနားက Grand Royal ပုလင်းပြားလေးအား လက်ညိုးထိုးပြတဲ့အခါကျမှ ကျွန်မမှာ ၄င်းတို.

ဘာတွေမှားနေကြသလိုဆိုတာ အခုမှကောင်းကောင်းသဘောပေါက်သွားတယ် ။ ကျွန်မ သူငယ်ချင်းစိုးမိုးထွန်းမှ Grand Royal

အမည်းရောင်တံဆိပ်နဲ. အရက်တစ်စိတ်မှာကြားတာကို စားပွဲထိုးကောင်လေးမှ အမည်းတစ်စိတ်ကို ဘဲတစိတ် ဆိုပြီး မှားပြီး

ယူလာခဲ့တာပါ ။ကျွန်မမှ စတွေ.ကတည်းက အူကြောင်ကြောင်နဲ. ထိုစားပွဲထိုးအား ရတယ်.. ရတယ် ... ကျွန်မတို.ယူလိုက်ပါ့

မယ် ဆိုပြီးပြောလိုက်ရလေသည် ။ဘာကြောင့်လဲဆိုတော့ တစ်ခါတစ်လေမှ ဆုံကြရတဲ့ သူငယ်ချင်းတွေ စားကြ ၊သောက်ကြ

နေတုန်း စိတ်အနှောက်အယှက်ဖြစ်မှာ စိုးသောကြောင့် လွှတ်ပေးလိုက်တာပါ ။အဲဒီလို စားသောက်ကြပြီး ပိုက်ဆံမရှင်းခင်

အချိန်မှာ ဘီယာတွေသောက်ပြီး သွေးတိုးရှိနေတဲ့ ကျော်ကျော်လတ်မှ အား ... ခေါင်းတွေကိုက်လိုက်တာ မဖြစ်ပါဘူး သကြား

စားချင်လိုက်တာဆိုတော့ ဘေးနားက ကျော်ဇင်သစ်မှ စားပွဲထိုးကောင်လေးအား ညီလေးတစ်ကြားပေးကွာ ဆိုတော့ စားပွဲ

ထိုးကောင်လေးပြန်ရောက်လာသောအခါ စည်ဘီယာတစ်ကြား လာချပေးသည် ။ထိုအခါ ကျော်ဇင်သစ်မှ ဟေ့... ဘာဖြစ်လို.

ဘီယာလာချတာလဲ ဘယ်သူမှာလို.လဲ ဆိုတော့ထိုကောင်လေးမှ အစ်ကိုပဲ တစ်ဂျား ( ၀မ်းဂျား) ဆိုလို.လာပေးတာလေလို.

ပြန်ပြောတော့မှ ၄င်းကျော်ဇင်သစ်မှာ ဒေါသကြောင့် ဟေ့ရောင် ... မုန်လာဥလာလုပ်မနေနဲ. ငါမှာတာက ငါ့သူငယ်ချင်းခေါင်း

ကိုက်နေလို. သကြားစားချင်လို. သကြားမှာတာ ၊တစ်ဂျား မှာတာမဟုတ်ဘူးလို. ပြန်ပြောလိုက်တော့ ဆောရီးပဲ အစ်ကိုရေ

ဒါပေမဲ့ ဒီဘီယာတစ်ဂျားကိုတော့ အစ်ကိုတို.ယူလိုက်နော် ကျွန်တော်ပြန်ပေးလို.မရဘူး တကယ်လို. ကျွန်တော်သွားပြန်ပေးရင်

ကျွန်တော့်လခထဲက သူဋ္ဌေးဖြတ်လိမ့်မယ်ဆိုပြီး အသနားခံလာသောကြောင့် ကျွန်မမှာ စိတ်ထဲတွင် အင်း ... ငါတို.နှယ်

ဘာဖြစ်လို. အူတူတူ ၊အတတနဲ. စားပွဲထိုးကောင်လေးတွေနဲ.မှ လာတွေ.နေရတာလဲဆိုပြီး ကျွန်မမှ အိုကေ ...အိုကေ ရပြီး

သွားတော့ဆိုပြီး ပြောလွှတ်လိုက်လေသည် ။နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ. စကားဖြစ်သော အလွဲများနှင့်ကျွန်တော်

ဆိုတဲ့စကားအား ကျွန်မလဲ အလွဲများနှင့် ရွှေဇီးကွက် ဆိုပြီးပြောရမလိုဖြစ်နေပါပြီး ။(မှတ်ချက် ... စားပွဲထိုးလေးများမှာ အသက်

ငယ်ကြပြီး စားပွဲထိုးအတွေ.အကြုံမရှိသော ၊အညာဘက်မှ လာလုပ်တဲ့အတွက်ကြောင့် စကားပြောအသုံးအနှုန်းများမတူညီ

တာကြောင့် မှားသွာကြတာပါ ။ ဥပမာ ...အနေနဲ.ပြောရရင် မြန်မာနိုင်ငံမှာတောင် တစ်နယ်နဲ.တစ်နယ် တစ်မြို.နဲ.တစ်မြို.

