၂၀၁၂ ခုနစ်အတွက် ကျွန်မရဲ. ပုံပြင်လေးတစ်ပုဒ်
Posted on 11.12.2012 by
thidange
သတိပေးချက်။ ။ အသက် ဆယ့်ရှစ်နှစ်အောက် ကလေးများ မဖတ်ကြပါရန် ။
'' ဈေးဦးကျိုးသွားရခြင်း ''
ကျွန်မတွင် ကျောင်းနေဖက် သူငယ်ချင်းလဲမဟုတ် ၊တစ်လမ်းထဲနေ သူငယ်ချင်းလဲမဟုတ်
မိဘချင်းသိကြ၍ဖြစ်ခဲ့သော သူငယ်ချင်းလဲ မဟုတ်သော အချစ်ဆုံး သူငယ်ချင်းကောင်း
တစ်ယောက်ရှိခဲ့လေသည် ။သူမရဲ. အမည်မှာ ခင်မိုးဖြူ လို.ခေါ်ပြီး အိမ်နာမည်မှာ သေးသေး
ဖြစ်ပြီး ၊ကျွန်မကတော့ ချစ်စနိုးနဲ. သဲသဲ ဟုခေါ်ပါသည်။
အဲဒီလို အရမ်းပဲ ခင်မင်ကြတဲ့ ကျွန်မတို. သူငယ်ချင်း နှစ်ယောက်ဟာ ကျွန်မတို. ဆယ်တန်း
တက်မဲ့နှစ်မှာပဲ ခင်မိုးဖြူ တို.အဖေမှာဝန်ထမ်းဖြစ်၍ ရန်ကုန်မြို.သို. ရာထူးတက်ကာ
တစ်မိသားစုလုံး ပြောင်းရွှေ.သွားသောကြောင့် ကံတရားရဲ. ရက်စက်မှုဖြင့် ကျွန်မ တို.
နှစ်ယောက်ရှင်ကွဲ ကွဲခဲ့ရလေသည် ။မွန်ပြည်နယ် မော်လမြိုင်မြို.မှာ ကျန်ခဲ့တဲ့ ကျွန်မနဲ.သူမ ဟာ
မိုင်ပေါင်း ၁၀၀ ကျော်ကျော်ဝေးကြပေမဲ့ စာအဆက်အသွယ်မပြတ်ကြသလို ၊ ဖုန်းနဲ.လဲ တစ်လတွင်
လေး၊ငါး ကြိမ်လောက်တော့ အဆက်အသွယ်ရှိခဲ့ကြပါတယ် ။
ကျွန်မမှာလဲ ဆယ်တန်းကို (၁၉၉၆)မှာ အောင်မြင်ခဲ့သောကြောင့် နိုင်ငံရေး ပြဿနာဖြစ်မှုကြောင့်
စစ်အစိုးရမှ တက္ကသိုလ်ကျောင်းများအား ရက်အကန်.အသတ်မရှိ ပိတ်ထားသောကြောင့်
ခေတ်ရဲ. ရေစီးကြောင်းကြောင့် လည်းကောင်း ၊နဂိုကတည်းက နိုင်ငံခြားသွားဖို. ရည်ရွယ်ချက်
လည်းရှိသောကြောင့် ရန်ကုန်သို. ကျွန်မမှာ အိမ်ဦးနဲ.ကြမ်းပြင်ကဲ့သို. မော်လမြိုင်မှ
ခဏခဏ သွားခဲ့ရပါသည် ။ အဲဒီလို ပြန်လိုက်လာလိုက် ဖြစ်နေရတာကလည်း နယ်တွင် ကျန်ခဲ့သော
ကျွန်မရဲ. အချစ်ဆုံး မောင် ကို ကြာကြာမခွဲနိုင်၍ ဖြစ်ပါသည် ။ ကျွန်မကတော့ အိမ်ကလူတွေကို
အမေ့ကို လွမ်းလို.ဆိုပြီး အကြောင်းပြကာ ပြန်လာလေ့ရှိပါသည် ။ ကျွန်မအဖေကတော့
အဲဒီလို သွားလိုက်၊လာလိုက်နဲ. ဖြစ်မှုကြောင့် ရာဇာမင်း အမြန်ယာဉ်ကို နှစ်ချူပ်နဲ.သာ
လက်မှတ်ဝယ်ထားပါလား ဆိုပြီး ငြူစူဖူးခဲ့ပါသည် ။
ဆိုတော့......ရန်ကုန်ရောက်တိုင်း ခင်မိုးဖြူ နဲ. တွေ.ဖြစ်ကြပါသည်။
တစ်ခုသော သင်တန်းကိစ္စနဲ. ရန်ကုန်သို. သွားရမည်ဖြစ်ပါသည် ။
ကျွန်မရဲ. တစ်ဝမ်းကွဲ မောင်လေးမှ မမရေ..... ဒီတစ်ခါ ရန်ကုန်က ပြန်လာရင် ကျွန်တော့်
