ရန်ကုန်ကို မသွားတော့ဘူး............ :P

Posted on 24.8.2011 by pothi
Mood: .

တခါက အညာဘက်မှ တောသားကြီး တစ်ဦးသည် ရန်ကုန်မြို့ရှိ ဈေးတစ်ခုတွင် ကုန်များဝယ်ရန် အကြောင်းဖန်လာသတဲ့။ ရန်ကုန်ကိုလည်း တစ်ခါမှမရောက်ဖူး၊ မိမိတို့ရွာမှ ကားစီးသွားလျှင် ရောက်တယ် ဆိုတာတော့ သိတယ်တဲ့ ရန်ကုန်သား ဖြစ်ဖူးသော ရွာဦး ဆရာတော်က လိပ်စာလေး ရေးပေးကာ ကူညီလိုက်လို့ တော်သေးတာပေါ့။ အဲဒါနဲ့ပဲ အရဲစွန့်ပြီး ရန်ကုန်သို့ တက်လာ ခဲ့တော့တယ်။ ရန်ကုန်ကားဂိတ် ရောက်တော့ တောသားတို့ ထုံးစံအတိုင်းပေါ့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိဘူးတဲ့။ ယောင်ပေ ယောင်ပေနဲ့ အနားက ဖြတ်သွားတဲ့ လူတစ်ယောက်ကို ဘုန်းဘုန်း ရေးပေးလိုက်တဲ့ စာကိုပြပြီး အကူညီ တောင်းလိုက်တာပေါ့။ ထိုလူက ကူညီရှာပါတယ်။ သူ့ကို ကားတစ်စီးပေါ် တင်ပေးလိုက်ပြီး ဆင်းရမယ့် မှတ်တိုင်ကို စပယ်ယာကို ပြောထား ပေးခဲ့သတဲ့။ သူကိုယ်တိုင်လဲ မှတ်ထားတာပေါ့။ ဘာတဲ့ “မင်္ဂလာဈေး” ဆိုလားပဲ။ ကားစီးလာရင်း ခဏမျှကြာတော့ သူတော်တော်လေး ညောင်းလာတော့တယ်။ ရွာကနေကားစီးလာရတဲ့ခရီးကလဲ ရှိခဲ့သေးတာကိုး။ တော်တော်လေး ပင်ပန်းလာတယ်ထင်ပါရဲ့ ခေါင်းထဲလဲ မူးနောက်နောက်ဖြစ်လာတာနဲ့ သူ့ရှေ့မှာထိုင်နေတဲ့ အမျိုးသမီးကို အကူညီ တောင်းလိုက်သတဲ့။

