သေကံမရောက် သက်မပျောက်ပဲ KIAမှ လွတ်မြောက်လာခြင်း
Posted on 23.10.2011 by
phoaung008
ဒီအချိန် ကချင်ပြည်နယ် ဝန်ထမ်းအချို့တွေအတွက် မလွယ်လှ ။ အထူးသဖြင့် မြန်မာ့ဆက်သွယ်ရးလုပ်ငန်း KIA လမ်းကြောင်းရှိရာ လိုင်ဇာ ဗန်မော် ဒေါ်ဖုန်းယံ မြို့သစ် ဆင်ဘိုအနီးရှိဝဲကြီးတောင် တာလောကြီး မလိယန်တော် ဝါရှီဘွန်တောင် CDMAစခန်းများ မိုက္က၈ိုဝေဗ့်စခန်းများအတွက် ပိုမိုမလွယ်ကူလှး။ ဗန်မော်မှသူငယ်ခြင်း မြင့်ဇော်ဦး ခေါက်ဆင့်စခန်းတွင် မိုက္က၈ို စက်ပစ္စည်းများသွားရောက်ဖြုတ်ယူရင်း KIA လက်အတွင်းသို့ ကျရောက်ခဲ့ပြီ။
သူတို့လက်တွင် ကျရောက်ပြီဆိုလျှင် လွယ်အံမထင်။ ပြေးရင်လဲ လွတ်အောင်ပြေး မလွတ်က သက်မည် သေမည်ထင်။
ဆက်သွယ်ရေး၏ လျှို့ဝှက်ချက်များ အဓိကပွိုင့်များ မေးမြန်းခိုင်းစေပါက လုပ်လျှင်လုပ် မလုပ်လျှင် ခြိမ်းခြောက်မည် ညှင်းစဲးမည် အသက်ခံရမည်လားမသိ။ မြို့သစ်မိုက္က၈ိုစခန်းမှ အသိတစ်ယောက်လဲ စခန်းဝင်စီးရင် အပြစ်ခက်ခံရသည်။ တောထဲတွင် အလောင်းရှာရန် ခက်ခဲနေသဖြင့် ရှင်သည်လား သေသည်လား အတိအကျ မသိရသေး။ သူတို့လက်တွင်ပါသွားသူအဖို့ ခိုင်းတာလုက်မလား သေမလား ဒီနှစ်လမ်းသာစဉ်းစားဘို့သာရှိသည်။ ကျွန်တော်အတွက်ကတော့ လက်နက်ကိုင်ခြင်း အကြမ်းဖက်ခြင်းအလုပ်ကို ဘယ်သောအခါမျှမလုက်လို။ စားဝတ်နေရေး
အတွက် ဒီဆက်သွယ်ရးအလုပ်ကလဲ မလုက်လို့မဖြစ်ပြန်။ ဘယ်လိုပဲဖြစ်ဖြစ် အတက်နိုင်ဆုံးတော့ သတိထားပြီး လုက်ကိုင်နေရသည်။
တော်သလင်းလပြည့်နေ့ညပိုင်းတွင် တာလောကြီး ဥက္ကဌဟောင်းဦးဆန်းထူကို ဖမ်းကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
သူအကြောင်းနှင့်သူမို့ ကျွန်တော်အတွက် တစ်နေ့ရောက်လာလိမ့်မည်ဟု မထင်ခဲ့ မတွေးခဲ့။ ကျွန်တော်လဲ ဘာမဟုက်တာမျှမလုက် မတရားတာမလုက် အားလုံးနှင့်အတက်နိုင်ဆုံး အဆင်ပြေအောင် ကောင်းအောင်နေသည်။ ဒီတော့ ကိုယ့်ယုံကြည်ချက်နှင့်ကို ။သိပ်ပြီးတော့လဲ မလန့်လှ မကြောက်လှ။ ကျွန်တော်စခန်းတွင် စစ်တပ်အစောင့် ရဲအစောင့် ဘယ်သူမျှဘယ်နှစ်ယောက်မျှမရှိ။ ဒါလဲ ကောင်းပါသည်။ နိုမဟုက်ရင် သူတို့အခြင်းခြင်းပြစ်ခတ်ရင်း ကျွန်တော်ပါကြားညပ်သေသွားနိုင်သည်။