အတွက် ဈေးခပ်ပေါပေါလေး နေကာမျက်မှန်လေး ၀ယ်ခဲ့ပေးပါဟု မှာလေသည် ။
ခင်မိုးဖြူ အလုပ်ဆင်းချိန်တွင် ကျွန်မတို. နှစ်ယောက်သား ရန်ကုန်မြို.ထဲတွင် လျှောက်လည်ကြပါသည် ။
ပြီးမှ ကျွန်မက ကျွန်မမောင်လေး မှာကြားလိုက်သော နေကာမျက်မှန်လေး ၀ယ်ယူရန် ပြောသောအခါ
၎င်းမှ ဒီအချိန်မ၀ယ်ရန်နှင့် မနက်ဖြန် မနက်ကျမှသာ ၀ယ်ရန် ပြောလေသည် ။နောက်နေ. မနက်စောစော
ကိုးနာရီ ကျော်ကျော်လေးတွင် ကျွန်မတို.သူငယ်ချင်းနှစ်ယောက်မှာ မဟာဗန္ဓုလလမ်းမကြီးတစ်ခုရှိ လမ်း
ဘေး မုန်.ဟင်းခါးဆိုင်လေး တစ်ခုတွင် မနက်စာအဖြစ် မုန်.ဟင်းခါးစားကြပါသည် ။ထို.သို.မုန်.ဟင်းခါးစား
နေစဉ် ခင်မိုးဖြူမှာ ဆိုင်ရဲ.မျက်စောင်းထိုးတွင် မနက်စောစော ဆိုင်ဖွင့်နေသော လမ်းဘေးဈေးသည် အဒေါ်ကြီးတစ်ယောက်အား မကြာခဏ ဆိုသလိုကြည့်နေတာကို ကျွန်မ သတိထားမိပါသည် ။
ထိုဈေးသည် ဆိုင်ဖွင့်လို. ပြီးတယ်လို.ယူဆတဲ့ အချိန်လောက်မှာ ခင်မိုးဖြူမှ ...ဟဲ့ သီတာငယ်
မြန်မြန်စားပါဟ ဆိုပြီး စားသောက်လို. ပြီးသောအခါ ကျွန်မလက်ကိုဆွဲကာ နင်လိုချင်တဲ့မျက်မှန်ကို
အဲဒီမှာ ရွေးပေတော့ဟု ဆိုကာထိုလမ်းဘေးဆိုင်လေးသို. လျှောက်လာကြလေသည် ။
ထိုနောက် ကျွန်မတို. နှစ်ယောက်မှာလမ်းဘေး ပလက်ဖောင်းဘေးပေါ်ရှိထိုဆိုင်လေးအရှေ့တွင်
ဆောင့်ကြောင့်လေး ထိုင်လိုက်ကြကာ မှန်မျက်နက်လေးအား ကျွန်မမှ ရွေးနေတော့သည်။
စိတ်ကြိုက်ရွေးပြီးသွားမှ ကျွန်မက ဒီနှစ်ခုကို ကြိုက်တယ် ဟုဆိုပြီး ခင်မိုးဖြူအား ပေးလိုက်လေသည် ။
ခင်မိုးဖြူမှ ထိုမျက်မှန်နှစ်လက်အား လက်တွင်ဆုပ်ကိုင်ထားလိုက်ပြီး အဒေါ်ကြီးအား ...အန်တီ ခုမှဆိုင်စဖွင့်တာ မဟုတ်ဘူးလားဟု မေးလိုက်ပြီး ဒီမျက်မှန်တွေ ဘယ်လောက်လဲဟု မေးသောအခါ
အဒေါ်ကြီးက တစ်လက်ကို တစ်ထောင်ပါဆိုတော့ ၄င်းမှ နှစ်လက်အား ခြောက်ရာရလားဟု
မေးလေသည် ။
ဆိုင်ရှင်မှ ဈေးဦးပေါက်အနေဖြင့် နှစ်ခုကို တစ်ထောင်ကျပ်ဖြင့် ထားပေးမည်ဟု ပြောသောအခါ
ခင်မိုးဖြူမှ အန်တီ...အခုကဈေးဦးပေါက်နော် ကျွန်မ၀ယ်ရင် အန်တီဈေးဦးကျိုးလိမ့်မယ် ခြောက်ရာပဲထားပါဟု ပြောလိုက်သောကြောင့် ကျွန်မမှာ မနေ.က ၀ယ်ရန်၎င်းအားပြောစဉ် မနက်စောစောမှ ၀ယ်မယ်လို.ပြောခဲ့ခြင်းအား အခုမှ သဘောပေါက်လေသည် ။
ထို.နောက် ကျွန်မတို.နှစ်ယောက်သား လိုချင်သောဈေးမရသောကြောင့် ခင်မိုးဖြူက
ထိုနေရာမှထကာ လာ...သီတာငယ် ငါတို. တစ်ခြားတစ်ဆိုင်ကိုသွားကြတာပေါ့ဆိုကာ