စကားပြောပုံ အသုံးအနှုန်းများ တစ်ချို.မှာ အနည်းငယ်ကွဲပြားကြလေသည် ။ရန်ကုန်မှာ ပူစီနံအရွက်အား မော်လမြိုင်မှာ ဇီယာတဲ့ ။

ရန်ကုန်မှာ ကျောက်ကျောဖျော်ရည်အား မော်လမြိုင်မှာ လိပ်သည်းဖျော်ရည်တဲ့ ။ရန်ကုန်မှာ အောကွေ.ကြည် အား မော်လမြိုင်မှာ

မုန်လာဥမုန်.ကြော်တဲ့ ။ကျွန်မ မန္တလေးရောက်စဉ်အခါတုန်းက လမ်းမသိလို. ဦးလေးတစ်ယောက်အား လမ်းမေးသောအခါ ထို

ဦးလေးမှ ဟိုး ... ရှေ့တစ်ပြလောက် လျှောက်သွားရင် ရောက်ပြီးတဲ့ ။ကျွန်မမှာ မြန်မာစကားပြောကို မြန်မာလိုပြန်ပြောတာကို

ကောင်းစွာနားမလည် ဖြစ်ခဲ့ဖူးပါသည် ။အမှန်မှာ ကျွန်မတို.အောက်ပြည် အောက်ရွာကလူတွေဆိုရင် အရှေ.

ဘက်ခပ်လှမ်းလှမ်လေး ဆက်လျှောက်ရင် ရောက်ပြီးလို.ဆိုလိုတာကို နောင်တွင် သူငယ်ချင်းတစ်ချို.အားပြန်မေးပါမှ

သိရလေတော့သည် ။အင်း ......... အလွဲများနဲ. ............................. ဘယ်သူလဲကွယ် ။

မန္တလေးသို. အလည်တစ်ခေါက် ........

ကျွန်မတို. မိသားစုအဖွဲ. ရန်ကုန် မှ မန္တလေးကို မနက်ပိုင်းခပ်စောစောလေးမှာ ထွက်လာခဲ့လေသည် ။ဟိုးအရင်လမ်းဟောင်းလေးမှ

သွားတာမဟုတ်ဘဲ လမ်းသစ်ဖြစ်တဲ့ နေပြည်တော်ကိုသွားတဲ့လမ်းမှ သွားခဲ့ကြခြင်းဖြစ်သည် ။ကားလမ်းများမှာ ထိုက်သင့်တဲ့ အကျယ်

အ၀န်းရှိပေမဲ့ လမ်းများမှာ ကွန်ကရစ်အမျိုးအစားဖြစ်သလို အဖြောင့်လမ်းမှာ အရှည်ကြီးတွေဖြစ်နေသောကြောင့် ကားမောင်းတဲ့

ကားဆရာများ အိပ်ငိုက်ရန် အခွင့်အလမ်းများသောကြောင့် ယာဉ်တိုက်မှုတွေ ၊ကားမှောက်မှုတွေဖြစ်ဖို. အလားအလာများပါသည် ။

တစ်နေရာမှာ ကျွန်မတို.ကားကို အနောက်မှ ကားတစ်စီးမှာ ကျော်တက်သွားတာအလွန်ပဲ မြန်တာကြောင့် ကျွန်မတို.ကားမောင်းသူမှ

အင်း ... မြန်လိုက်တဲ့နှုန်း ဘာတွေဒီလောက်တောင် အရေးကြီးနေသလဲမသိဘူးဆိုပြီး ရေရွတ်တော့ အနောက်ဘက်မှ ကျွန်မက

ဘာဖြစ်လို.လဲ ဦးလေးကြီးဆိုပြီးမေးလိုက်တော့ ကားဆရာမှ အခုကျွန်တော်တို. မောင်းနေတဲ့နှုန်းက ၁၁၀ကီလီုတာရှိတယ် ။ခုနက

ကျော်တက်သွားတဲ့ ကားဆိုရင်တော့ ဘယ်လောက်ရှိမလဲသာ ခန်.မှန်းပေတော့ဆိုတော့ ကျွန်မမှ အိုး ... ကျွန်မမှကားမမောင်းတတ်