တခါတလေ ညတရေးနိုးတိုင်း သူတို့လှုပ်ရှားမှုတချို့ကို ညအမှောင်တွင် ကျွန်တော် ဝိုးတို့ဝါးတား မြင်ရတက်သည်။ သူတို့၏ လုပ်ဆောင်ချက်များ
အားနည်းချက်များ အားသာချက်များ ကျွန်တော်မျက်ဝန်းတွင် အတိုင်းသား
8.10.11 နေ့တွင် မိုးပြိုခဲ့သည်၈ှိသော်ဆိုသည့် စကားပုံအတိုင်း ကျွန်တော်၏ ပြည်နယ်မန်နေဂျာထံသို့ ကျွန်တော်စခန်းအတွက် အခြေအနေ မကောင်းကြောင်းကို သတင်းပို့ခဲသည်။
ပြည်နယ်မန်နေဂျာသည် ကျွန်တော်၏စခန်းအတွက် လုံခြုံရေးချထားရန် စီစဉ်ပြီး အခြေအနေထူးခြားမှု၈ှိပါက ပြန်လည်သတင်းပို့ရန်မှာကြားခဲ့လေသည်။
ကျွန်တော်၏တပြည့်ကျော်မှာလဲ ကျွန်တော်အားခွင့်တိုင်ပြီး နေရပ်ရွှာသို့ ခ္တေခဏပြန်သွားသောကြေင့် ညပိုင်းတာဝန်ဝတ္တရားများအတွက် ကျွန်တော် အိပ်ရေးပျာက်ရလေပြီ။
10.10.11 နေ့ ပိုင်း ၇နာရီတွင် ကျွန်တော် ထမင်းစာပြီး ကျွန်တော်၏ခယ်မဖြင့် စကားကောင်းနေဆဲ။ ညပိုင်း ၈ နာရီသို့ ရောက်သောအခါ ဘေးအိမ်မှမိန်းကလေးအဖော်အဖြစ် ညဆွမ်းချက်ကူ
အတူကူအိပ် မနက်ဆွမ်းပို့ရန် ခေါ်သွားလေသည်။
အိပ်ရေးပျက်သောညများအတွက် ကျွန်တော်သည် အိပ်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
ကျွန်တော်အမျိုးသမီးအား ကျွန်တော်အား ညဆယ်နာရီခွဲမှနိုးရန် မှာပြီး
အိမ်အပေါ်ထပ်သို့တက်ကာ ကျွန်တော် အိပ်လေသည်။
တဝုန်းဝုန်းဆူသံများကြောင့် ရုတ်တတရက် ကျွန်တော နိုးလာခဲ့သည်။ အိပ်ရေးမဝသ ရုတ်တရက်နိုးလာသဖြင့် စိတ်ဆိုးစွာဖြင့် ကျွန်တော်လှန်းကြည့်လိုက်သည်။
`ဟာ သွားပြီ ဘယ်လိုအကြောင်းများကြောင့် KIAတို့ ရောက်ရှိလာကြသနည်း။ သတင်းပေးမှားသဖြင့် ကျွန်တော်စခန်းသို့ရောက်ရှိလာခြင်းဟုသာ ကျွန်တော်ထင်ပါသည်။