ထထွက်လို. ခြေလှမ်းနှစ်လှမ်း၊ သုံးလှမ်းမြောက်လောက်မှာ ဈေးသည်တို.ရဲ. ညာဉ်အတိုင်း
ညီမတို. နှစ်ခုကို ခြောက်ရာ ထားပေးလိုက်မယ် လာ...လာ ဟုပြန်ခေါ်လေသည် ။
ထိုအခါ ခင်မိုးဖြူမှ စိတ်ဆိုးသွားသောကြောင့် ၄င်းအဒေါ်ကြီးအား မ၀ယ်တော့ဘူးဟု ဆိုကာ
လှည့်ပြောပြီး ကျွန်မတို.နှစ်ယောက်မှာ တစ်ခြားဆိုင်သို. ဆက်သွားလေသည် ။ထိုအခါခုနက ဆိုင်ရှင်အဒေါ်ကြီးမှာလဲ ဈေးဆစ်ပြီးမ၀ယ်တော့တဲ့ ကျွန်မတို.နှစ်ယောက်အား ငှက်ဆိုးထိုးသကဲ့သို.
အသံကျယ်ကြီးဖြင့် '' သေချင်းဆိုးမတွေ သူများ မနက်စောစောစီးစီး ဈေးရောင်းမကောင်းတော့အောင်
ဈေးဦးလာချိုးသွားတဲ့ မသာမတွေ သေချင်းဆိုးနဲ.သေကြပါစေဟု " ဆဲဆိုပါတော့လေသည် ။ဤတွင်
ကျွန်မမှာ ဈေးဦးကျိုးတယ်ဆိုတဲ့ စကားကိုကြားမိပြီး ဦးနှောက်ထဲတွင်လည်း တစ်သက်စာ အသေမှတ်
ထားလိုက်ပါတော့သည် ။အင်း.....ဈေးဦးကျိုးတဲ့ ။
အဲဒီလိုနဲ.ပဲ ကျွန်မ နိုင်ငံခြားသို. ထွက်သွားသောအခါ ဟောင်ကောင်တွင် မြသက်မော် ဆိုတဲ့ မိန်းကလေး
တစ်ယောက်အား ခင်မင်ခွင့်ရရှိခဲ့လေသည် ။၂၀၀၅ ခုနှစ်ကတည်းက ခင်မင်လာခဲ့တော့ အရမ်းပဲရင်းနှီးကြ
ပြီး သူမမှ ကျွန်မ စာတွေဘာတွေ ရေးတတ်တော့ သူမရဲ.ဘ၀အကြောင်းကို သိထားတဲ့ ကျွန်မအား နောက်ပြောင်ပြီး ဟဲ့...ငါ့အကြောင်းလဲ နည်းနည်းပါးပါး ရေးပါလားနော် ။နင်ကစာအရေးအသား
ကောင်းတော့ ငါ လဲ နင်စာထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်ရတာပေါ့ဆိုပြီး ပြောတတ်တဲ့
အတွက်အခုတော့ ဒီပို.(စ်)လေး မှာ ၄င်းရဲ.အကြောင်းအား ရေးသားပါတော့မည် ။
အောက်တွင် မြသက်မော် (ခ) မော်မော် ရဲ. အကြောင်းရာ အနည်းငယ်အား ကျွန်မမှ
လိုအပ်သည်များအား ပြုပြင်ကာ ရေးသားထားပါသည် ။၎င်းမှ သူမရဲ.အကြောင်း
အားရေးသားဖြစ်ပါက ၄င်းရဲ. နာမည်အရင်းအား ထည့်မရေးပါရန် မှာကြားထားသောကြောင့်
ကျွန်မမှ နာမည် အစစ်အား ရေးသားဖော်ပြထား ခြင်းမရှိပါ ။
မော်မော်သည် မုဆိုးမ ဒေါ်နုနုအေးရဲ. တစ်ဦးတည်းသော သမီးလေးတစ်ယောက် ဖြစ်ပါသည် ။၎င်းတို.နေထိုင်ရာ လမ်းထဲတွင် ကုန်စုံဆိုင်လေးဖွင့်ကာ ၄င်းတို.ရဲ. စားဝတ်နေရေးအား ဖြေရှင်းကာ
သားအမိနှစ်ယောက်သာ လောက ကြီးအား ရင်ဆိုင်ဖြေရှင်းကြလေသည် ။
မော်မော် တက္ကသိုလ် ဒုတိယနှစ်တွင် သူမရဲ.ချစ်သူ ဖြစ်သော ကျော်ကျော်လတ်နှင့် ငယ်ရွယ်သူတို.ရဲ.