တော့ မသိပါဘူးရှင်ဆိုပြီး ပြန်ပြောလိုက်သလို စိတ်ထဲမှာတော့ ခုနက ကျော်တက်သွားသောကားမှာ စက်ပစ္စည်းတစ်ခုခု ချွတ်ယွင်း

မှုကြောင်းသော်လည်းကောင်း ၊လမ်းဘေးတစ်နေရာရာမှ ရုတ်တရက် တိရစ္ဆာတစ်ကောင်ကောင် ပြေးထွက်လာလို. ရှိရင်ဘယ်လို

ဖြေရှုင်းမလဲဆိုကိုတာတွေးရင်း အိပ်ချင်လာသောကြောင့် မျက်လုံးလေးမှေးကာ လိုက်ပါခဲ့သည် ။( မှတ်ချက် ...

ကျွန်မတို.ငှါးစီးလာသော ကားမှာ Town ace အမျိုးအစားဖြစ်ပြီး ကျွန်မတို.ကားကို ကျော်တက်သွားသောကားမှာ

TOYOTA LAND CRUISER PRADO  လို.တော့ ခန်.မှန်းမိပါသည် ။)

 

အဲဒီလိုနဲ. ညနေမိုးချူပ် ရှစ်နာရီလောက်မှာ မန္တလေးကို ရောက်လေသည် ။မီးရထား ဘူတာကြီးအရှေ့ရှိ ခပ်ညံ့ညံ့ဟော်တယ်တစ်ခုမှာ

ဖြစ်သလိုပဲ တည်းခိုလိုက်ကြပါသည် ။နောက်နေ.မနက်ပိုင်းကို မန်းပေါက်ဆီ လက်ဖက်ရည်ဆိုင်မှာ မနက်စာစားကြပြီး နေ.လည်တစ်ခု

လုံး စတိုးဆိုင် ၊စူပါးမားကတ်တွေမှာ လျှောက်လည်ပြီး ဈေးဝယ်ထွက်ဖြစ်ပါတယ် ။နောက်ပြီး နေ.လည် ၂နာရီကျော်ကျော်မှာ ကား

ဆရာမှ အစ်မတို. ဘယ်နေရာလျှောက်လည်ချင်သေးလဲ ပြင်ဦးလွင်ကို သွားဖို.က စောနေသေးတယ် ။ဒါကြောင့် အချိန်ရှိနေသေးတုန်း

ဘယ်နေရာတွေ သွားချင်ပါသလဲ ဆိုတော့အားလုံးမှာ မန္တလေးကို တစ်ခေါက်မှ မရောက်ဖူးတဲ့ သူတွေဆိုတော့ ဘယ်သွားရမှန်းမသိပါ

ဘူးလို. ကျွန်မမှပြန်ဖြေလိုက်တဲ့အခါ ကားဆရာမှ ဒါဆိုရင် မြနန်းစံကျော်ရွှေနန်းတော်ကို သွားလည်မလားဆိုတော့ ကျွန်မမှာ အင်း ...

ကားဆရာသဘောပဲ ဆွဲဆရာရေ လို.နောက်လိုက်သောအခါ ကားဆရာမှာ ဘာကိုသဘောကျသွားလဲတော့ မပြောတတ်ပါ ။ဟား ...ဟား...ဟား ဆိုပြီး အသံထွက်ကာရယ်နေတော့သည် ။အဲဒီမြနန်းစံကျော်ရွှေနန်းတော်ကို ရောက်တဲ့အခါ ဂိတ်မှာ ကားကိုရပ်ခိုင်းပြီး

စစ်တပ်ဝတ်စုံနဲ. လက်ပတ်မှာ သုံးရစ်နဲ. စစ်သားတစ်ယောက်ထွက်လာပြီး ကျွန်မတို.ကားကို စစ်ဆေးပါတော့လေသည် ။

 

စစ်တပ်ကြပ်ကြီး ... (ကားထဲရှိလူတွေအားလုံးကို ကား ဒရိုင်ဘာဘက်အခြမ်းမှာ ရပ်ပြီး ဝေ့ကြည့်လိုက်ကာ ကားမောင်းဆရာအား)

နိုင်ငံခြားဧည့်သည်တွေမပါဘူးနော် ။

ကားဆရာ ..... ဟုတ် ။

စစ်တပ်ကြပ်ကြီး ... ဒါဆိုရင် မှတ်ပုံတင်တွေပြပါ ။

ကားဆရာ ... အစ်မတို. မှတ်ပုံတင်တွေ ထုတ်ပေးလိုက်ကြပါ ။

အဲဒီမှာ စတွေ.တော့တာပဲ ။ကျွန်မတို.အဖွဲ.အားလုံးမှတ်ပုံတင်ကို မနေ.ညတုန်းက အဖွဲ.ခေါင်းဆောင်လို.ပြောလိုရတဲ့ ကျွန်မရဲ.

