ဒီလိုနဲ့ 

Posted on 1.10.2009 by nyeinmahaw08

တခါတုန်း  က 

ဖေဖေ ရယ် ၊ မေမေရယ်

ကျွန်မရယ်  

ဘ၀တခုမှာပျော် ရွင်ကြဘူးတယ်..............  ။ 

ဖေဖေ ပြောတဲ့  စာရေးဆရာတွေအကြောင်းကို အားကျ

မေမေပြောတဲ့ အိပ်ရာဝင်ပုံပြင် တွေ နဲ့ မှေးစက် 

အဲဒီကမ္ဘာမှာ  တသက်လုံးနေချင်ခဲ့ ဘူးတယ်  ............။ 

ဒီလို နဲ့   

ဖေဖေ သူ ပြောခဲ့ တဲ့ စာရေးဆရာ တွေအကြောင်းမှာ 

အပြီး ထားခဲ့    

မေမေရယ် ၊ ကျွန်မရယ်  

ဖေဖေ ပေးခဲ့ တဲ့ လက်ဆောင်  ညီမလေး ရယ်  ..... 

ကွက်လပ်တခု မှာ    ၀င်ရပ်   မေမေ လက်ကိုတွဲ 

 ဒီလို နဲ့   

မေမေ က   သူပြောတဲ့ ပုံပြင် တွေ  အကြောင်းမှာ

ခဏတာ ထားခဲ့    ဝေးကွာတဲ့   နိုင်ငံတခု မှာ 

သားသမီးတွေ တွက်ရှေ့ ဆက်  ............ 

ဒီလိုနဲ့   

ကျွန်မရယ်  ညီမလေး တွက် 

ရှေ့ ဆက်မယ်လမ်း ကို ........... 

အပြုံး တခု   နဲ့    ကွက်လပ်နှစ်ခု မှာ ၀င်ရပ်  ...........  ။ 

ဒီလိုနဲ့ .....................................



Discussion

on 1.1.0001 says:
pyinnyarnanda on 6.10.2009 says:

ဒီလိုနဲ့ နောက်ဘ၀ကို မကူးချင်ဘူး

ဒီလိုနဲ့ ဒီဘ၀ထဲမှာ မနေချင်ဘူး

ဒီလိုနဲ့ ဘ၀တွေ သံသယာ လည်းမှာကြောက်တယ်

င်္ဒီလိုနဲ့ အသက်တွေ ကြီးလားပြီး

ဒီလိုနဲ့ သွားမှာလား

ဒီလိုနဲ့ ကျေနပ်နေမှာလား

ဒီလိုနဲ့ ရပ်တော့မှာလား

ဒီလိုနဲ့ သံသယ တွေထားတော့မှာလား

ဒီလိုနဲ့ ကုန်ဆုံသွားမယ်ဆိုရင်

ဒီလိုနဲ့ ပဲ ပြန်လည် တွေဆုံလိမ်မယ်နော်...

ayeayethin007 on 1.10.2009 says:

cHITTHAMEEGYI..!!!!!!

I  make myself poets.....

U  make  me PHILOSOPHER.

my dear...u are the anchors

that hold  me to life.

maymay

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← တော်သေးတယ်   Return to blog   မျက်ရည်စမ်းရေ →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.