ကျွန်တောမိသားစုများ ဘယ်ရောက်ဘယ်ပျောက်ကုန်ကြသနည်း။ကျွန်တော်စိတ်ပူသွားသည်။
သူတို့ အိမ်အောက်ထပ်နှင့်၈ုံးခြံပတ်လည်တွင် လိုက်ရှာကြသည်ထင်။
အင့်အား ၇ယောက်ခန့် ကျွန်တော်ဆီသို့ ဓါတ်မီးဖြင့်ထိုး သေနတ်ဖြင့်ဝိုင်းချိန်ကာ ကျွန်တော်ဆီသို့ ချဉ်းကပ်လာကြသည်။
အနားရောက်မှ ကျွန်တော်ကို ဖမ်းခြုပ်ကာ လည်ပင်းကို ကြိုးဖြင့် ချည်နှောင်ထားလေတော့သည်။
ကျန်တဲ့လူတွေ ဘယ်ရောက်ကုန်ပြီလဲ။
မသိဘူ ကျွန်တော်အိပ်ပျော်နေတာ။
သေနပ်ရှိလား။
မရှိဘူး။
ပြောလို့သာရရင်တော့ ကျွန်တော်က လက်နက်ကိုင်အဖွဲ့အစည်းမှမဟုက်တာ ဘယ်လိုသေနပ်ရှိရမှာလဲလို့သာ ပြောလိုက်ချင်သေးသည်။
ခြင်ထောင်ထဲ အိပ်ယာထဲမချန် ကျွန်တော်မိသားစုကို လိုက်ရှာကြသည်။
သူတို့အပြင်ရောက်နေကြသည်ထင်သဖြင့် ကျွန်တော်စိတ်သက်သာရာ ရခဲ့လေသည်။
လာစမ်းဟု ကျွန်တော်ကို သေနပ်ဖြင့်ထောက် ကျွန်တော်အိပ်ခန်းထဲသို့ ကြိုးဖြင့်ဆွဲခေါ်ပြီး သေတ္တာသော့ကို ဖွင့်ခိုင်းလေသည်။
တကယ် သေနပ်ရှိသည်ထင်လို့လား ပစ္စည်းယူချင်လို့လား ကျွန်တော်မသိ။
သေတ္တာပွင့်သွားသောအခါ သူတို့မွှေနှောက်ရှာဖွေကြသည်။
ကျွန်တော၏ချွေးနည်းစာများဖြစ်ကြသော ရွှေထည်လက်ဝတ်လက်စားထည့်ထားသော ဘူးကလေးများ ထွက်ပေါ်လာသည်။ အင်း ငါ့ပစ္စည်းလေးတွေတော့ သွားပါပြီဟု စိတ်မှာ ထင်လိုက်သည်။
နောက်ထပ်ကျန်ရှိနေသည့် သောခက်မထားသောသေတ္တာတစ်လုံးကို ဖွင့်ခိုင်းသဖြင့် ကျွှန်တော်ဖွင့်ပြလိုက်သည်။
ကျွန်တော်ကို အပြင်သို့ဆွဲထုတ်ခေါ်ဆောင်သွားသောအခါ ကျွန်တော်သေတ္တာအတွင်းရှိ ကျွန်တော၏်လက်ဝတ်လက်စားဘူးများကို
တစ်ချက်ပြန်ကာ ငဲ့ကြည့်မိသည်။ ဘယ်သူလက်ချက်ကြောင့် ပျောက်ဆုံးသွားသည်မသိ။ ကျွန်တော်ချွေးနည်းစာကလေးများ မရှိတော့ပါ။