အဒေါ်ဖြစ်သူ ဒေါ်မို.မို.ကျော်မှာ ဟော်တယ်မှာ မှတ်ပုံတင်အားလုံးကို ပေးထားခဲ့ပြီး အခုလို မနက်ပိုင်းမှာ အပြင်ထွက်လျှောက်

လည်တာကို မြို.ထဲ့ပဲဆိုပြီး ဟော်တယ်မှ မှတ်ပုံတင်ယူလာရန် မေ့ခဲ့လေသည် ။ဆိုတော့ကာ ........

ကျွန်မ အဒေါ်မှ ကားဆရာအား အိုး ... ဒုက္ခပဲ ကျွန်မ မှတ်ပုံတင်ယူလာဖို.မေ့သွားတယ်လို.ပြန်ဖြေတော့ ထိုတပ်ကြီးလဲကြားနေ

ရသောကြောင့် ကျွန်မအဒေါ်အား အစ်မတို.ကားက မိသားစုကိုယ်ပိုင်ကားလား ၊ငှါးလာတဲ့ကားလားဆိုပြီးမေးတော့ ကျွန်မမှ ကြား

ဖြတ်ပြီး ငှါးလာတာပါဆရာ ဟုပြန်ဖြေလိုက်ပါသည် ။ထိုအခါ စစ်ဆေးတဲ့ တပ်ကြပ်ကြီးမှ ကားဆရာအား ခင်ဗျား ခဏလောက်

ကားပေါ်ကဆင်းပေးပါ ဆိုပြီး သူတို.ဂိတ်သို. ခေါ်သွားလေသည် ။တစ်အောက်နေအကြာမှာ ကားဆရာပြန်ရောက်လာပြီး ကျွန်တော်

တို.သွားလို.ရပြီးဆိုကာ ကားစက်နှိုးလိုက်ပြီး မြနန်းသို.ကားလေးအားမောင်းလေသည် ။ဂိတ်နဲ.ခပ်လှမ်းလှမ်းရောက်တော့မှ ကားဆရာ

မှာဒေါသအသံနဲ. ခွေးမသားတွေ ရစ်နေလို. ပိုက်ဆံ သုံးထောင်ပေးလိုက်မှ အဆင်ပြေသွားတယ်လို. ပြောလာသောကြောင့် ကျွန်မမှ

အိုး ... ဒါဆိုရင် ကျွန်မတို.ဘက်ကမှားတဲ့အတွက် အဲဒီပိုက်ဆံသုံးထောင်အလျှော်ပြန်ပေးပါတယ်ဆိုတော့ ကားဆရာမှာ ရပါတယ်

မလိုပါဘူးဗျာလို. ပါးစပ်ကပြောနေပေမဲ့ လက်ကတော့ လှမ်းယူလို.နေပါပြီး ။ပြီးမှကားဆရာက အစ်မတို.ကံကောင်းသွားတယ် ။

တကယ်လို. အစ်မသူငယ်ချင်းကို နိုင်ငံခြားသူသာသိသွားရင် ပိုရစ်မှာဆိုပြီး ပြောတော့မှ ကျွန်မမှ ရှင့်ကို ကျေးဇူးတင်ပါတယ် ။ရှဲရှဲနီ

ရှဲရှဲနှီ ဆိုပြီး လက်ကလဲ အလေးပြုတဲ့ ပုံစံလေးလုပ်ပြကာ ပြောလိုက်တော့မှ အားလုံးဝါးကနဲ. ပွဲကျသွားပါတော့လေသည် ။

( မှတ်ချက် ... ကားဆရာမှာ ရန်ကုန်မှ ကျွန်မတို.ရဲ. အဒေါ်ဖြစ်သူ ဒေါ်မို.မို.ကျော်တို.ရဲ. တိုက်ခန်းနဲ.ကပ်လျက် ရင်းနှီးကြသောကြောင့်

စင်းလုံးငှါးလာတဲ့ မိသားစုပုံစံနဲ. ခရီးထွက်လာတာဆိုတော့ လမ်းမှာလဲ ကျွန်မနဲ. ကျွန်မသူငယ်ချင်းတရုတ်မတို. တရုတ်လိုပြောလာတာ

