မျှော်လင့် နေသူ..........
Posted on 20.12.2009 by
violent528
နေစဉ်အမြဲ တွေ့ နေဆဲမို့  ရင်ထဲတွယ်တာ
ချစ်မိပါသည် ရင်ဝယ်မျိုသိပ် အချစ်စိတ်
စိတ်ကြောင့် ခံစားရတယ် အချစ်ရယ်
ချစ်ပါသော်လည်း မပြောရဲလို့ 
ရင်ထဲမှာသာ ကြိတ်မှိတ်ကာဖြင့်
မေတ္တာနိဂုံး ရင်မှာပျိုးလို့ 
မြတ်နိုးနေရ ကိုယ်ဘဝ
ပုလဲသွယ်သွယ် အလှကြွယ်သား
အချစ်များစွာ ရင်မှာခိုအောင်း
မင်းအကြောင်းပဲ တွေးနေမိတယ်
ပန်းသဇင်နှယ် ယဉ်ကျေးသွယ်လျ
မေတ္တာများစွာ ထားရပါသူ
မြတ်နိုးသူရယ်....
နှောင်ရစ်တွယ်ထား မင်းအင်အားတွေ
ကြီးမားနေပြီ အချစ်ပြည်ကြီး
စွမ်းအင်ကြီးခိုင် မင်းတည်နိုင်အောင်
စွမ်းဆောင်နိုင်လွန်းလှပါသည်.........
နွယ် လိုအစဉ်ရစ်ပတ် မနက်ဖြန်များစွာ
ရင်မှာစုထား နှလုံးသားအပြည့်
တစ်ကွေ့  တစ်ဘဝ
မေ့လို့  မှမရတာ..........။ ။
(ဇံယောဒီ)
အားလုံးကို ခင်မင်လျက်.................
VIOLENT(YUKI)