တစ်ခါတုန်းက လေးစားခဲ့ရသော ဆရာ
Posted on 13/12/2012 by
thidange
သတိပေးချက်။ ။ခြေနှစ်ချောင်း ၊နားရွက်တို ရှိတဲ့ လူမှန်သမျှအားလုံးဖတ်၈ှုခွင့်ရှိသည် ။
ကျွန်မရဲ. ၂၀၁၂ ခုနှစ်အတွက် ပုံပြင်လေးတစ်ပုဒ် ဆိုတဲ့ ခေါင်းစဉ်ပါ Blog လေးတွင်
ကိုမင်းထက်ဆိုတဲ့ DoeMyanmar ရှိ သူငယ်ချင်းတစ်ဦးမှ ဤကဲ့သို. Comment
ရေးသားလာပါသည် ။
'' မသီတာငယ်၊ ဒီနေရာမှာပဲ ပြီးအောင်မရေးတာလဲ၊ တခြားနေရာဆိုတော့ သွားရဒါ
အလုပ်ရှုတ်တာပေါ့၊ ဒီမှာပဲ အပြီးရေးပေးပါနော် ။ ''
ဘာကြောင့် အပြီးမရေးဘဲ ရပ်ထားရသလဲ ဆိုတာကို VZO မှ သူငယ်ချင်းများအား
သိရှိစေရန် အောက်ပါအတိုင်း ကျွန်မရဲ. Post အသစ်လေးကို ရေးသားလိုက်ပါတယ် ။
--- မော်လမြိုင်မြို.ရှိ အ.ထ.က (၆) တွင် ကျွန်မခုနှစ်တန်းနှစ် မှာ
သမိုင်း ဆရာ ဦးအောင်သန်း ဆိုတဲ့ ကျွန်မရဲ. ( My favourite teacher )
ဖြစ်တဲ့ ဆရာကောင်းတစ်ယောက် ရှိခဲ့ပါတယ် ။
ထိုဆရာမှာ အသားမည်းကာ အရပ်ပုပြီး မြန်မာလူမျိုး တစ်ယောက် ဖြစ်
ပါသည် ။ကျွန်မတို. နယ်မြို.ရှိ ကျောင်းများမှာ ရန်ကုန်ကလို နေ.ပိုင်း ၊
ညပိုင်း ဆိုပြီး မခွဲထားပါ ။မနက် ၉း၀၀ နာရီမှ ညနေ ၃း၁၅ ထိတောက်
လျှောက်တက်ရပါသည် ။(နေ.လယ် ၁၂း၁၅ မှ ၀၁း၀၀ ထိသာ နေ.လယ် စာ
( Lunch time<or> Meal break ) ၄၅ မိနစ်သာပေးပါသည် ။ဆိုတော့.....ဘာသာရပ်တစ်ခု ဟာ
တစ်ပတ်ကျောင်းတက်ရက် ငါးရက်မှာ တစ်ရက်လျှင် ၄၅ မိနစ်သာရှိ ခဲ့ပါသည် ။
( စနေ ၊တနင်္ဂနွေ နှစ်ရက် ကျောင်းပိတ်ပါသည် ။)
ဥပမာ ။ ။ အချိန်စာရင်းရဲ. သမိုင်းဘာသာရပ်ဟာ တနင်္လာမှာ ၀၉း၄၅ မှ
၁၀း၃၀ ဆိုရင် ဗုဒ္စဟူးနေ.မှာ ၀၁း၄၅ မှ ၀၂း၃၀ ဖြစ်ပါသည် ။တစ်ပတ်မှာ
အထူးပြုဘာသာရပ်မှာ အလွန်ဆုံး လေးရက်ပါ ။( ချွင်းချက်အနေနဲ.