ကြိုးတုပ်ထားတေသာ ကျွန်တော်ကို သေနတ်ဖြင့်ထောက်ပြီး အိမ်အောက်သို့ ဆင်းခိုင်းပါသည်။ အရေးထဲ ကျွန်တော်ကလဲ တစ်မျိုး။ ဖိနပ်မပါ ခြေဗလာဖြစနေသော ကျွန်တော်ခြေထောက်တစ်စုံအတွက် ဖိနပ်ဖိနပ်ဟု အတင်းအော်ကာ ဖိနပ်စီးဘို့ ကြိုးစားနေသေးသည်။ ဘာဖိနပ်လဲဟု ဆောင့်အတွန်းခံလိုက်ရမှ ကျွန်တော် စက်များရှိရာ စခန်းအတွင်းသို့ ချေဗလာဖြင့် ရောက်ရှိခဲ့သည်။ မင်းတို့စခန်းရှိလို့ ငါတို့တ၈ုတ်ဖုန်းတွေ မရတာ မင်းတို့ တ၈ုတ်လိုင်းကို ပိတ်တယ်မဟုက်လားဟုမေးပါသည်။ ဘာမပိတ်ရမလဲဟု ကျွန်တော်ကို ကေအိုင်အေတစ်ယောက်မှ ဟိန်းဟောက်လိုက်ပါသည်။ ကျွန်တော် ဘာမျှပြန်မပြောတော့ပါ။ တရား၈ုံးတွင် ကျွန်တော်တရားမျှမျှတတ အစစ်ခံနေရခြင်း မဟုက်သဖြင့် ကျွန်တော်အတွက် ဘာကောင်းကြိုးမျှရှိမည်လဲမဟုက်။ ဘယ်စက်တွေက အရေးကြီးဆုံးလဲဟု သူတို့မေးပါသည်။ ဒီစက် ဒီစက်တွေပါဟု ကျွန်တော် ပြန်ဖြေပါသည်။ အဲဒီစက်တွေပိတ်လိုက်ရင် ဖုန်းတွေ ဆက်လို့မရတော့ဘူးမဟုက်လားဟု မေးပါသည်။ မရတော့ဘူး။ ဒါဆိုရင် ဖြုတ်ဟုပြောပါသည်။ ဝက်အူလှည့်ဖြင့်တပ်ဆင်ထားသော စက်ကို ကျွန်တော်လက်ခြည်းသပ်သပ်ဖြင့် ဘယ်လိုဖြုတ်နိုင်မည်နည်း။ ဒီအတိုင်းဖြုတ်လို့မရဘူးဟု ကျွန်တော် ပြန်ဖြေလိုက်သည်။ ဖုန်းကနဲဆို ကျွန်တော်နာရင်းတစ်ချက် အအုတ်ခံလိုက်ရသည်။ မင်းကလီကမာမလုက်နဲ့ ညာဏ်နီညာဏ်နက်များမယ်မကြံနဲ့။ မင်းတို့ အစိုးရလဲ အရမ်းညာဏ်နီညာဏ်နက်များတယ် ဖြုတ်ဟူ၍ နောက်ထပ် အတင်းအကျပ်ခိုင်းပါတော့သည်။ ကျွန်တော်လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ကား၍ ဒီအတိုင်းဖြုတ်လို့မှမရတာဟု ခပ်ကြယ်ကြယ် ပြန်ပြောလိုက်သည်။ ဝက်အူလှည့်ပါမှ ဖြုတ်လို့ရမယ်ဟု ကျွန်တော် ပြန်ဖြေလိုက်ရသည်။ ကျွန်တော်၏ အင်ဂျင်စက်ခန်းအတွင်းသို့ ဝက်အူလှည့်နှင့် ဆိုဒ်ခွများရှာဖွေယူဆော်လာ၍ ကျွန်တော်၏ ရှေ့မှောက်တွင် ပြစ်ချပေးပြီး ရော့ဖြုတ်ဟူ၍ ခပ်ကြမ်းကြမ်း ပြောပါတော့သည်။ ကျွန်တော်ပုံမှန်ဖြုတ်နေစဉ်အတွင်း ကေအိုင်အေငယ်သားတစ်ယောက်မှ မြန်မြန်ဖြုတ်ဟု ကြိမ်းမောင်းပါတော့သည်။ သို့သော် သူတို့ခေါင်ဆောင်ဟု ယူဆရသူကတော့ အေးအေးဆေးဆေးဖြုတ် ငါတို့ တစ်ညလုံး အချိန်ရတယ်ဟူ၍ ပြန်ပြောပြန်သည်။ မေးချင်တိုင်း မေးခွင့်ရမယ်ဆိုရင်တော့ တစ်ယေက်ကမြန်မြန်ဖြုတ် တစ်ယောက်က အေးအေးဆေးဆေးလုပ် ကျွန်တော်ဘယ်လိုလုပ်ရမလဲဟုသာ မေးလိုက်ချင်သေးသည်။ သူတို့ခေါင်းဆောင်ဟုယူဆရသူသည် ထိုင်ခုံယူ၍ အေးအေးဆေးဆေးထိုင်ကာ ကျွန်တော်လုပ်သမျှကို ကြည့်နေတော့သည်။ လည်ပင်းကိုကြိုးချည်ထားသော ကျွန်တော်ကို ကြိုးကိုင်၍ သေနတ်ဖြင့်ထောက်ထားသောသူကတော့ တစ်ယောက်။ ကျွန်တော်ဘေးမှာ ချေယောင်ပြ၍ ပတ်ပြေးနေသူက တစ်ယောက်။ ကျွန်တော်ဖြုတ်ပြီးသမျှသော ပစ္စည်းများကို ယူ၍၈ိုက်ခွဲးဖျက်ဆီးနေသူများမှာ လေးငါးယောက်လောက်ရှိမည်ထင်သည်။
ဒါက ဘာလဲ ကျွန်တော် စက်ကို အအေးပေးထားသော ပန်ကာကို ယူလာ၍ မေးလေသည်။ ကျွန်တော်ကလဲ ပန်ကာဟု ပြန်ဖြေလိုက်သည်။ ဘာလုပ်တာလဲဟုပြန်မေးပြန်သည်။ စက်ကို အအေးပေးတာဟု အဖြေ၊ သူပန်ကာကို ဝုန်းကနဲနေအောင် ကျွန်တော်၏ရှေ့တွင်ပင် ၈ိုက်ချိုးဖျက်ဆီးလိုက်ပါတော့သည်။
ဘာအကြောင်းကြောင့်နည်း အဘယ်အတွက်ကြောင့်နည်း။ ကျွန်တော် မည်သူတစ်ဦးတစ်ယောက်၏ ပစ္စည်းကိုမျှလဲ မဖျက်ဆီးဘူးပါ။ မည်သူတစ်ဦတစ်ယောက်ကိမျှ စိတ်ထိခိုက်ဆင်းရဲအောင်လဲ မလုပ်ခဲ့ဘူးပါ။
ဒါပေမဲ့ ကျွန်တော်ကျမှ ဘာအေကြောင်းကြောင့် ဒီလိုဖြစ်ရသနည်း။ ကျွန်တော် စီတ်မကောင်းဖြစ်သွားခဲ့သည်။ ကျွန်တော် ဘယ်လိုပဲ ဆင်းရဲ ဆင်းရဲ တရားမျှမျှတတသာလျှင် စာဖွေစားသောက်ခဲ့သည်။ ကျွန်တော်၏ချွေးနည်းစာများကို ပင်ပင်ပန်းပန်းစုဆောင်းခဲ့သည်။ ကျွန်တောရပိုင်ခွင့်ကိုပင် ကျွန်တော် ကျေးရွာအတွက် ၈ုံးအတွက် ကျွန်တော် သုံးစွဲခဲ့သည်။ ဒါနဲ့များတောင် ကျွန်တော် ဘယ်လိုဖြစ်နေသနည်။ ကျွန်တော် ဝမ်းနည်းမိသည်။
သူတို့စိတ်တိုင်းကျဖျက်ဆီးပြီးသောအခါ ကြိုးတုပ်ထားသော ကျွန်တော်ကို စစမေးပါတော့သည်။
နာမည်ဘယ်သူလဲ။
အိုက်ဟိုင်းပါ။
အဖေနာမည်။
ဦးစိုင်းလင်း
အမေနာမည်
ဒေါ်နန်းဆာ
ဘာလူမျိုးလဲ
ရှမ်းဗမာ
ပြသနာ ဗမာလူမျိုးဆိုလျှင် အယုံအကြည်နည်းပါးသူတို့ကို ဗမာဟု ထည့်ပြောမိလေပြီ။ လွှတ်ကနဲပြောပြီးမှတော့တက်နိုင်။