စိတ်အလိုလိုက်တတ်တဲ့ အဖြစ်ကြောင့် ချစ်သူ၏ ခိုးရာနောက်သို. လိုက်ဖြစ်ခဲ့သည် ။
ပညာရေးလည်းမစုံသေး ၊အသက်တွေကလဲ ငယ်ကြသေး ၊မိဘချင်းအဆင့်အတန်းကလဲ မိုးနဲ.မြေလို ကွာခြားသေးကြတော့ ကျော်ကျော်လတ်တို.ဘက်မှ အတင်းပဲခွဲကြလေသည် ။
ချမ်းသာသော ကျော်ကျော်လတ်တို. မိဘများ ရဲ. နည်းမျိုးစုံသုံးကာ ခွဲကြတဲ့ အတွက်ကြောင့်
၎င်းတို.ပေါင်းသင်းတာ တစ်ပတ်ကျော်ကျော်လေး အကြာတွင် ခွဲခဲ့ကြရလေတော့သည် ။
ကျော်ကျော်လတ်အား ၄င်းတို.မိဘမှ စင်္ကာပူသို. ပို.လိုက်သောကြောင့် ၄င်းတို.မှာ အရှင်
လတ်လတ် ရှင်ကွဲ ကွဲကြလေသည် ။
မော်မော်လဲ ပတ်ဝန်းကျင်အား အရှက်ရကာ နေ.ကျောင်းတက်နေရာမှ အဝေးသင်သို. ပြောင်းကာ
ဘွဲ.ရသည်အထိ ကျောင်းဆက်တက်ခဲ့ပါသည် ။ဘွဲ.ရပြီးတော့ အထက်တန်းကျောင်းတစ်ကျောင်းတွင်
မူလတန်းပြ ဆရာမ အဖြစ် ၄င်း ဘ၀အား တည်ဆောက်ခဲ့လေသည် ။တစ်နေ.တွင် သူငယ်ချင်း
တစ်ယောက်က ကိုကျော်ကျော်လတ်မှာ စင်္ကာပူတွင် အိမ်ထောင်ကျသွားပြီး ဖြစ်ကြောင်းနဲ. ၄င်းရဲ.
မိန်းမမှာ စင်္ကာပူသူ ဖြစ်ပြီး အရမ်းချောကြောင်း မော်မော် ထံသို. ပွဲစားခ တစ်ပြားမှ မရဘဲ
လာရောက်သတင်းပို.သွားလေသည် ။ထိုအခါတွင် မော်မော်မှ သြော်.....လောကကြီးက
တယ်လည်းတရားကျဖို. ကောင်းပါလားဆိုပြီး ငိုကြွေးပါတော့လေသည် ။
အဲဒီလိုနဲ.ပဲ တစ်နေ.မှာတော့ မော်မော်ရဲ. ကံတရားအကြောင်းတရားကြောင့် နိုင်ငံခြားသို. သွားရန်
အကြောင်းက ဖြစ်ပေါ်လာလေသည် ။ကွယ်လွန်သွားပြီးဖြစ်သော ၄င်းဖခင်ရဲ. သူငယ်ချင်းဖြစ်သူ
ဦးအောင်သူရ (ဟောင်ကောင်တွင် နေထိုင်သူ) ဆိုသူမှာ မော်မော်သို. အိမ်သို. လာလည်တော့လေသည် ။
၎င်း ဦးအောင်သူရမှာ အသက်ဆယ့်ရှစ်နှစ်အရွယ် ကတည်းက ဟောင်ကောင်သို. ထွက်သွားတာ အခုမှ
မြန်မာပြည်သို. ပြန်လာလည်ခြင်း ဖြစ်ပါသည် ။မတွေ.တာကြာပြီး ဖြစ်သော ငယ်သူငယ်ချင်းများအား လိုက်တွေ.ရင်း ကျွန်မအဖေ ဆုံးသွားတာကို သိရပြီး အရမ်းဘဲစိတ်မကောင်းဖြစ်ကြောင်း ပြောပြီး ကျွန်မတို.ရဲ. စီးပွါးရေး အခြေအနေအားရိပ်စားမိသောကြောင့် ၄င်း ဟောင်ကောင်သို.ပြန်လျှင် ကျွန်မအား
တစ်ပါ တည်း လိုက်ခဲ့ရန် ခေါ်လေတော့သည် ။ပြဿနာများနဲ.ဖြစ်နေသောကျွန်မမှာ ရေငတ်တုန်း
ရေတွင်းထဲကျသလို အမေကလဲ ကျွန်မအား ဒီမှာပဲ ဆက်နေလို.ကတော့ ဘ၀မှာ ဘာမှဖြစ်လာမှာ
မဟုတ်ဘူးဟု ဆိုကာ အားပေးပြီး ဟောင်ကောင်သို. ဦးအောင်သူရနဲ. လိုက်သွားရန်
သဘောတူလေသည် ။
ဟောင်ကောင်သို. ရောက်လာပြီး အလုပ်လိုက်ရှာတာ တစ်လလောက်လောက် ရောက်လာလဲ အလုပ်ကမရသေးတော့ နေထိုင်ခွင့်ပြည့်ပါက အလုပ်မရခဲ့လျှင် မြန်မာပြည်သို.