မြန်မာဆရာမက မြန်မာစာအချိန်မှာ အစည်းအဝေးတို. ဘာတို. ရှိခဲ့
လျှင် တစ်ခြားဘာသာပြ ဆရာတစ်ဦးဦးက ၀င်ရောက် သင်ကြားပေး
ပါသည် )။ ထားလိုက်ပါတော့.........လိုရင်းအားပြန်ရေးပါမည် ။
ထိုသမိုင်းဆရာဟာ ကျွန်မဘာကြောင့် ( Favourite ) ဖြစ်ရသလဲ
ဆိုတော့ အများနှင့် မတူ ထူးထူးခြားခြား ပြုမူကာ စာသင်ကြားသော
ကြောင့် ဖြစ်ပါသည် ။ကျွန်မရဲ.ဘ၀မှာ သူငယ်တန်းမှ ဆယ်တန်းအထိ၊
နောက်ပြီး တက္ကသိုလ်ထိတိုင်အောင်သော်လည်းကောင်း ၊ကြားထဲတွင်
ကွန်ပြူတာသင်တန်းဆရာ ၊အင်္ဂလိပ်စကားပြောသင်ဆရာ ၊တရုတ်
ဘာသာစကားပြောသင်တဲ့ ဆရာ ၊ဗီဒီယိုတည်းဖြတ်ရေး သင်တန်း
ဆရာ အစရှိသဖြင့် ဆရာပေါင်းများစွာကို တွေ.ခဲ့ဖူးသော်လည်း ထူးထူး
ခြားခြားပဲ ဆရာ ဦးအောင်သန်းကိုတော့ မေ့လို.မရနိုင်ပါ ။
ဆရာရဲ.ထူးခြားချက်များမှာ............................... ..................
ဆရာသည် အတန်းထဲ့သို. ၀င်လာလာခြင်း မတ်တပ်ရပ် နှုတ်ဆက်သော
ကျောင်းသူ ၊ကျောင်းသားများကို လက်ဖြင့် ပြန်လည်ထိုင်ရန် အမူအရာ
ပြပြီးတဲ့နောက်မှာ အတန်းရဲ. အရှေ့ဆုံးရှိ ဆရာများသာထိုင်တဲ့ စားပွဲတစ်ခု၊
ကုလားထိုင်တစ်ခု ရှိ ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီးတဲ့နောက် စကား
တစ်ခွန်းမှ မပြောတော့ပဲ ၅မိနစ် ၊၁၀ မိနစ်ခန်. ထိုင်နေတတ်ပါသည် ။
( တစ်ခါ တစ်ရံ ပြတင်းပေါက် အပြင်ဖက်သို. ငေးမောတွေးဝေနေကာ
စီးကရက် တစ်လိပ်ထုတ်ကာ သောက်နေတတ်ပါသည် ။ )
အဲဒါပြီးမှ ၄င်းသည် မတ်တပ်ရပ်လိုက်ပြီး စာကလေးများ အစာလုစား
နေကြသလို ဆူညံ့နားညီးစွာ စကားပြောနေကြသော ကျောင်းသူ ၊
ကျောင်းသားများဖက်လှည့်ကာ '' ကဲကဲ....စကားပြောကြလို.ပြီးပြီ
လား မပြီးသေးရင်ဆက်ပြောနော် ဆရာစောင့်ပေးမယ် ဘာမှအားမနာ
နဲ.ဟု '' ဆိုကာ အစချီပြီး စာမသင်ဘဲ စာနှင့်လည်း မပတ်သက်သော
ပုံပြင်များအား ပြောလေတော့သည် ။
ဆရာပြောသော ပုံပြင်များမှာ ကြောက်စရာကောင်းသလို ၊ထိတ်လန်.စရာ
လဲရှိပြီး ၊စိတ်ဝင်စားစရာ အမူအရာနှင့် ပြောနိုင်သောကြောင့် ကျောင်းသူ ၊
ကျောင်းသားများမှာ တိတ်ဆိတ်စွာဖြင့် ဆရာ့ရဲ. ဆွဲဆောင်မှုရှိလှသော
ပုံပြင်များအား နားထောင်တတ်ကြပါသည် ။ဆရာသည် ထိုသို.ပြောနေရင်းမှ
ဇာတ်ရှိန်ကောင်းသော (Tempo ) နေရာရောက်လာသောအခါ ဆရာမှ
'' ကဲကဲ.....ကလေးတို. ကြောက်နေပါ့မယ် ၊အချိန်လဲ သိပ့်မရှိလေတော့
စာသင်တော့မယ် ဟု '' ဆိုကာ ပုံပြင်ပြောဆိုခြင်းအား ရုတ်တရက် ရပ်လိုက်ကာ
စာသင်လေတော့သည် ။ထိုအခါ ကျောင်းသူ ၊ကျောင်းသားများမှာ ဆရာ....
