ကျွန်တော်ဘ၀ ကျွန်တော်အကြောင်း
Posted on 1.9.2009 by
phoaung008
အဖေကကျောင်းဆရာဆိုတော့ သူကိုတာဝန်ချတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရယ်မြို့ကိုသွားရတယ်လေ။ အဖေရဲ့ဇာတိချက်ကြွေမွေးရပ်မြေက ပေလေးပင်ရှင်လေးပါးထွန်းကားရာ တောင်တွင်းကြီးပေါ့ခင်ဗျာ။ အဖေကရှမ်းသွေးပါတယ်ဆိုပေမဲ့ အညာသားဗမာလို့ ပြောလို့ရပါတယ်။ အဲဒီမှာပဲကျွန်တော်အမေ ရှမ်းမစစ်စစ်နဲ့တွေ့တော့တာပဲ။
ကျွန်တောင်ဘ၀က အဲဒီမှာစတယ် ထင်ပါတယ်။
အဖေကကျောင်းဆရာဘ၀နဲ့ရှမ်းပြည်မှာနေရင်း တစ်နေတော့ ဇာတိ့နဲ့နီးတဲ့ သစ်ပုတ်ကုန်းဆိုတဲ၈ွာကို တစ်နေ့မှာပြောင်းေ၈ွ့ခွင့် ရခဲ့တယ်။