ပြန်ရမည်ဖြစ်ပါသည် ။တရုတ်ပြည်မကြီး(သို.)ထိုင်းဘက်သို. (stay) စတေး ရှောင်ပြီးပြန်လာလျှင်
ရပါသော်လည်း ဦးအောင်သူရတို. လင်မယားမှ မော်မော်အား ဤကဲ့သို. အခုမှ အကြံပြုကြ
လေတော့သည် ။မော်မော်ရေ...နိုင်ငံခြားဆိုတာအနည်းနဲ.အများတော့ အခက်အခဲတော့ရှိမှာပဲ ။
ဦးလေးတို. အကြံတစ်ခုပေးချင်တာကတော့ ဒီမှာတစ်သက်လုံးနေချင်ပြီး အလုပ်လုပ်ချင်ရင်တော့
ဒီက ဟောင်ကောင်နိုင်ငံသား ကို ယူရလိမ့်မယ် ။အဲဒီတော့ မော်မော်မှာ passport ကိစ္စမှအစပြုပြီး
လေယာဉ်လက်မှတ်အထိအဆုံး ၊ဟောင်ကောင် တွင် နေထိုင်ပြီး စားသောက်တာကအစ အားလုံးဦးအောင်သူရတို. ပိုက်ဆံဖြင့် စိုက်ထုတ်ခဲ့ပြီး ဘာတစ်ခုခုမှ ဖြစ်မလာဘဲမြန်မာပြည်သို.
ပြန်သွားရပါလျှင် ၄င်းတို.ရဲ.စေတနာအား စော်ကားသလို ဖြစ်မှာနဲ. မြန်မာပြည်ရှိ အမေဖြစ်ချင်တဲ့
ဆန္ဒအတိုင်း ဖြစ်မလာမှာကို တွေးမိပြီး မော်မော်မှ ကောင်းပြီးလေ ကျွန်မလဲ ရွေးစရာလမ်းမှ မရှိလေတော့ ဒီလိုပဲ လုပ်ကြတာပေါ့ ။တစ်ခုတော့ ကျွန်မပြောပါရစေ...အဲဒီကျွန်မယူမဲ့ ဟောင်ကောင်ကတရုတ်ကို
ကျွန်မဟာ အပျိုစစ်စစ် တစ်ယောက် မဟုတ်တော့ဘူးဆိုတာပါ ထည့်ပြောပေးပါဆိုတော့
ဦးအောင်သူရတို. လင်မယားမှ အေးလေ မေးကြည့်လိုက်အုံးမယ် ဟုပြောလေသည် ။
နောက်နေ.တွင် ဆိုင်တစ်ဆိုင်တွင် ချိန်းဆိုကြပြီး ဦးအောင်သူရတို. လင်မယား မှ ပွင့်ပွင့်လင်းလင်းဖြင့်
ကျွန်မရဲ.အကြောင်းအားပြောပြလိုက်သောအခါ ထိုတရုတ်မှ လက်ခံပါကြောင်း ၄င်းတို.နိုင်ငံမှာ
အပျိုစစ်စစ်ဆိုတာ အလွန်ပဲရှားကြောင်းနဲ. ပြဿနာမရှိကြောင်း ၄င်းအနေဖြင့် ဤကဲ့သို. ပွင့်ပွင့်လင်းပြောပြတတ်တဲ့ ကျွန်မအား ကြိုက်နှစ်သက်ကြောင်း ပြောလေသည် ။
၎င်း ဟောင်ကောင်သားမှာ မော်မော်ထက် ဆယ်နှစ်နီးပါးခန်.အသက် ကြီးပါသည် ။
တိုတိုပြောရလျှင်တို. မော်မော်နှစ်ယောက် လက်ထပ်လိုက်ပြီး သားလေးတစ်ယောက်ရပြီး သုံးနှစ်ခန်.အကြာ တွင် မော်မော်မှ အသည်းနင့်အောင်မချစ်ခဲ့ရသော မစ္စတာ လီ မှာ ကွယ်လွန်ခဲ့လေသည် ။
မြန်မာပြည်မှာ တစ်ခုလပ်ဘ၀ကနေ ဒီဟောင်ကောင်မှာ မုဆိုးမဘ၀ကို
ရောက်ခဲ့တဲ့ မော်မော်မှာ Mr .လီထားရစ်ခဲ့သော တိုက်ခန်းများ ၊ကားများ ၊ဘဏ်ထဲရှိ
ပိုက်ဆံများအား ပိုင်ဆိုင်ခဲ့သလို သားလေးကျော်ဇင်သစ် ကိုလဲ အပိုဆုအနေနဲ.ရရှိခဲ့ပါသည် ။