“ အမ ဟိုဘက် နဲနဲလေး တိုးပေးပါလား ၊ ဖင်လေးနဲနဲ ချချင်လို့ပါ ”
“ ဘာ……. ဘာပြောတယ်… ပြန်ပြောကြည့်စမ်းပါဦး ”
“ ဟုတ်ကဲ့. ကျွန်တော် သိပ်ညောင်းလာလို့ ပါဗျာ၊ ကျေးဇူးပြုပြီး တော့ပေါ့ ဖင်လေး ချချင်လို့ပါဗျာ နော်…. ”
“ ရှင် မိုက်ရိုင်း လှချည်လား ၊ လူကို ဘယ်လို အစားမျိုးထဲက အောင့်မေ့လို့လဲ ၊ ဒီမှာ ကားစပယ်ယာ ကားကို အခုချက်ခြင်း ရပ်ပေးပါ။ ”
အော်ကျယ် အော်ကျယ် အသံများကြောင့် လူတွေ အကုန်လုံး ၀ိုင်းကြည့် ကုန်ကြတယ်။ ဒီမှာ စပယ်ယာလေး ရောက်လာပြီး
“ ဘာဖြစ်ကြတာလဲဗျာ ”
“ ဒီမှာ ကျွန်မကို လာဆော်ကား နေတယ်လေ၊ ဒီလို လုပ်လို့ရမလား ဟင်းးးးးး၊ ခုချက်ချင်း ရဲစခန်းသွားမယ်”
ဒီမှာ စပယ်ယာလေးက “ ကဲ ဒီက အကိုကြီးက ဘယ်လို စော်ကားတာလဲ ပြော ”
“ မဟုတ်ပါဘူးကွာ ငါက ညောင်းလွန်းလို့ ဖင်လေး ချချင်တယ်လို့ ပြောတာပါကွာ ”
“ ဟာ မှားကုန်ပါပြီ အကိုကြီးကလဲ အဲလို မပြောရဘူးလေ ထိုင်ချင်တယ်လို့ ပြောရတယ်ဗျာ ဒုက္ခပါပဲဗျာ”
“ ဆောရီးပါ အမရယ် ဒီက အကိုကြီးက အညာသားမို့ စကားပြော မတတ်တာပါ၊ ဟိုသဘောမျိုး ပြောတာ မဟုတ်ရပါဘူးဗျာ ကျွန်တော် သူ့အစား တောင်းပန် ပါတယ်နော် အမ။ ”
ကားစပယ်ယာလေး ၀င်ရှင်းပြတော့မှပဲ အားလုံး နားလည် သွားကြတယ်လေ။
“ ကဲ အကိုကြီး ရှေ့မှတ်တိုင်ဆို အကိုကြီး ဆင်းရမယ့် မင်္ဂလာဈေး မှတ်တိုင် ရောက်ပြီ ”
“ အေးအေး ကျေးဇူးပဲ ငါ့ကောင်ရာ ငါ့လခွေး မင်းကူညီလို့ သာပေါ့ ”
“ ( _ )နံပါတ်ပါတဲ့ ကားကို စီးနော် ” ကားပေါ်မှာလဲ ထိုင်ချင်တယ် ဆိုရင် ထိုင်ချင်တယ်ပဲ ပြောနော် လို့ မှာခဲ့လေ၏။
ဒီလိုနဲ့ပဲ ရွာသားကြီးဟာ သူ့ရဲ့ လွယ်အိတ်လေးနဲ့ မင်္ဂလာဈေးကို ရောက်ခဲ့လေတယ်။ ရွာက မှာလိုက်တဲ့ ကုန်တွေ စုံအောင် ပါလာတဲ့ စာရွက်လေးနဲ့ တိုက်ရင်း ၀ယ်ရင်းနဲ့ အားလုံး ၀ယ်ပြီးသွားတော့ သူဝင်လာတဲ့ အပေါက်ကို လိုက်ရှာသတဲ့။ မမှတ်မိတော့ဘူး သွားပြီ…… အဲဒါနဲ့ အနီးမှာရှိတဲ့ မိန်းမကြီး တစ်ယောက်ကို မေးကြည့် လိုက်တယ်။
“ ဟို အမကြီး ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး နဲနဲပြပေးပါလား ဗျာ”
“ ဘာ……. ”
“ ဟုတ်ကဲ့ ကျွန်တော့ကို လူထွက်တဲ့ အပေါက်လေး တစ်ချက်လောက် ပြပါလားလို့ ”
“ ရှင် မိုက်ရိုင်းလှချည်လား ” “ ဟဲ့ ဈေးက လူကြီးတွေကို သွားခေါ်ပေးစမ်း ” “ xxxxxxxxxxxxxxxxx ”
ဈေးက လူကြီးတွေ ရောက်လာကြ တော့တယ်။ အညာသားလဲ ကြောင်တောင်တောင် နဲ့ပေါ့
“ ကဲ ဘယ်လို ဖြစ်ရတာလဲ ဗျ ”
ဒီမှာ မိန်းမကြီးက ဖြစ်ကြောင်း ကုန်စင်အောင် ပြောပြ တော့တယ်။ ဒီမှာလူကြီးတွေက……
“ ကဲ ခင်ဗျားက ဘာလို့ အဲလို မေးတာလဲ ”ဆိုတော့
သူက ကြောင်တောင်တောင်နဲ့
“ ကျွန်တော် ၀င်လာတုန်းက မှတ်မိတယ်ဗျ၊ ဈေးဝယ်ရင်းနဲ့ ပြန်ထွက်မယ် ဆိုတော့ မမှတ်မိတော့တာ ဒါကြောင့် အဲဒီ အမကြီးကို အကူညီ တောင်းရတာပေါ့ဗျာ ”
“ သြော် ဒီလိုလား ”
“ ခင်ဗျား သွားရမှာက ( _ _ _ _ ) အတိုင်းပဲ၊ ကဲ မှတ်မိပြီနော် နောက်ဆို ဒီလို မမေးနဲ့ အပြင်ထွက်တဲ့ လမ်းလို့ မေးနော်လို့ ပြန်ပြီး ပြောပြလိုက်သတဲ့ ”
“ ဟုတ်ကဲ့ ကျေးဇူးပါပဲဗျာ နောင်ကြီးတို့ ကူညီလို့ပါပဲ ငါ့လခွေး ”
ဒီလိုနဲ့ ရွာပြန်ရောက်ခဲ့တယ်။ ရွာက အမျိုးတွေ ကတော့ မေးကြတာပေါ့။ ရန်ကုန်က ပျော်ဖို့ကောင်းလား၊ ဘာလား ဆိုတော့..
အညာသားကြီးက တစ်ခွန်းပဲ ပြန်ဖြေရှာသတဲ့

“ ဟေ့ နောက်တစ်ခါ ရန်ကုန်ဆိုရင် ငါ့ပါးစပ်ကို တိတ်နဲ့ အရင်ကပ်ပြီးမှ လွတ်ဟ ” တဲ့

                 အားလုံး ရယ်မောပျော်ရွှင်နိုင်ကြပါစေ..........

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဟိုကိစ္စကြား ပြီးပြီလား...???   Return to blog   အော်...မြန်မာပြည်....မြန်မာပြည… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.