အွန်လိုင်းမှဖြစ်ပွားနေသော၃၇၆ မဟုတ်သော ၃၇၆ များ
Posted on 21.7.2011 by
pothi
ပထမဆုံးပဒ်မ၃၇၆အကြောင်းကိုအရင်ရှင်းပြပါ့ မယ်...(နားလည်သလောက်လေ့လာမိသလောက်ပေါ့ နော်.)
ပုဒ်မ၃၇၆ ဟာမိန်းကလေးတစ်ဥိးရဲ့ အလိုဆန္ဒမပါပဲ.သားမယားအဖြစ်ပေါင်းသင်းနေတာတာကိုဆိုလိုပါတယ်
မိန်းကလေးတော်တော်များများမိမိမချစ်မနှစ်သက်တဲ့ သူကိုပေါင်းသင်းနေထိုင်ဖို့ မဖြစ်နိုင်ပါဘူး
အခုမှုခင်းတွေမှာဖတ်နေရတာဟာများသောအားဖြင့် ၃၇၆ မှုတွေပါ....
ယောက်ျားတွေဟာဖွဲတစ်ဆုပ်ကိုကိုင်နိုင်တဲ့ ခွန်အားရှိသရွေ့ ၃၇၆ မှုကိုကျူးလွန်နိုင်ပါတယ်...
ဒါပေမယ့် အခုအွန်လိုင်းမှာဖြစ်နေတာတွေတော်တော်များများမှာ..ခန့်မှန်းမိသလောက်
ရယူလိုမှုမပါဘဲအဖြူသက်သက်ချစ်တယ်ဆိုတာမရှိသလောက်ပါပဲ..အဲ့ လိုအွန်လိုင်းမှာချစ်တယ်လို့ ပြောပြီး
အပြင်မှာတွေ့ ...ကျူနေပြီးချစ်သူသက်တမ်း2လကနေ3လအတွင်းမှာ living together ဖြစ်သွားနိုင်ပါတယ်
(အဲ့ လိုမဟုတ်ဘဲအချစ်စစ်နဲ့ ချစ်နေတာတွေလဲရှိပါတယ်..တဖက်သက်မပြောပါဘူး.)
အဲ့ လိုအတူနေပြီးမှ(လိုချင်တာရလို့ )ပြတ်သွားတာတွေထားခဲ့ တာကိုခံစားရတဲ့ မိန်းကလေးတွေဒုနဲ့ ဒေးရှိနေပါတယ်.
မိန်းမတစ်ယောက်ရဲ့ သိက္ခာကြောင့် ဖွင့် မပြောဘဲသာနေရင်နေမှာပါ...သူ့ ရဲ့ အပျိုစင်ဘ၀ကတော့ ပျက်စီးသွားပါပြီ..
...နောက်ထပ်အဲ့ ဒိမိန်းကလေးဟာချစ်သူထပ်ထားလို့ ..လက်ထက်ရင်တောင်...အိမ်ထောင်ရှင်
ယောက်ျားဟာညိုညင်မှုကိုခံရနိုင်ပါတယ်..ကဲ..ဒါဆိုစဉ်းစားရအောင်နော်.....
ပုဒ်မ၃၇၆ဆိုတာအလိုမတူဘဲရယူမှု
ဒါပေမယ့် အခုဖြစ်နေတာကအလိုတူရယူပြီးမှကျောရရုံကြံသွားတာ
မိန်းကလေးတွေဟာနှာခေါင်းပါပေလို့ .မပါရင်..အညစ်အကြေးကိုမုန့် လို့ ပြောကျွေးရင်တောင်စားမယ်လို့ 
ရှေးလူတွေပြောတာကြားဖူးပါတယ်..မိန်းကလေးတွေအချစ်ကယောက်ျားလေးတွေထက်8ဆပိုကြီးပါတယ်.