တစ်နေ.မှာ မြန်မာပြည်သို. မော်မော်တို.သားအမိ ပြန်လည်ဖြစ်သောအခါ ဆွေမျိုးများ ၊သူငယ်ချင်းများက
ကိုသန်းထွန်းဆိုတဲ့ ရုံးတစ်ရုံးမှာ အလုပ် လုပ်နေသော လူအေး တစ်ယောက်နှင့် နားချကြလေသည် ။
မော်မော်မှာ အားကိုးရာလဲမရှိတော့ရိုးသားတဲ့ ကိုသန်းထွန်းနဲ.နောက်အိမ်ထောင် ထပ်ပြုလိုက်လေသည် ။
( စကားပုံမှာ သုံးကျောင်းပြောင်းသော ရှင် ၊သုံးလင်ပြောင်းသော မိန်းမ ထိုသူမျိုးအား ရှောင်ရှားအပ် )
ဆိုတော့ မော်မော်လည်း သူ.ရဲ.နောက်ဆုံး အိမ်ထောင်ပြုခြင်းပဲဆိုပြီး ကိုသန်းထွန်းနှင့်
လက်ထပ်လိုက်လေသည် ။အခုတော့ ကျွန်မသူငယ်ချင်း မော်မော်မှာ ဟောင်ကောင်တွင်
အိမ်ထောင်ရေး သာသာယာယာဖြင့် ပျော်ပျော်ရွှင်ရွှင်ရှိကြောင်း ကျွန်မမှ ကြားသိရ၍
ဝမ်းသာမိပါသည် ။ဖော်ပြခဲ့ပြီးသော မော်မော်ရဲ.ဘ၀အား တစ်ချို.သောသူများက အေး...လေ
သူ.အမေက မုဆိုးမဆိုတော့ သူလဲမျိုးရိုးလိုက်တာနေမှာပေါ့ ဆိုပြီးပြောတာမှန်ချင် မှ
မှန်ပေမဲ့ ကျွန်မအနေနဲ.ကတော့ အထက်တွင်ကျွန်မရေးသားခဲ့သလို ဈေးဦးကျိုးသွားတာဖြစ်လို. နောက်ပိုင်းမှာလဲ ပြဿနာ ဆက်တိုက်ဖြစ်နေရခြင်းပါ ။
အခုထိတိုင်အောင်တော့ ကျွန်မသူငယ်ချင်း မော်မော်တို. မိသားစုမှာ အေးချမ်းသော မိသားစုဘ၀ဖြင့်
ဟောင်ကောင်မှာ နေထိုင်လျှက်ရှိပါတဲ့အတွက် ကျွန်မမှ သူငယ်ချင်းနောင်ဘ၀တွေမှာ လူပြန်ဖြစ်ခဲ့ပါလျှင်
ဤကဲ့သို. ဈေးဦးကျိုးရသော ဘ၀မျိုးမှ လွဲရပါစေလို. ဆုတောင်းပေးလိုက်ပါတယ် ။
တစ်ခုသော ကျွန်မရဲ.အလုပ်ပိတ်ရက်လေး တစ်နေ.မှာ ထုံးစံအတိုင်းပဲ အားရားနေတဲ့ ကျွန်မမှာ
ဝါသနာအရ စာရေးနေတုန်း ကျွန်မရဲ. သူငယ်ချင်းဖြစ်သူ မော်မော်မှ ကျွန်မအိမ်သို.
လာရောက်လည်ပတ်လေသည် ။
ထိုသို. ကျွန်မ စာရေးနေဆဲဖြစ်သော စာကြမ်းလေးအား ၄င်း မော်မော်အား ..... မော်မော်ရေ
ငါတော့ နင့်အကြောင်းကို ဒီစာမှာရေးထားတယ် ဖတ်ကြည့်ပါအုံးဆိုကာ မော်မော်ကို ပေးလိုက်ပါသည် ။
မော်မော်မှဖတ်ပြီးသောအခါ အင်း...နင်ရေးထားတာ ဖတ်လို.ကောင်းပါရဲ. ဒါပေမဲ့........ဆိုပြီး
၎င်းရဲ.စကားအား ရပ်ထားလိုက်သောကြောင့် ကျွန်မမှ ဟဲ့...ဘာဖြစ်သွားတာလဲ ငါရေးထားတာ
ဘာများမှားသွားလို.လဲဟု ၄င်းအားမေးလိုက်သော ၄င်းမှ ဘာမှ မမှားပါဘူး ။ဒါပေမဲ့ နင်ရဲ.
