ကြောက်တက်ခြင်း
Posted on 13.10.2009 by
phoaung008
ငယ်ငယ်တုန်းကတော့ သေမှာကို ကြောက်တယ်။
အိမ်ရှေ့ကို အသုဘဖြတ်သွားရင်တောင် ထွက်မကြည့်ရဲဘူး။
သေခြင်းတရားထဲမှာ ကိုယ်မပါခြင်လို့လေ။ သေမဲ့လူထဲမှာ ပါသွားမှာကြောက်လို့ပါလေ။
နည်းနည်းအသက်ကြီးလာတော့ သေဘို့ဆိုတာရှောင်လွဲးလို့မရဘူးဆိုတာ နားလည်လာခဲ့တယ်။
ဒီတော့ သေဘို့ထက် ပြင်းထန်စွာ နာနာကျင်ကျင်ခံစာရမဲ့ ဒုက္ခဝေဒနာကိုပဲ ကြောက်တက်လာခဲ့တယ်။
နောက်ထပ်ပိုပြီးရင့်ကျက်လာတော့ ဒုက္ခဝေဒနာထက် သတိတရားလွတ်တာဟာ ပိုပြီးကြောက်ဘို့ကောင်းမှန်း သိလာခဲ့တယ်။
ဒါက လွယ်တော့မလွယ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တတွေဟာ မရေတွက်နိုင်တဲ့ ဘ၀ပေါင်းအသင်္ချေပေါင်းများစွာမှာ သတိလက်လွတ် နေခဲ့တဲ့ အကျင့်ကြီးကရှိနေသေးတယ်လေ။
ဒါကြောင့် အားလုံးပဲ ကောင်းတဲ့ သတိတရားတွေ မြဲးနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။