အကယ်၍ သင်သာဆိုလျှင်
Posted on 27.11.2009 by
yb
လူတစ်ယောက်က အကူအညီတစ်ခုလိုလာတဲ့အခါ၊ ဒါမှမဟုတ် အခက်အခဲကြုံလာတဲ့အခါ၊ တစ်ချို့ ကိစ္စတွေမှာ တစ်ယောက်တည်း ဖြေရှင်းလို့ရပါတယ်။ တစ်ချို့ ကိစ္စတွေမှာ တစ်ဘက်သူရဲ့ အကူအညီ ကို ရယူမှ ပြီးမြောက်မယ့် ကိစ္စမျိုးတွေ ရှိပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ချို့ ဆွေးနွေးဖြစ်ကြ တာလေးက တာဝန်သိမှု နဲ့ တာဝန်ပိမှု နဲ့ တာဝန်ရှိမှု ဆိုတဲ့ စကားလုံးလေးတွေအကြောင်းပါ။ မိသားစု တစ်စုမှာ ဆိုရင် တာဝန်ရှိသူက တစ်မျိုးသတ်သတ်ပါ။ တာဝန် သိတတ်တာကတော့ မိသားစုဝင် အားလုံးနဲ့ သက်ဆိုင်လိမ့်မယ်ထင်ပါတယ်။ ဒီလိုပါပဲ တာဝန်သိလာရင်တော့ သိတတ်သလောက် တာဝန်ပိလာပါလိမ့်မယ်။ တာဝန်မသိရင်တော့ မသိသလောက် ပေါ့ပေါ့ပါးပါး နေနိုင်ကြပါတယ်။ သို့သော်လည်း တာဝန်သိတတ်သော သူနဲ့ တာဝန်မသိတတ်သောသူ အဘယ်သူသည် လောကကြီးအတွက် ပိုအသုံးဝင်သလည်းဆိုတာ လေး စဉ်းစားကြည့်ကြစေချင်ပါတယ်။ ဒီလိုပါပဲ မိသားစုဝင်တင်မဟုတ်ပါဘူး ပြင်ပလောကမှာလည်း ထပ်တူပါပဲ။ လူအားလုံး၊ ကိစ္စအားလုံးအတွက် လူတစ်ယောက်ထဲက ဘယ်လိုမှ တာဝန်ယူနိုင်မယ်မထင်ပါဘူး။ ဒါပေမယ့်က မ္ဘာကြီးအတွက်မိမိကျရာ နေရာကနေ ရှင်သန်လှုပ်ရှားနေတာကတော့ တာဝန်ရှိမှုလို့ ဆိုချင်ပါတယ်။ အဲဒီကြား ထဲကမှ မိမိတတ်နိုင်သလောက် လောကကြီးအတွက် ပံ့ပိုးပေးရင်း ရှင်သန်နေထိုင်တာက တာဝန်သိမှု လို့ အမည်တပ်ချင်ပါတယ်။ အဲ...အဲဒီလိုပါပဲ တာဝန်သိမှုတွေ များလာတာနဲ့အမျှ တာဝန်တွေ ယူမိပြီဖြစ်လို့ တာဝန်တွေပိလာမှာတော့ အသေအချာပါပဲ၊ ခင်မင်လို့ဖြစ်ဖြစ်၊ သနားလို့ဖြစ်ဖြစ်၊ အားနာလို့ဖြစ်ဖြစ်၊ လုပ်သင့်တယ်ထင်လို့ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တာဝန်ယူလိုက်ပြီးရင်တော့ တာဝန်သိတဲ့ သူအတွက် အလုပ် တစ်ခုပိုလာမှာပါ။ အဲဒါဆိုရင် နောက်တစ်ခုနောက်တစ်ခုနဲ့ ယူထားတဲ့ တာဝန်တွေများလာမှာပါ။ ဥပမာ တစ်ခုအနေနဲ့ ပြောပြပါမယ်။ လူတစ်ယောက်က အခက်အခဲတစ်ခုကို လူနှစ်ယောက်ကို ကြေငြာတယ် ဆိုပါဆို့။ တစ်ယောက်သောသူက အဲဒီပြောသူရဲ့ အခက်အခဲအတွက် ကိုယ်ထိလက်ရောက် ဘာမှ လုပ်မပေးနိုင်ရင်တောင် အနည်းဆုံး ခေါင်းထဲ ထည့် စဉ်းစားပြီး အကြံဥာဏ်လေး တစ်ခုနှစ်ခုလောက်တော့ ပေးလိုက်ပါမယ်။ နောက်တစ်ယောက်သော သူကတော့ နားထောင်ပြီး ဒီလိုပါပဲဗျာ စသဖြင့် တစ်ဘက်သူအတွက် အသုံးမ၀င်သော စကားလေး တစ်ခွန်းနှစ်ခွန်း လောက်ပြောပြီးထွက်သွားမယ်။ အဲဒီလို အဖြစ်အပျက်ကလေးမှာတောင် မိတ်ဆွေတို့ စဉ်းစားကြည့်ရင် အဖြေပေါ်လောက်ပါတယ်။ အကယ်၍ သင်တတ်နိုင်သော ကူညီမှု တစ်ခု ပုံပိုးမှုတစ်ခု တာဝန် ယူဆောင်ရွက်လာဖို့ရှိခဲ့ရင် ဘယ်လိုစဉ်းစားမလဲ၊ နောက်တစ်ခု နောက်တစ်ခု ထပ်လာတဲ့အခါ ဘယ်လိုစဉ်းစားမလဲ၊ တစ်ခုချင်းစီကို တာဝန်ယူဖို့ လွယ်တဲ့ အကူအညီပေးမှု ပံ့ပိုးမှုများ များပြားလာတဲ့ အခါ ဘယ်လိုစဉ်းစားမလဲ ဘယ်လို ဖြေရှင်းမလဲ သိပါရစေ။ vzo ညီအစ်ကို မောင်နှစ်မများ အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။
“ဒီနေရာကလေးမှာ” လည်း ၀င်ရောက် ဆွေးနွေးနိုင်ကြပါတယ်။