ကိုကြားတဲ့အတွက် ကျွန်မမှ ဟောင်ကောင်က ကျွန်မသူငယ်ချင်းလို.ပြောပြခဲ့ဖူးတဲ့အတွက် ထိုကားဆရာမှ သိနေရခြင်းဖြစ်ပါသည် ။)

အထက်ပါ အဖြစ်အပျက်များသည် ၂၀၁၂ ခုနှစ်မှာ ဖြစ်ခဲ့တာပါ ။ဆိုတော့ကာ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလို.ပြောလို.ရပါတယ် ။

စစ်တပ်မှ ဘောင်းဘီချွတ် လုံချည်ပြောင်းဝတ်ထားတဲ့ ဦးသိန်းစိန် အစိုးရရဲ. Good Government , Clean Governance

လို.အမြဲတမ်းကြွေးကြော်နေတဲ့ အရပ်ဘက်အစိုးရဆိုပြီး အခုတော့ ကျွန်မတို.မှာ မြန်မာငွေကျပ်သုံးထောင်နဲ. (၀င်ကြေးပေးရတဲ့ငွေမပါ)

ဝင်လည်ရသလို ဖြစ်သွားပါသည် ။ထိုငွေသုံးထောင်ကလဲ ရဲတစ်ယောက်က တောင်းတာမဟုတ်ဘဲ စစ်တပ်မှ

စစ်နီဖောင်းဝတ်စုံကို ၀တ်ဆင်ထားတဲ့ တပ်ကြပ်ကြီးတစ်ယောက်က သူတို.အဖွဲ.အတွက်ဦးဆောင်ပြီးတောင်းသွားတာပါ ။

ကျွန်မတို.မှာ လမ်းတစ်လျှောက်လုံး ဘာစစ်ဆေးမြန်းမေးတာမရှိ ၊ဘာဂိတ်မှ မှတ်ပုံတင်စစ်ဆေးတာမခံရဘဲ 

မြနန်းစံကျော်ရွှေနန်းတော်ရောက်မှ နေ.ခင်းကြောင်တောင် ပိုက်ဆံသုံးထောင် ဓါးမြ တိုက်တာခံခဲ့ရပါတယ် ။      

ကျွန်မရဲ. ထုံးစံအတိုင်း ညည်းဆိုရမဲ့ စကားလေးတစ်ခွန်းကတော့ ဘာတဲ့ ..... အလွဲများနဲ. ကျွန်မလား ၊

အလွဲများနဲ. မြနန်းစံကျော်ရွှေနန်းတော်လားဆိုတာတော့ ကျွန်မကိုယ်တိုင်လဲ မသိတော့ပါ ။   

ရန်ကုန်သို. အလည်တစ်ခေါက် ........

ရန်ကုန်မြို.သို. ကျွန်မဟောင်ကောင် မပြန်ခင်သုံးရက်လောက်အလိုမှ ပြန်ရောက်ဖြစ်တာဆိုတော့ ရန်ကုန်မြို.နဲ.

အလွဲများရေးရန် ရေးစရာမရှိသလောက်ပါဘဲ ။ဒါပေမဲ့ ရောက်ဖူးသူများသိတဲ့အတိုင်းပဲ ရန်ကုန်မြို.ထဲဆိုရင် လမ်း

လျှောက်ရတာ ပလပ်ဖောင်းတွေ တော်တော်လေးကို ပျက်စီးနေပြီး ချိုင့်တွေဖြစ်နေတာ ၊လွန်စွာ ညစ်ပတ်လှသော

ကွမ်းတံသွေးများ နှင့်ဖြစ်နေသော ရန်ကုန်မြို.ကိုတော့ အများသိရှိကြတဲ့အတိုင်းပါပဲ ။တစ်နေရာမှာတော့ ကျွန်မ

မှတ်မိတာကတော့ စမ်းချောင်း(မြေနီကုန်း) လမ်းနာမည်ကလဲ စမ်းချောင်းလမ်းမှာလို. ထင်ပါတယ် ။အဲဒီမနက်

ကျွန်မရယ် ၊ဟောင်ကောင်က ကျွန်မသူငယ်ချင်းတရုတ်မလေးရယ် ၊ကျွန်မအဒေါ် ဒေါ်မို.မို.ကျော်ရယ် ၊ကျွန်မ

ဦးလေး ဦးထက်အောင်(ဒေါ်မို.မို.ကျော်ရဲ. အမျိုးသား) ရယ် ၊သူတို.ကလေးနှစ်ယောက် ( ကျွန်မရဲ. တူ၊တူမ)ရယ်