ပုံပြင်လေး ဆက်ပြောပါ ....သမီးတို. မကြောက်ပါဘူး ။ဆရာရေ ပြီးအောင်
ဆက်ပြောပါ ဟု အားလုံးမှာ ဆူညံ့စွာ တောင်းဆိုကြသော်လည်း ဆရာမှာ
ပုံပြောခြင်းအား ရပ်နားလိုက်ကာ နောက်နေ.မှပဲ ပြောတော့မယ်ဟု ဆိုကာ
စာသင်ပါတော့လေသည် ။
နောက်တစ်နေ. ၄င်းအချိန်တွင် ထိုကဲ.သို.ပဲနောက်ထပ် ပုံပြင်အသစ်တစ်ပုဒ်
ထပ်ပြောကာ အလယ်တစ်ဝက်လောက်မှာ ရပ်လိုက်သောကြောင့် ဆရာ့ရဲ.
ပုံပြင်ဟာ ဘယ်သောအခါမှ မထပ်သလို ၊ဘယ်သောအခါမှလဲ ဆုံးအောင်
မပြောခဲ့ပါ ။နောက်ထပ်ဆရာ့ရဲ. ထူးခြားချက်မှာ....................................
အထက်တွင် ကျွန်မဖော်ပြခဲ့သလို ဆရာ့ရဲ. သမိုင်းအချိန်ဟာ မနက်ပိုင်းမှာ
ရှိသလို ၊ ညနေပိုင်းလဲ ရှိပေမဲ့ ဆရာဟာ မနက်ပိုင်းမှာ ပုံပြင်ပြောဆြိုပီးတာနဲ.
စာသင်တတ်ကာ ညနေပိုင်းမှာ ဘယ်တော့မှ စာမသင်ဘဲ စာသာနုတ်ပါသည် ။
စာဖြေဆိုခိုင်းပုံမှာ ဆရာမှ ကျောက်သင်ပုန်းအား ကြိမ်လုံးဖြင့် တဖျန်းဖျန်းရိုက်
ကာ ၄င်းမှ တပည့်တို. လူရိုင်းတွေ ယာဇ်ပူဇော်တဲ့အခါမှာ ထိုယာဇ်ပူဇော်ခံရတဲ့
ဟာကို ဗုံတွေတီး ၊သီချင်းတွေဆိုကာ လုပ်လေ့ရှိတယ် ။ဆရာကလဲ အဲဒီလိုပဲ
ဆရာ စာမေးတဲ့အခါ မေ့တာတို. ၊ရပ်ပြီး စဉ်းစားတာတို. မရှိစေပဲ တောက်
လျှောက်ဆိုမှသာ ကြိုက်တယ် ။ဆရာရဲ. အယူအဆကတော့ စာရတဲ့လူဆိုရင်
တောက်လျှောက်ဆိုနိုင်ရမယ် ။ကဲ......ယာဇ်ပူဇော်ပွဲကြီး စတင်ပါပြီး ဟုဆိုကာ
ဆရာရဲ. စားပွဲပေါ်သို. ညာဖက်အခြမ်းကို ယောင်္ကျားလေးများ
စာအုပ်ကို ပုံထားခိုင်းပြီး ၊ ဘယ်ဖက်အခြမ်းကိုတော့ မိန်းကလေးများ စာအုပ်အား
ထပ်ထားခိုင်းပြီး ယခုခေတ်ကံစမ်းမဲ နှိုက်သလို ထိုစာအုပ်ပုံများထဲမှ ၄င်းကြိုက်
နှစ်သက်ရာ စာအုပ်တစ်အုပ်အား ဆွဲယူလိုက်ကာ ထိုကံဆိုးသူအား အတန်းရဲ.အရှေ့သို.
