တိမ်လိပ် ဘဝ..!
Posted on 28.8.2010 by
tharhtootbr
တိမ်လိပ် ဘဝ..!
အခိုးငွေ့ဖြစ် ပေါ့ပါးမူ့နှင့်
ဖြည်းဖြည်းမြင့်တက် ဝဠာကောင်းကင်
အများမြင်တဲ့ တိမ်လိပ်ဖြစ်သို့
အသွင်ပြောင်းရ ငါဘဝ...။
လေနှင်လွှင့်ပါး လေကြောင့်သွင်ပြောင်း
အတည်မကျ တိမ်လိပ်ဘဝကို
"အပြောင်းလဲမြန်တဲ့ မင်းပါ့လားလို့"
နုတ်ဖျားဆုတ်သက် မှတ်ချက်ကြ၏...။
တစ်နေ့ တချိန်....!
ငွေရည်စုဖွဲ့ မိုးစက်သွန်ပြောင်း
ငါ့ချစ်သောမြေ မြန်မာပြည်သို့
မေတ္တာ ရွှေမိုး ရွှာသွန်းလိုလဲ
လေနှင်ရာလွှင့် လေနှင်သလိုမြောနေရတဲ့
ငါ့ဘဝပါလေ....။
TBR(လင်း)