ထို့နောက် ဘာရှမ်းလဲဟုမေးပါတော့သည်။
ဟာ ရှမ်းကြီးပဲဟူ၍ ကျွှန်တော်ကို စစ်မေးသူက ရေရွတ်ကာ သတို့စကားပြောစက်မှတဆင့်  ပြောသံများနှင့် ကချင်လို ပြောသံများကို ကျွန်တော် ကြားနေရသည်။
ဒီ အခြေအနေအထိ ကျွန်တော် စိတ်မလှုပ်ရှားသေးပါ။
ခေတ္တကြာသောအခါ ကျွန်တော်ကို စိဒိအမ်အေ၈ုံးရှေတွင် လက်ပြန်ကြိုးတုပ်၍ တိုင်မှာကြိုးတုပ်ကာ ချည်နှောင်ထားပါတော့သည်။
ကဲငါတို့ ဒီနေရာကို မိုင်းခွဲးမယ်။ မင်းကိုဒီမှာ ကြိုးတုပ်ပြီးထားခဲ့မယ်။ မင်းအဲဒီမှာ သေပါစေနော်။
ဟာ အဲဒီလိုတော့ မလုက်ပါနဲ့ဗျာ။
ကျွန်တော် တော်တော်ထိတ့်လန့်သွားသည်။ တကယ်သေမည့်အရေး သေမည့်ဘေးကို။ အချိန်တို ခဏတာအတွင်းမှာ ကျွန်တော်၏စိတ်အဖြစ်အပျက်တို့သည် ကုဍေကုဍာပေါင်းမြောက်များစွာ။
ငါ ငါ............။ သွားပြီ ဘယ်လိုသေရတော့မလဲ ။ သူတို့ခွဲသောမိုင်းနှင့် တစ်စစီဖြစ်ပြီး ချက်ချင်းသေမှာလား။ ဝေဒနာတွေ မချည့်မဆံ့ဝေဒနာတွေ အကြာကြီးခံ ဒါဏ်ရာပြင်းထန်စွာဖြင့် ညည်းညူ၍သေရမည်လား။
ဘုရားစာတွေ ဂုဏ်တော်လား စိန္တာမဏိလား ဘာရွတ်ရမလဲ။ ကျွန်တော်၏စိတ်တို့သည် လူလားဗြောင်ဆန်နေတော့သည်။
ကျွန်တော် ဝန်းနည်းစွာဖြင့် ၈ှိုက်ကြီးတငင် ပြင်ထန်သော သက်ပြင်းကို သုံးခါတောင်၈ှိုက်မိသည်။ အို ဝမ်းနည်းမနေပါနဲ့ ဝမ်းနည်းနေလို့ ဘာထူးလာမှာလဲ။ ဖြစ်သမျှအကြောင်း အကောင်ပဲပေါ့။ ငါသေနိုင်ပြီလား ။ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ကြည့်သည်။ မသေနိုင်သေးပါဘူးဟုတော့ အဖြေပေးစဲ။ စိတ်အစဉ်မှာ မသေနိုင်သေးပါဟု ပြန်လည်ချေပနိုင်သောလဲ မိမိ၏စိတ်တွင် တိတ်တခိုး ယုံကြည်မိခဲ့သော်လည်း ကြောက်ရွံစိုးရိမ်စိတ်တို့သည် ကျန်ရှိနေဆဲ။ စိတ်ထဲမှ သရဏဂုဏ်ကိုသာ ခပ်ကျဲးကျဲး ရွတ်ဆိုနေမိတာ့သည်။
ကျွန်တော၏စိတ်တို့သည်လဲ လျှင်မြန်စွာ ဟိုရောက်ဒီရောက်နှင့် ပြင်းထန်စွာ ယေက်ယက်ခက်နေတော့သည်။