အားလုံပေါင်း ခြောက်ယောက်သားမှာ စမ်းချောင်းရှိ ဒေါ်တင်တင်အေး မုန်.ဟင်းစားဆိုင်မှာ မနက်စာ စားကြပြီး

စမ်းချောင်းလမ်းအတိုင်း လမ်းပြန်လျှောက်လာရင်း လမ်းတစ်နေရာတွင် ဦးထက်အောင်မှ ကွမ်းယာစားချင်တာ

ကြောင့် ကွမ်းယာဆိုင်တစ်ခုမှာ ကွမ်းယာဝင်ဝယ်လေသည် ။ထိုဆိုင်မှာ လူအတော်များများ ကွမ်းယာဝယ်စားနေ

သောကြာင့် ရောင်းကောင်းသော ဆိုင်လို.သတ်မှတ်လို.ရပါတယ် ။ကျွန်မတို.မှာလဲ ဘေးနားကနေ ကြည့်နေတာပေါ့ ။

ဦးလေးထက်အောင် ကွမ်းဝယ်ပြီး ဆိုင်နဲ. ခပ်လှန်းလှမ်းလဲရောက်ရော မိန်းကလေးတို.သဘာဝအရ စပ်စုတတ်သော

ကြောင့် ကျွန်မသူငယ်ချင်းတရုတ်မလေးမှ မေးမြန်းလာလေသည် ။ခုနတုန်းက အဲဒီမုန်.ဆိုင်ကလေးမှာ လူနှစ်ယောက်

ရှိတာ တစ်ယောက်က မုန်.လုပ် ( ကွမ်းယာ ယာတာကို သူမ မပြောတတ်တာကြောင့် မုန်.လုပ်ဆိုပြီးပြောတာ) နောက်

တစ်ယောက်က ပိုက်ဆံသိမ်းပေါ့တဲ့ ။ကျွန်မက ဘာဖြစ်လို.လဲဆိုပြီးပြန်မေးတော့ သူမက အင်း ... ညစ်ပတ်လိုက်တာ

မုန်.လုပ်လိုက် (ကွမ်းယာ ယာလိုက် ) ပိုက်ဆံကိုင်လိုက်နဲ. ၊ပိုက်ဆံကိုင်ပြီး ကွမ်းယာ ယာလိုက်နဲ. ရွံစရာကြီးဆိုပြီး ပြော

လေသည် ။ကျွန်မလဲ အခုမှ သူပြောတာကို စဉ်းစားမိတော့တယ် ။ဟုတ်သလိုလိုတော့ ရှိသားပဲ ။ကျွန်မမှာ မြန်မာပြည်မှာ

မွေး မြန်မာပြည်မှာပဲ အရွယ်ရောက်ခဲ့တော့ မြင်နေကြဆိုတော့ အထူးအဆန်းမဟုတ်ပေမဲ့ အခုတရုတ်မလေးမှာ အခုမှ

မြန်မာပြည်ကို ပထမဦးဆုံးရောက်လာတဲ့ ဧည့်သည်ဆိုတော့ သူမ မျက်စီမှာ အဆန်းသွားဖြစ်နေတာ မှန်နေပါတယ် ။

ဘာဖြစ်သလဲဆိုတော့ ခုနက သူမပြောတဲ့ စကားကို ကျွန်မ ပြန်စဉ်းစားလိုက်တော့ ကွမ်းယာ ယာတဲ့လက်နဲ. ပိုက်ဆံကိုင်

လိုက်တယ် ၊ကွမ်းယာ ယာပြန်တယ် ။ဆိုတော့ကာ ပိုက်ဆံဆိုတဲ့အရာဟာ လူတိုင်းကိုင်တဲ့ ပစ္စည်းဆိုတော့ အလွန်ပဲ

ညစ်ပတ်သော အရာပါ ။ပိုဆိုးတာက အဲဒီလို သာမန်လမ်းဘေးဆိုင် ကွမ်းယာဆိုင်ဆိုတော့ ပိုက်ဆံအသေးများ ( နှစ်ရာတန် ၊

တစ်ရာတန်) တွေများတာကြောင့် ပိုပြီးညစ်ပတ်တဲ့ ပိုက်ဆံကို ကိုင်လိုက် ကွမ်းယာ ယာရန် ကွမ်းရွက်ကိုင်လိုက်နဲ. လာဝယ်

တဲ့ လူတွေကလဲ မြင်နေပါသော်လည်း မထူးဆန်းသလို မြင်နေကြဆိုတော့ ဘာမှမဖြစ်သလို သူတို.ရဲ.လက်ပေပေ