ထွက်လာခိုင်းပြီး ဆရာမေးချင်းတဲ့စာအား ဖြေဆိုခိုင်းလေတော့သည် ။
အချို.သော သူမှာ စာဆိုနေရင်း တစ်ဝက်မှာ စာမေ့သွားလို. စဉ်းစားနေစဉ်
ဆရာမှ မတ်တပ်ရပ်လိုက်ကာ ၄င်းမှ ကျောက်သင်ပုန်းအား ကြိမ်လုံးဖြင့်
တဖျန်းဖျန်းရိုက်နေတော့ပါသည် ။ရိုက်တဲ့ပုံကိုလည်း ကြည့်ပါအုံး ဖြစ်သလို
ရိုက်နေခြင်း မဟုတ်ပဲ လူအားစူးစိုက်စွာ ကြည့်ပြီး သံစဉ်လေးအတိုင်း
ဖျန်း......ဖျန်း.....ဖျန်းဖျန်း......ဖျန်း ဟုဆိုကာ ၁-၁-၂-၁ ပုံစံဖြင့်ရိုက်ကာ
ခြောက်ပါတော့လေသည် ။တစ်ချို.သော ကျောင်းသားများက (Complain)
မကျေမနပ်ဖြစ်ကာ ဟာ ဆရာကလည်း ကျွန်တော်စာရပါတယ် ၊ဆရာအဲဒီလို
လိုက်ခြောက်နေလို. စာမေ့ကုန်တာပေါ့ ဟု အတွန်.တက်တော့ ဆရာမှ
အေး.....ငါ့တပည့်က ငယ်သေးတော့ လောကကြီးကို တစ်ချိန်ချိန်မှာ ဒိ့ထက်ကို
ခက်ထန်တဲ့ အရာကို ကြုံရင်ခံနိုင်ရည်ရှိအောင် ဆရာက လေ့ကျင့်ပေးတာပါ ။
တကယ်စာရတဲ့သူဟာ ဘယ်လောက်ခြောက်ခြောက် မမေ့ပါဘူး ။တရေးနိုး ထဖြေ
တောင် ဖြေဆိုနိုင်ပါတယ် ။သားအနေနဲ. မတရားဘူးထင်ရင် ဆရာမရိုက်ဘူး ။
အေး....အခုစာကို ဘယ်နေ.မှာ ဆရာ့ကို ပြန်ဆို ပေးနိုင်မလဲ ။တကယ်လို.
ဘယ်နေ.မှာမှ မဆိုချင်ဘူး ၊နောင်ကို ဆရာစာမေးတိုင်း မဖြေချင်ဘူးဆိုရင်
အခုကတည်းကပြောနော်ဆိုပြီး ဆုံးမလေသည် ။ပြီးနောက် ဆရာမှ သားစာ
မဆိုလို. ဆရာ.အနေနဲ. အလုပ်လည်းမပြုတ်သွားဘူး လစာလည်းရော့မသွားဘူး
သားစာမရတော့ သားပဲ နစ်နာမယ် ။ဆရာက သားတို.စာချည်းပဲ သင်နေရင်
ပျင်းလာပြီး စာတွေခေါင်းထဲမ၀င်မှာ စိုးလို. ပုံပြင်ပြောလိုက် ၊စာသင်လိုက် နားလိုက်
စာသင်ပေးနေတာပါနော် နောက်ပြီး သားတို. ဆရာ့ကို မကြိုက်ဘူးဆိုရင် နောက်
အပတ်ကစပြီး ဆရာ မင်းတို.အခန်းမှာ စာလာမသင်တော့ဘူး တစ်ခြားသမိုင်းဆရာမ
တစ်ယောက်ယောက် လာသင်ပေးဖို. ဆရာမကြီးကို သွားပြောလိုက်တော့မယ် ဟု
ဆိုပြီး အဲဒီနေ. ဆရာဟာ အတန်းချိန် မပြည့်သေးပဲ
ထိုကျောင်းသားလေးအား စိတ်ဆိုးသွားကာ ခပ်စောစောလေးပဲ
အတန်းထဲမှ ထွက်သွားလေသည် ။ထိုအခါ ကျွန်မတို. အုပ်စုတွေမှ
ဟဲ့ .... မောင်မောင်သက် ဟုတ်သားပဲ ၊ဆရာ ပြောသွားတာတွေက အမှန်ကြီးပဲ ဆရာ့ကို
သွားတောင်းပန်လိုက်နော် ။တကယ်လို. ဆရာ စိတ်ဆိုးပြီး ငါတို. အခန်းကို စာလာမသင်
တော့ရင် နင့်ကို သူငယ်ချင်း မလုပ်တော့ဘူး ဆိုကာဝိုင်းပြောကြတော့ ထို မောင်မောင်သက်
နှင့် ကျွန်မတို. ကျောင်းသူ ၊ကျောင်းသားများ ဆရာ၊ဆရာမများ နားနေခန်းသို. လိုက်သွားကာ
မောင်မောင်သက်မှ ဆရာအား '' ဆရာ..... ခုနက ကျွန်တော်မှားသွာပါတယ် ။ဆရာ ကျွန်တော်
တို. အခန်းကို စာမသင်ပဲတော့ မလုပ်ပါနဲ. ၊ကျွန်တော် စာရအောင်ကျက်မယ် ၊စာကြိုးစားမယ်လို.