မတက်နိုင်ပါ ဘာပဲဖြစ်ဖြစ်ကံအတိုင်းပဲရှိစေတော့။
နည်းနည်းကြာသောအခါ ကေအိုင်အေထဲမှ တစ်ယောက်ကကျွန်တော်ကို စကားလာပြောပါတော့သည်။ မင်းအခုနတုန်းက အရမ်းငိုတယ်ရော။ တော်တော်ကြာက်သွားသလား။ ကျွန်တော် မငိုပါ သို့သော် သူကျွန်တော်ငိုတယ်လို့ ဘယ်လို ထင်သွားသည် မသိ။ ကျွန်တော်ကလဲ ဟာ လန့်တော့လန့်တာပေါ့ဗျာ။ မင်းအသက် ဘယ်လောကရှိပြီလဲ။ 33နှစ်ပါ။
ဟာ အဲဒီလောက်တောင်ရှိပြီလား ဟားဟားဟားဟူ၍ ပြင်းထန်စွာ ရယ်ပါတော့သည်။ ကျွန်တော်သည် ပုပုသေးသေးဖြစ်နေပါသဖြင့် ညအမှောင် မထင်မရှားမှာ ကျွန်တော်၏အသက်ကို ငယ်ရွယ်သူဟူ၍ သူတို့ ခန့်မှန်းထားပုံ ရပါသည်။ ဘေးအိမ်မှ ၄င်းရယ်သံကိုကြားသောအခါ အိုက်ဟိုင်းအား သူတို့ ကြိုက်သလို နှိက်စက်ကာ သဘောကျလွန်း၍ ရယ်နေချင်းဖြစမည်ဟု ကောက်ချက်ချကြ၍ ကျွန်တော်အား လွှန်စွာ သနားနေကြပါတော့သည်။
မင်းဘာဘွဲ့ရပြီးပြီလဲ။
ကျွန်တော်ဘွဲ့မရပါ။ 10တန်းသာအောင်ပါသည်ဟုဆိုပြီး GTI ကျောင်ဆင်းဆိုသည်ကို မပြောပဲ ချန်လှပ်ထားလိုက်ပါသည်။
မင်းငါတို့နဲ့လိုက်ခဲ့ပါလား ပိုက်ဆံတွေအများကြီးရမယ်ဟုလဲ ပြောသေးသည်။
ကျွန်တော်မှာ သားမယားတွေနဲ့ဟူ၍သာ ကျွန်တော်ပြန်ဖြေလိုက်သည်။
မင်းဒီအစိုးရအလုက်ကို ဘာဖြစ်လို့လုက်တာလဲ။
ကျွန်တော်အရွယ်မရောက်ခင် အဖေဆုံးသွားလို့ပါ။
မင်းတခြားအလုက်တွေ လုက်စားစရာ အများကြီးရှိတဲ့ဟာကို။
မင်းတို့ရှမ်းတွေ ဘာလုက်နေလဲ သိလား။
ကျွန်တော်ကလဲ ဟုက်ဟူ၍သာ ပြန်လည်ဖြေလိုက်ပါတော့သည်။
နောက်ဒီအလုက်ကို မလုက်နဲ့ ကြားလား။
ဟုက် ကျွန်တော်မှာ တဟုက်တည်းသာ ဟုက်နေရပါတော့သည်။
နောက်ထပ် ကေအိုင်အေတစ်ယောက်က ဒီဆက်သွယ်ရေးစခန်က စစ်ကြောင်းသုံးလား။
မဟုက်ပါဟု ကျွန်တောပြန်ဖြေလိုက်သည်။
ဘာမဟုက်ရမှာလဲ ဒီစခန်းကို ဘယ်သူပိုင်တာလဲ။
အစိုးရပိုင်တာပါ။
စစ်တပ်ဆိုတာလဲ အစိုးရမဟုက်ဘူးလား။
ဟုက်ပါတယ်။
အေးနောက်ဆိုရင် စကားပြေရင် ကြည့်ပြောဟူ၍ ကျွန်တော်ကို ဆူပူကြိမ်းမောင်းပါတော့သည်။