နဲ. လှမ်းယူပြီးစားလိုက်နဲ. ဖြစ်နေတာကို ကျွန်မလဲ အခုမှပဲ စဉ်းစားမိတော့တယ် ။မတတ်နိုင်ဘူးလေ မြန်မာနိုင်ငံဆိုတော့

ဒီလောက်တော့ရှိပေါ့ ။(မှတ်ချက် ...... အထက်ဖော်ပြပါ ရန်ကုန်မြို.ထဲတွင် လွန်စွာညစ်ပတ်သည်ဟု ပြောခဲ့သူမှာ ကျွန်မ

မဟုတ်ဘဲ ကျွန်မ သူငယ်ချင်းဟောင်ကောင်က တရုတ်မလေး ဝေဖန်ခဲ့ဖြစ်ကြောင်း ပြောပါရစေ ။ကျွန်မကတော့ ဘာပြော

စရာရှိမှတုန်း မြန်မာနိုင်ငံမှာမွေး ၊ မြန်မာနိုင်ငံမှာကြီးလာတဲ့သူဆိုတော့ ။) အဲဒါပြီးတော့ မကာအိုမှ ကျွန်မရဲ. သူငယ်ချင်း

တစ်ယောက်မှ ထူးထူးဆန်းဆန်း  ခုံဖိနပ်မှာကြားလိုက်လေသည် ။

ဆိုတော့ ကျွန်မမှ ရန်ကုန်မြို.ထဲရှိ ဖိနပ်ဆိုင်များသို. ကျွန်မတို. သူငယ်ချင်းတစ်အုပ် ခုံဖိနပ် ရှာပုံတော်ဖွင့်ရလေတော့သည် ။ဖိနပ်ဆိုင်ရှိ အမေးခံရသော ဈေးရောင်းသူများမှာ ကျွန်မတို.ရဲ. ၀တ်စားပုံ ၊ပြင်ဆင်ပုံစံ အလန...်းလေးတွေကို ကြည့်လိုက်ကြပြီး အောက်ပါအတိုင်း သူတို.တွေ မေးခွန်း ပြန်ထုတ်ကြပါသည် ။..... အာ အမတို.စီးကြဖို.လား ။..... ဟာ အမတို. ဒီမှာဈေးရောင်းမကောင်းရတဲ့ကြားထဲ လာနောက်မနေပါနဲ. ။..... အိုး အမတို.က ဘယ်နှယ့် ခုံဖိနပ် ၊အခုခေတ်က ဘယ်သူစီးကြမှာတုန်း ။အစရှိသဖြင့် ထူးဆန်းသတ္တ၀ါလေးတွေ ပေါက်ကရလာမေးနေကြတယ်လို. ထင်ကုန်ကြလေသည် ။မတတ်နိုင်ဘူးလေ မှာတဲ့သူက ပေါက်တက်ကရမှာတာကို ဒီကလူက ကတိပေးပြီးသားဖြစ်နေတဲ့အတွက် ဆက်ရှာအုံးပေတော့ ။ဖြစ်ချင်တော့ မြေနီကုန်းရှိ ကျွန်မသူငယ်ချင်းတစ်ယောက်က မြေနီကုန်းဈေးတန်းလမ်းမှာ ညည်းတို.လိုချင်တဲ့ ခုံဖိနပ်တွေရှိတယ်ဆိုပြီး သတင်းပေးမှု.ကြောင့် ကျွန်မတို. အဖွဲ.တွေ ထိုမြေနီဈေးတန်းလမ်းရှိ ကုန်စုံဆိုင်လေးသို. ချီတက်ကြလေတော့သည် ။အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးခန်. ဆိုင်ရှင်အဒေါ်ကြီးမှ ဆိုင်အနောက်ဘက်မှ ၀ါးခြင်းတောင်းလေးဖြင့်ထည့်ထားသော ဆယ်ရံကျော်ကျော်လေးသာ ရှိသော ကျွန်မတို.လိုချင်သော ခုံဖိနပ်များကို ထုတ်ယူလာပါသည် ။ထို.နောက် ထိုဆိုင်ရှင်မှ ညီမလေးတို. လိုချင်တဲ့ ခုံဖိနပ်တွေ ဒါအကုန်ပဲ လို.ပြောပြီး ကြိုက်တာတွေ ရွေးပေတော့ဟု ပြောလာသောအခါ ကျွန်မမှ အနီးနားရှိ သူငယ်ချင်းဖြစ်သူ သူရစိုးအား ဟဲ့..