ဆေးရောင်ခြယ်ပါ။
Posted on 2.11.2010 by
prettygloria
Tags: ဆေးရောင်ခြယ်ပါ။
ကင်းဘတ်(စ်)စအဖြူကိုဘောင်ကျစ်ထားပါ။
ရှေ့တွင်ရောင်စုံဆေးခွက်များရှိ၏။
စိတ်ကြိုက်ဆေးရောင်ခြယ်လိုက်ပါ။
ထိုအရာသည်ခင်ဗျာ၏ဘ၀ဖြစ်၏။
အကယ်လို့ကိုယ်တိုင်ဆေးမခြယ်ချင်လျှင်
အဖြူတိုင်းထားပါ။
ပတ်ဝန်းကျင်ကဆေးခြယ်ပေးလိမ့်မည်။
ထိုအရာသည်လည်း
သင်၏ဘ၀ပင်ဖြစ်လိမ့်မည်။
လောကတွင်ကိုယ်တိုင်ရွေးခြယ်ခြင်းနှင့်
ပတ်ဝန်းကျင်ကရွေးခြယ်ပေးခြင်း
နှစ်မျိုးသာရှိသည်။
ကင်းဘတ်(စ်)စအဖြူကိုဘောင်ကျစ်ထားပါ။
ရှေ့တွင်ရောင်စုံဆေးခွက်များရှိ၏။
သင်မည်သည့်စုတ်တံမျိုးကိုအသုံးပြုရန်
လိုအပ်ပါသနည်း?။
???????????????????????????
လောကတွင်မိမိကိုယ်မိမိ
အေ၇ာင်ဆိုးရန်လိုအပ်သောစုတ်တံကို
ရွေးချယ်တက်ရန်လည်းလိုပေသေးသည်။