ထို့နောက်ကေအိုင်အေတစ်ယောက်က တိုင်မှာလက်ပြန်ကြိုးတုပ်ထားသော ကျွန်တော်ကို ပါစပ်တွင် အဝတ်ပြန်လည်၍စည်းပါတော့သည်။
ခေတ္တကြာသောအခါ လာ မိုင်းခွဲရင် မင်းလွတ်မှာမဟုက်ဘူးဟုဆိုကာ ကျွန်တော်ကို ၈ုံးအတွင်းကြိုးတုပ်ထားရာမှ ၈ုံးရှေမှ ဦးညိုဒေါ်သောင်းအိမ်ရှေတိုင်တွင် ပြည်လည်၍တုပ်ထားပါတော့သည်။
ခေတ္တပြန်လည်၍ကြာလာသောအခါ ဟင်းဒီမှာလဲ လွတ်မှာ မဟုက်ဘူးဆို၍
ဒေါ်တင်မိ အိမ်ရှေ့တွင် ပြန်လည်၍ကြိုးတုပ်ပါတော့သည်။
သူတို့ လုက်ကိုင်နေစဉ်အတွင်းတွင် ကျွန်တော်အား ခေါင်းငုံ့ထားဟု ပြောပါသည်။
ထိုအချိန်အတွင်းမှာပင် CDMAစခန်းအား ဖောက်ခွဲးဖျက်ဆီးပါတော့သည်။
ပထမ ကျွန်တော်ကြားရသော အသံများမှာ အချက်နှစ်ဆယ် ဝန်းကျင်ခန့်ရှိပါသည်။
ကျွန်တော်၏စိတ်ထဲမှာတော ဟာ သွားပြီ ဘာတွေဘယ်လောက်အထိ ပျက်စီးကုန်ပြီလဲဟုသာ တွေးနေမိတော့သည်။
သို့သော် စခန်းအတွင်းရှိ လျှပ်စစ်အင်ဂျင်မှာတော့ လည်ပက်နေဆဲ။
အတန်ကြာသောအခါ အင်ဂျင်ခန်းဘက်တွင် ပေါက်ကွဲးသံများ ဆက်လက်ကြားရပါတော့သည်။
သို့သော အင်ဂျင်လည်ပက်မှုမှာ ရပ်မသွားပဲ ဆက်လက်လင်းနေသည့် 20watt အီကြာကွေးမီသီးမှ လျှပ်စစ်မီးရောင်ကို ကျွန်တော် ဆက်လက်၍မြင်နေရဆဲ။
ပေါက်ကွဲးမှု ၈ချက်မြောက်သောအချိန်တွင် အင်ဂျင်လည်ပက်သံ ရပ်စဲသွားပါတော့သည်။
ထိုအချိန်တွင် စခန်းအတွင်းရှိမီးများမှာ အမှောင်အတိ။
မနက်ဖြန်ကျရင် မင်းဒီရွာကနေ ချက်ချင်းပြန် နောက်ဒီမှာ လာလုက်မစားနဲ့ ကြားလား ဝန်နင်နော်ဟူ၍ ကေအိုင်အေထဲမှတစ်ယောက်က ကွန်တော်အား ပြောခဲ့ပါသေးသည်။
ထို့နောက် သူတို့အင့်အား၇၀လုံး CDMAစခန်းအတွင်းမှ အဆင့်ဆင့် ထွက်ခွါကြတော့သည်။
ကျွန်တော်အား ခေါ်ဆောင်သွားမည်လောဟုသာတွေး၍သာ ကျွန်တော် စိုးရိမ်စိတ်များနေခဲ့သည်။
ထို့နောက် နောက်ဆုံးတစ်ယောက်က မင်းကို ကြိုးတုပ်ပြီး ထားခဲ့မယ် မင်းမိန်းမ လာဖြည်ပေးပါစေ။ ခေါင်းငုံထား မော့မကြည့်နဲ့ ငါတို့ပြန်လာခဲ့မယ်ဟူ၍ပြောဆိုထွက်ခွာသွားပါတော့သည်။