ကတိပေးပါတယ် ဆရာ...ကျွန်တော့် အပြစ်တွေကို ခွင့်လွှတ်ပေးပါ ဟု '' ဆိုပြီး လက်အုပ်ကလေးချီကာ
ဆရာအား ကန်တော့ပါတယ် ဆိုပြီးတောင်းပန်လေသည် ။ကျွန်မတို. အားလုံးလဲ လက်အုပ်ချီကာ
ဆရာအား ကန်တော့ပြီး ၀ိုင်းဝန်းပြီး တောင်းပန်ကြလေသည် ။ထိုအခါ ဆရာမှ အေး.....အခုလို
အမှားကို သိလို. မှားတယ်လို. တောင်းပန်တာဟာ ယောင်္ကျားကောင်းတွေရဲ. အလုပ်ကွ ။
ဆရာ...သားကို အစကတည်းက ခွင့်လွှတ်ပြီးသားပါ ။အေး...ဆရာဆိုတာ ပီတိကိုသာစားတဲ့
သူတွေကွ ။ငါ့ တပည် တစ်ချိန်ချိန်မှာ ပညာတတ်ကြီးဖြစ်ပြီး မတောင့်တ မကြောင့်ကျတဲ့ ချမ်း
ချမ်းသာသာနဲ. နွေးထွေးသော မိသားစု ဘ၀မျိုးကို ပိုင်ဆိုင်ပါစေ ဟု ဆုတောင်းပေးလိုက်
အခါမှာ မောင်မောင်သက်နှင့် တကွ ကျန်တဲ့ ကျွန်မတို. သူငယ်ချင်းများမှာ ဆရာ ပေးတဲ့ဆု
နဲ.ပြည့်စုံပါစေလို.ဆိုပြီး ကန်တော့ပြီးနောက် ဆရာအား ကျွန်မတို.အားလုံး ၀ိုင်းဖက်ကြလေသည် ။
ယခုရေးသားဖော်ပြခဲ့ပြီးသော စာများသည် ၁၉၉၃ ခုနှစ်က ကျွန်မရဲ (၇)တန်း
ကျောင်းသူ ဘ၀အမှန်အား ပြန်လည်ရေးသားထားခြင်းဖြစ်ပြီး လက်ရှိတွင်
ကျွန်မ လေးစားအပ်သော ဆရာဦးအောင်သန်းမှာ လူ.ပြည်တွင် မရှိတော့ပါ ။
လွန်ခဲ့သော ၂၀၀၁ ခုနှစ်မှာလား ၊ ၂၀၀၂ ခုနှစ်မှာလား သေချာစွာ ကျွန်မလဲ
မမှတ်မိတော့တဲ့ နှစ်မှာ ဆုံးပါးသွားခဲ့ပါတယ် ။အခုလို ဆရာ့အကြောင်းကို
ရေးသားဖော်ပြခဲ့တဲ့အတွက် ဆရာရဲ. ဇနီးကိုသော်လည်းကောင်း ၊ဆရာရဲ.
မိသားစုကိုသော်လည်းကောင်း ၊ဆရာရဲ. ဆွေမျိုးသားချင်းတွေကိုသော်
လည်းကောင်း ၄င်းတို.ရဲ. ခွင့်ပြုချက် တစ်စုံတစ်ရာ မတောင်းဆိုခဲ့ဘဲ
ရေးသားမိခဲ့၍ ဒီနေရာမှ အနှုးအညွှတ် တောင်းပန်အပ်ပါသည် ။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မ မြန်မာပြည်ကို အလည်ပြန်ရောက်
ခိုက် ကျွန်မတို. မိသားစု ဘုရားဖူး ထွက်ဖြစ်ကြပါသည် ။ရှမ်းပြည်နယ် ၊
တောင်ကြီးမြို. ကိုရောက်တော့ ( MUSE HOTEL ) မှာ တည်းဖြစ်ကြ
ပါတယ် ။မနက်စာကို ဟိုတယ်က ကျွေးမွေးသောကြောင့် ကျွန်မတို.