ဘ၀မှာရော ငါ့လို ဈေးဦးကျိုးခဲ့တဲ့ အဖြစ်မျိုး ရှိခဲ့ပါသလားဆိုပြီး မေးလေသည် ။ကျွန်မမှ ငါ့မှာလဲရှိတာပေါ့ဟယ် ဒါပေမဲ့ နင့်လိုတော့ အိမ်ထောင်ရေးနဲ.ပတ်သက်တဲ့ ဈေးဦးကျိုးတာတော့ မဟုတ်ဘူး ။ ငါ့ မှာတော့ ပညာရေးနဲ. ပတ်သက်တဲ့ ဈေးဦးကျိုးခဲ့ရတာပါ။
မော်မော်မှ ငါကိုလဲ နင့်ရဲ. ပညာရေးမှာ ဈေးဦးကျိုးခဲ့ရတဲ့ အကြောင်းကိုပြောပြပေးပါဟု
ဆိုလာသောကြောင့် ကျွန်မမှ ၄င်းအား အကျဉ်းချုံး ပြောခဲ့လေသည် ။ ကျွန်မမှာ ၁၉၉၅ တွင်
ကျွန်မ နေထိုင်သော မော်လမြိုင်မြို.မှ ဆယ်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုခဲ့ပါသည်။အချိန်တန်လို.
အောင်စာရင်းများ ထွက်လာသောအခါ အများသူငါလို. အောင်စာရင်းများရှိ စာရွက်တွင် ကျွန်မ နာမည်ပါမလာဘဲ အောင်စာရင်းစာရွက်များ ကပ်ထားသော ကျောက်သင်ပုန်းများရဲ. ဘေးဖက်ရှိသီးသန်.
ကျောက်သင်ပုန်းတစ်ခုတွင် ကပ်ထားသော ဆယ်တန်းစာမေးပွဲကို အောင်တယ်လို. ပြောလို.ရသလို
ကျရှုံးတယ်လို.လဲ ပြောလို.မရသော (ခ)နဲ. ( B list) ဖြင့် ကျွန်မနာမည်ပါလာခဲ့လေသည် ။
စိတ်ဓါတ်မကျဘဲ နောက်နှစ် (၁၉၉၆) ခုနှစ် ဆယ်တန်းစာမေးပွဲကို ကျွန်မ ထပ်ဖြေခဲ့ပါသည် ။
ထိုနှစ်မှာတော့ ကျွန်မ ဆယ်တန်းကို အောင်မြင်ခဲ့ပါသည် ။သို.ရာတွင်.............................
မြန်မာနိုင်ငံရဲ. နိုင်ငံရေး အခြေအနေကြောင့် တက္ကသိုလ် တက်ရောက်ရန်ကျောင်းများအား
ရက် အကန်.သတ်အရှိပိတ်ထားခဲ့တဲ့ အချိန်ဆိုတော့ ကျွန်မမှာ ၂၀၀၀ ခုနှစ်မှာမှ တက္ကသိုလ်
ကျောင်းတက်ခဲ့ရပါသည် ။တကယ်ဆိုရင် ကျွန်မမှာ ၁၉၉၆ မှာ ဆယ်တန်းအောင်တော့ ၂၀၀၀
ခုနှစ်မှာဆိုရင် ဘွဲ.ရနေလောက်ပါပြီး ။ကြားထဲမှာ လေးနှစ်လောက် စောင့်လိုက်ရတဲ့ အတွက်
ကုန်လွန်ခဲ့သော အချိန်ကို နှမြောသလို ကျွန်မတို. တက္ကသိုလ်စတက်တော့ လူကောင်တွေကြီး
ပြီး အသက်တွေလွန်ခဲ့သော မိမိတို.အဖြစ်အား ငိုအားထက် ရယ်အားသန်ခဲ့ရပါသည် ။
အချိန်တန်လို. ဘွဲရကြတော့ ဘွဲ.လက်မှတ် ထုတ်ယူရန် လျှောက်လွှာများ တင်သွင်းသောအခါ
ထို ဘွဲ.လက်မှတ်ပေါ်တွင် သက်ဆိုင်ရာဘွဲ.ရများရဲ. ဓါတ်ပုံကပ်ရန် ဆရာမများက
တောင်းယူသောအခါ ကျွန်မမှ ယာဉ်မောင်းလိုင်စင် လုပ်တုန်းက ပိုနေသော အဖြူ ၊အမဲ ဓါတ်ပုံ