ပိုလည်းချစ်တတ်ပါတယ်...သူတို့ တကယ်ချစ်မိရင်သူတို့ အသက်တောင်မှပေးရဲတဲ့ သူတွေတွေ့ ဖူးပါတယ်
သူတို့ ချစ်တဲ့ သူလိမ်နေမှန်းသိရင်တောင်ယုံကြည်နေတာမိန်းမတွေရဲ့ စိတ်ပါ..အဲ့ စိတ်ကလဲအပြစ်တစ်ခုလို့ယူဆလို့ ရနိုင်ပါတယ်။အဲ့ လိုအတူနေပြီးမှပြတ်သွားတာကိုကျတော့ ဘယ်ပုဒ်မနဲ တရားစွဲမလဲ...၃၇၆ လား...မဖြစ်နိုင်ဘူး..သူအလိုတူလို့ အတူနေပြီးအခုမှ၃၇၆ ပုဒ်တပ်လို့ မရတော့ ပါဘူး...အွန်လိုင်းမှနေပြီးကာမလိမ်လည်ရယူမှုတွေရှိနေလို့ တရားစွဲနိုင်မဲ့ ပုဒ်မတစ်ခုတော့ လိုချင်မိတယ်..
နှစ်ဥိးသဘောတူပေမဲ့ ကျောရရုံကြံသွားတဲ့ ယောက်ျားတွေအတွက်ဘယ်လိုအပြစ်ကထိုက်တန်မလဲ
Death Note လိုစာအုပ်ရှိလို့ ကတော့ စုံစမ်းပြီးနာမည်တွေချရေးပစ်မှာသေချာပါတယ်..အဲ့ လိုလူတွေရှိနေလို့ 
ယောက်ျားကောင်းတွေဟာနာမည်ပျက်ပြီးအရှက်ရနေတာပါ...ညွှန်းတဖက်သက်မပြောပါဘူး
တကယ်ချစ်လို့ တကယ်အပြင်မှာလက်ထပ်သွားတာတွေရှိပါတယ်...နည်းလွန်းပါတယ်.....
ဒိပို့ စ်ရေးတာရိုင်းတာပါရင်တောင်းပန်ပါတယ်....ဒီပို့ စ်ဟာအွန်လိုင်းကနေမိန်းကလေးတွေရဲ့အရှက်နဲ့ သိက္ခာကို
420လုပ်နေတဲ့ ယောက်ျားလေးတွေဆင်ခြင်နိုင်အောင်ေ၇းပေးတာပါ..မိန်းကလေးတွေလည်းချစ်၇င်ဥိးနှောက်သုံးဖို့ ပါ
အဲ့ လိုလိမ်ညာရယူနေတဲ့ ယောက်ျားတွေဟာသူတို့ သာအဲ့ လိုမတရားလုပ်ရင်လုပ်မှာပါ.သူတို့ နှမ.အစ်မတွေသာအဲ့ လိုဖြစ်ရင်တော့ တုတ်တွေဓားတွေနဲ့ သတ်မယ်.ဖြတ်မယ်ဖြစ်ကြမှာပါ...နှမချင်းမစာနာတာကိုပြောတာပါ..အမျိုးထိတော့ သိလိုက်တာ..သူတို့ ကျတော့ ဒီကမတရားခံလိုက်ရတဲ့ မိန်းကလေးတွေကျတော့ ဘယ်လိုခံစားရမလဲ...
အပျော်တွဲတာကိုလက်ခံပါတယ်...အပျော်အတူနေတာကိုတော့ လက်မခံနိုင်ပါဘူး...
နောက်ဆုံးအနေနဲ့ အွန်လိုင်းမှာယောက်ျားအားလုံးကိုမကောင်းဘူးမပြောပါဘူး
ကောင်းတဲ့ သူတွေရှိပါတယ်.သူတို့ တွေကိုချီးကျူပါတယ်.လေးလဲလေးစားပါတယ်
အဲမကောင်းတဲ့ သူတွေလဲရှိတာကိုတော့ မမေ့ပါနဲ့ ..
အပျော်ကြံနေတဲ့ အကျင့် လေးတွေကိုပြင်ပြီးးသစ္စာရှိရှိချစ်နိုင်ဖို့ မျှော်လင့် ပါတယ်....
မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစေချင်မရှိပါ............