မိသားစု မနက်စာ ( Breakfast ) ကို ဟိုတယ်က စားသောက်တဲ့
အခန်းမှာ မနက်စာစားကြပါသည် ။အဲဒီလို စားသောက်နေတုန်း
နံရံရဲ.တစ်ဖက်မှာ ကပ်ထားသော အောက်ဖော်ပြပါ စာလေးအား
အမှတ်မထင် သွားတွေ.၍ ဟိုတယ်မှ ၀န်းထမ်းများအား ခွင့်တောင်းပြီး
ဓါတ်ပုံ ရိုက်ခဲ့ပါသည် ။ထိုစာလေးမှာ.......................................
'' မလုပ်ရတာ သက်သာတယ် မထင်လိုက်ပါနဲ. ''
မိမိရဲ. အထက်လူကြီးက မိမိအား မခိုင်း၍ ပျော်နေသူများ ရှိပါတယ် ။
အလုပ်မခိုင်းတဲ့ အတွက်ကြောင့် ငါသက်သာတယ်လို. ထင်နေတဲ့သူများလည်း
ရှိတယ် ။ကိုယ့်ကိုခိုင်းတာပဲ လုပ်မယ် ၊ မခိုင်းရင်မလုပ်ဘူး ၊မိမိသက်သာဖို.ပှဲာ
လိုတယ်လို. ထင်နေသူတွေရှိတယ် ၊အလုပ်တစ်ခုပေါ်လာရင် ကိုယ့်ကို မခိုင်းဘဲ
အခြားသူကို ခိုင်းလိုက်ရင် ကိုယ်သက်သာတယ်ဆိုတဲ့ အတွေးနဲ.နေတဲ့သူများတွေ
ရှိပါတယ် ။တစ်နည်းအားဖြင့် ပြောရရင် သက်သာရင်ပြီးရော ဆိုတဲ့လူတွေ
လောကမှာ အများကြီးပါ ။သူတို.တွေးနေသလို သက်သာတာတော့ ဟုတ်ပါတယ် ။
သို.သော် ကိုယ့်မှာများစွာ ဆုံးရှုံးသွားတာကို ကိုယ်မသိလိုက်ပါ ။အခိုင်းခံရတယ်ဆိုတာ
တစ်နည်းအားဖြင့် သင်ပေးလိုက်တာဖြစ်ပါတယ် ။ပြဿနာတစ်ခုကို လက်တွေ.ကိုင်တွယ်
ခိုင်းလိုက်ခြင်း ဖြစ်ပါတယ် ။ပြောရတာလွယ်ပါတယ် ။အလုပ်တစ်ခုဟာ တကယ်လုပ်
ကြည့်တော့မှ အခက်အခဲတွေ တွေ.ရတယ် ။ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစား
လာတယ်။ဒီလိုစဉ်းစားဖြေရှင်းရင်းနဲ. အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်တတ်တဲ့ အကျင့်
ဖြစ်လာပါတယ် ။မလုပ်ရင် မတတ်ပါ ။လုပ်မှ တတ်မှာပါ ။
ရှောင်ဖယ်ရှောင်ဖယ်လုပ်နေရင် အထက်လူကြီးက သတိထားလာမိတယ် ။သူက
ခိုင်းလို.သာ လုပ်နေရတယ် ၊စိတ်က အလုပ်မှာ သိပ်မရှိဘူးဆိုတာ သိလာတယ် ။
ဒီလိုသိလာတဲ့အတွက် ကိစ္စတစ်ခုကို ခိုင်းတော့မယ်ဆိုရင် သူ.ကိုသိပ်မစဉ်းစားတော့ပါ ။
သူ.ဘက်ကကြည့်ရင်တော့ သက်သာသွားသလိုပါ ။သို.သော် တစ်ကယ်မှာ သူများစွာ
ဆုံးရှုံးသွားပါတယ် ။လူကြီးတစ်ယောက်ရဲ. ယုံကြည်မှုမရတာဟာ ၀န်းထမ်းတစ်ယောက်
အတွက် အနစ်နာဆုံးအရာလို. ဆိုရပါလိမ့်မယ် ။ဒီလိုနဲ. လုပ်ချင်ကိုင်ချင်တဲ့သူတွေကို
လူကြီးက ခိုင်းနေတဲ့အတွက် မသိမသာ ဘေးကိုတဖြည်းဖြည်းရောက်သွားတတ်ပါတယ်။
မှန်ပါတယ် ။လူကြီးဆိုတာ လုပ်ချင်ကိုင်ချင်တဲ့ ခိုင်းလိုတယ် ။ခိုင်းမှ လုပ်မယ် ။မခိုင်းရင်
သက်သာတယ်လို.ထင်တယ် ။လုပ်ပေးဖို. အဆင်သင့်ဖြစ်မနေတဲ့ ၀န်ထမ်းကို ခန်.