လေးအား ပေးလိုက်ပါသည် ။ထိုအခါ လက်ခံရယူတဲ့ ဆရာမမှ ဟဲ့...သမီး ဘွဲ.လက်မှတ်မှာ ကပ်ရ
မှာ ဆိုတော့ နင်တို.ရဲ. တစ်သက်စာအတွက်ရော ၊ အလုပ်လျှောက်တဲ့အခါမှာရော ဖြစ်တဲ့အတွက်
ဓါတ်ပုံလှလှလေး မရှိဘူးလားဟု ဆိုပြီးမေးလေသည် ။ ထိုအခါ ကျွန်မမှ ရပါတယ် ...အဲဒီဓါတ်ပုံကိုပဲ သုံးပါ့မယ်ဆိုတော့ ထိုဆရာမက ဒီနေ.ပါမလာလဲ နောက်နေ.မှာ ဓါတ်ပုံလှလှလေး ဆရာမကို
လာပေးလို. ရပါတယ်ဆိုပြီး ပြောရှာလေသည် ။
အဲဒီနောက် ကျွန်မမှ ဘာဖြစ်လို. ဒီလို ဓါတ်ပုံလှလှကို မသုံးဘဲဖြစ်သလို ဓါတ်ပုံကို သုံးရသလဲဆိုတော့
ကျွန်မ ဘယ်တော့မှ ၀န်ထမ်းအလုပ် မလုပ်စားဘူးဟု ဆိုကာ ပြန်ဖြေလိုက်သောအခါ ဆရာမမှ
အို...ဘယ်လိုဖြစ်လို.လဲ ဆိုတော့ ကျွန်မက ဆရာမရေ ကျွန်မ ဆယ်တန်းကို ၁၉၉၆ မှာ အောင်ခဲ့တယ်။
အခု ဘွဲ.ရတာက ၂၀၀၄ ခုနှစ်မှာ ဆိုတော့ ဘယ်နေရာမှာ ဘယ်လိုအလုပ်ကို သွားလျှောက်လို.ရမှာလဲ။
ဆရာမ သိတဲ့အတိုင်း ကျွန်မတို.ရဲ. အသက်တွေလွန်နေတဲ့အတွက် အလုပ်ရှာဖို. တော်တော်လေး
ခက်ခဲတယ်လေ ဆိုတော့ ထို ဆရာမမှ အေးလေ ... ကျွဲနှစ်ကောင် ခတ်တဲ့ကြားမှာ သမီးတို. မြေစာပင်ဖြစ်ခဲ့ရတာပါပဲ ၊ ဘယ်တတ်နိုင်ပါ့မလဲ...ကံ တရားလို.ပဲ သတ်မှတ်လိုက်ပါတော့ ဆိုပြီး
နှစ်သိမ့်ရှာလေသည် ။အထက်ပါဆရာမလေး ပြောခဲ့သော ကံတရားကိုပဲ အဖြစ်ပုံချရမလိုလို ၊မြေစာ
ပင်ဖြစ်ခဲ့တာကို မကြေနပ်သလိုလို ဖြစ်ခဲ့သော ကျွန်မတို. ဘ၀ဟာ တကယ့်ကို ကံဆိုးခဲ့တာပါ ။ကျွန်မကတော့ ၁၉၉၆ ခုနှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့သော ကျွန်မနှင့်တကွ အခြားသော သူငယ်ချင်းများ
အား ကျွန်မတို.ဟာ ပညာရေးမှာ ဈေးဦးကျိုးခဲ့ရသော ဘ၀တူတွေတာ ဖြစ်တယ်လို. ကျွန်မ ပြောပါရစေ ။
တစ်နေ.မှာတော့ မြန်မာပြည်ရဲ. တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သော ရွှေတိဂုံဘုရားမှာ ကျွန်မ နှင့်တကွ
ဒီဘ၀မှာ ၁၉၉၆ ခုနှစ်မှာ ဆယ်တန်းအောင်မြင်ခဲ့သော သူငယ်ချင်းများ နောင်ဘ၀တွေမှာ လူပြန်ဖြစ်ခဲ့
ပါလျှင် ဤကဲ့သို. ဈေးဦးကျိုးရသော ဘ၀မျိုးမှ ကင်းလွှတ်ပါစေ...အရှင်ဘုရားဟု ဆုတောင်းခဲ့ဖူးပါသည် ။
to be continued ...............
ဆက်ရန်.......................................
Written By:
THIDA MOE PHYU ( Macau / Hong Kong )