ရယ်လိုက်ပါ.........ခပ်ခပ်.....ခပ်....

Posted on 6.1.2010 by violent528
Mood: . Music: တစိမ့်စိမ့်ကြည့်.
Tags: ရယ်လိုက်ပါ

“ကျုပ်တို့ ရွာက ဘကြီးမှုံတို့ များ ဟင်းချက်ကောင်းချက်ကတော့ မကျန်ဘူး တော်ရေ”

“ငါ့မိန်းမကလည်းကွာ သူတစ်ယောက်ထဲမှမဟုတ်တာ။သူတပည့် သာထွေးအမြဲပါ နေကျမဟုတ်လား”

“ဒါကတော့ ဘကြီးမှုံက ကွမ်းအမြဲစားလို့ အပေါ့အငန် အမှန်မသိတော့ဘူးလေ။ ဒါကြောင့် သာထွေး အမြဲမြည်းပေးရတာနေမှာပေါ့”

“သြော်.......ဒါနဲ့ နောက်ခုနှစ်ရက်လောက်ကြာရင် ထိန်ကုန်းရွာက အလှူအတွက် ဘကြီးမှုံကို ဟင်းချက်တာဝန်ပေးထားဆိုပဲ”

“ထိန်ကုန်းရွာကအဝေးကြီးပါတော်.....ဘကြီးမှုံတို့ နာမည်ကြီးချက်က နယ်မြေကျယ်ပ”

ထိန်ကုန်းရွာအလှူတွင် တကယ်ပင် ဘကြီးမှုံ အိုးသူကြီး တာဝန်ယူ၍ ချက်ရပါသည်။ သို့ သော် တပည့်ကျော်သာထွေး မလာသေး။ ဝက်သားနီ အိုးကြီးချက်၊ ကျက်လုမှ အခက်တွေ့ သည်က ဘကြီးမှုံ၊ စိတ်ထဲ ဆားပေါ့သည်ဟုထင်နေသည်။ ထိုအချိန်တွင် လူတစ်ဦးဖြတ်သွားသည် ဘကြီးမှုံမသိ။ ထိန်ကုန်းရွာသားဖြစ်မည်။ ဘကြီးမှုံ အကူအညီတောင်း ရတော့သည်။

“ဟေ့....မောင်ရင်.....ဝက်သားဟင်း မြည်းပေးပါကွယ်”

ဘကြီးမှုံက ဆားခပ်ရန် ဇွန်းအဆင်သင့်

“ခပ်.........................ခပ်”

ပေါ့နေသည်ထင်နေသော ဘကြီးမှုံမှာ စလေဦးပုည၏ စာချိုးဖြစ်သော “တိုင်းချုပ်သည့် ကပ္ပလာမိုးရွာသည်နှင့် အရံသင့်”ဟူသကဲ့သို့  ဆားများခပ်လေသည်။

ဆားခပ်ပြီးမှ ထိုသူဆက်လက်ပြောလိုက်သောစကားမှာ-

“ခပ်...........ငန်ငန်”ဟူ၍ ဖြစ်လေသတည်း။     ။

 

ရယ်မောခြင်းဖြင့် ဘဝအမောများပြေကြပါစေ..........

                အားလုံးကို ခင်မင်လျက်.............

                            VIOLENT (YUKI)

 

 

 

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← မြက်ရိတ်သမား.....   Return to blog   ဝေးနေတဲ့ ဘဝ.. →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.