သူရ နင်စီးစမ်းကြည့်ပါ တော်မတော်ဆိုပြီး စီးခိုင်းရလေသည် ။ကျွန်မမှ စိတ်ကြိုက်ရွေးပြီး ဒီ အ၀ါရောင်လေးက တစ်ရံ ၊ဟောဒီ အနီရောင်လေးက တစ်ရံ နှစ်ရံယူမယ်ဆိုပြီး ကျသင့်ငွေအား ရှင်းပေးလိုက်လေသည် ။ထို ခုံဖိနပ်လေးများအား ထုတ်ပိုးနေသော ဆိုင်ရှင်အဒေါ်ကြီးမှ ညီမလေးတို. စပ်စုတယ်လို. မထင်နဲ.နော် ။ဒီဖိနပ်လေးတွေက ညီမလေးတို.စီးဖို.တော့ မဟုတ်လောက်ပါဘူးနော်ဆိုပြီး မေးလာပါသည် ။ထိုအခါ ကျွန်မမှ ဟုတ်တယ် အန်တီရေ..... နိုင်ငံခြားမှာ ရောက်နေတဲ့ ကျွန်မသူငယ်ချင်းက မှာလို. လက်ဆောင်ပေးဖို.ပါ ။ကျွန်မလဲ အဲဒီနိုင်ငံမှာနေပြီး နောက်အပတ်ကို ပြန်တော့မှာဆိုတော့ ဆိုင်ရှင်အဒေါ်ကြီးမှ သြော်...... အန်တီ ဒီအသက်အရွယ်ထိရောက်လာတာ အခုထိ နိုင်ငံခြားတစ်နိုင်ငံကိုမှ မရောက်ဖူးသေးဘူး ။အင်းလေ...သက်ရှိမပြောနဲ. သက်မဲ့တောင် သူကုသိုလ်နဲ. သူပါပဲလား ။နိုင်ငံခြားကို သွားပေအုံးတော့ ခုံဖိနပ်လေးရေ ဆိုပြီး ထုပ်ပြီးသွားသော ခုံဖိနပ်နှစ်ရံလေးအား ကျွန်မရဲ. လက်ထဲသို. ထည့်ပေးလေသည် ။ထိုအခါ ကျွန်မမှ မထိတထိလေးပြုံးရုံလေးပြုံးလိုက်ပြီး အောက်ပါအတိုင်းပြန်ပြောလိုက်သောအခါ ထိုဆိုင်ရှင်အဒေါ်ကြီးမှာ ကျွန်မအား အံ့အားသင့်စွာဖြင့် စိုက်ကြည့်ရင်း ကျန်ခဲ့လေသည် ။ဟုတ်ကဲ့ အန်တီရေ... ကျွန်မ သူတို.လေးတွေကို သေသေချာချာ စောင့်ရှောက်ပါမယ် ။မှာကြားလိုက်တဲ့ သူငယ်ချင်းကိုလဲ သေတပန် သက်တဆုံး အိုအောင်မင်းအောင် ပေါင်းသင်းပေးပါနော် ဆိုပြီး မှာပေးပါ့မယ် လို.ပြန်ဖြေလိုက်ပါသည် ။( မှတ်ချက် ။ ။ တစ်ရံကိုတော့ အခုစာဖတ်နေသူ အား မြန်မာပြည်ကအပြန် လက်ဆောင်အဖြစ်ပေးချင်သလို ပိုနေသေးတဲ့ တစ်ရံကိုတော့ သေတပန် ၊သက်တဆုံးပေါင်းသင်းမယ်လို. ကတိပေးနိုင်တဲ့သူ လိုချင်သူအား ကျွန်မမှ ၂၀၁၅ ခုနှစ်သင်္ကြန်အတွက် လက်ဆောင်အဖြစ်ပေးချင်ပါသည် ။)

အင်း ... ဒီတစ်ခါတော့ အလွဲများနဲ. ကျွန်မ မဟုတ်သလို အလွဲများနဲ. ရန်ကုန်မြို.လဲ မဟုတ်ပါကြောင်း ပြောကြားလိုက်ရင်း

ကျွန်မရဲ. မြန်မာပြည်သို. ခရီးသွား မှတ်တမ်းဆိုတဲ့စာများကို ဒီနေရာမှတင် အဆုံးသတ်လိုက်ပါတယ် ။

Written By:
THIDA MOE PHYU ( Macau / Hong Kong )

 

Discussion

on 01/01/0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← တစ်ခါတုန်းက လေးစားခဲ့ရသော ဆရာ   Return to blog   ၂၀၁၄ ခုနှစ်အတွက် ကျွန်မရဲ. ပံ… →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.