ထားမိလျှက်သားဖြစ်နေလို. စာနာထောက်ထားပြီး ဆက်လက်ခန်.ထားခြင်းဖြစ်တယ် ။
သူဟာ အားမကိုးရသူ တစ်ယောက်အနေနဲ. စိတ်ထဲမှာရောက်သွားပါတယ် ။ဒီလို
အထင်ခံရတာ ၀န်းထမ်းတစ်ယောက် အနေနဲ.များစွာ နစ်နာပါတယ် ။ဘ၀ရှေ့ရေး
အာမခံချက်လည်း နည်းသွားပါတယ် ။ဘယ်နေရာသွားသွား ဒီပုံနဲ.ဆိုကြာရှည်ခံဖို.
မလွယ်ပါ ။ကိုယ်ကျိုးပဲ စဉ်းစားနေမယ်။သက်သာရင်ပြီးရော ၊ လုပ်ပေးဖို.လည်း
ဝန်လေးနေမယ်ဆိုရင် အလုပ်က သင်သွားတယ်ဆိုတဲ့ အရာကို လုံးဝခံစားလိုက်
ရမှာမဟုတ်ပါ ။လူကြီးဆိုတာ အမြဲတစေ့တစောင်း ကြည့်နေတတ်ပါတယ် ။
ကြိုးစားချင်စိတ်မရှိသူ ၊ ကူညီလိုစိတ်မရှိသူ၊ အလုပ်ကို မလုပ်ရရင် သက်သာတယ်
လို. ထင်နေတဲ့သူ ၊ကိုယ့်အကျိုးလောက်ပဲ ကြည့်နေတဲ့သူကို ဘယ်လူကြီးမှ
အားကိုးမှာ မဟုတ်ပါ ။ဖျတ်ဖျတ်လတ်လတ် ငယ်ရွယ်ပြီး လုပ်နိုင်ချိန်မှာ မခိုမကပ် တက်တက်ကြွကြွ
နဲ. မိမိရဲ.လူကြီးကို ကူညီသင့်တယ် ဆိုတာလည်း ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ် ။
ခင်မောင်အေး (နှလုံး)
ဤစာလေးအား ဖတ်ပြီး ဆရာ့ကို သတိရမိပြီး တိုက်ဆိုင်မှုလေးလဲ
ရှိလာ၍ အခုလို Post လေးတစ်ပုဒ် ရေးဖြစ်မိပါသည် ။ကျွန်မ စာရေး
နေစဉ်တွင် တမလွန်မှ ဆရာအား ဆရာ့နာမည် အစစ်ဖြင့် ဆရာ့အကြောင်း
ရေးသားမိခဲ့တဲ့ ကျွန်မကို နားလည်ခွင့်လွှတ်ပေးပါလို. မျှော်လင့်ရင်း ကျွန်မမှာ
မျက်ရည်များ စာရွက်ပေါ်သို. တစ်စက်ချင်းကျ နေတော့လေသတည်း ။
----- စာရေးသူအမှာစာ ။ ။ဖော်ပြခဲ့ပြီးသောစာလေးမှာ ကျွန်မရဲ. ဘဝ
တစ်စိတ်တစ်ပိုင်း အကြောင်းရာလေးပါ ။ကျွန်မ စာရေးတဲ့ အခါမှာ
ကျွန်မရဲ. ဆရာ ဦးအောင်သန်းရဲ.စတိုင်အတိုင်း ဆက်ရန်...ဆက်ရန်လို. ဆိုတာ ကျွန်မ
မအားလပ်တဲ့အတွက်ခေတ္တရပ်နားထားခြင်းပါ ။ ဆရာ့လိုတော့ အဆုံးအသတ်ပဲ မနေပါ ။ကျွန်မ
အချိန်ရလျှင် ရသလို ရေးသားသွားမှာပါ ။သူငယ်ချင်းအားလုံးကို
ကျေးဇူးတင်လျှက်...................
Written By:
THIDA MOE PHYU ( Macau / Hong Kong )