ငါးပါးသီလတောင်းတဲ့ အခါ
Posted on 5.8.2009 by nyeinmahaw08
ငါးပါးသီလကို   ဗုဒ္ဓဘာသာဝင်တိုင်း  ရပါတယ် 
ခက်တာက အနက်အဓိပ္ပယ်ကိုသေချာ မလေ့လာမသိရှိကြတာ ပါ ချစ်သူငယ်ချင်း luckymay ကလဲ တော်တော်စပ်စပ်စုစု နဲ့ မေးတတ်ပါတယ်  အဲဒီတွက်  ဒီ ငါးပါးသီလ နဲ့ ပတ်သတ်ပြီးသိသင့် တာကို ရေးပြချင်တာပါ  
အဟံ ဘန္တေိ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေ ဘန္တေ လို့   ဆိုပါတယ်   
ငယ်ငယ် ကတော့ဆိုတာပဲသင်ပေးထားတဲ့ အတိုင်း အနက် ကိုမသိဘူး ရနေတာပဲ
ယမဟံ ၀ဒါမိ တံ ၀ဒေထ  လို့ ဆိုတယ်  အဲဒါဘာပြောတာလဲ နားမလည် ခဲ့ ဘူး ဘာမှန်းတော့မသိဘူး   ဘာလို လဲ ဆိုတော့မိရိုးဖလာ   ရှေ့ က လူကြီးက ဆို ရင်လိုက်ဆိုတာ ပဲ ဒီလိုလုပ်ဆို လုပ်တာ အဲဒါမကောင်းဘူး  လောကီ  လောကုတ္တရာ ဘယ်လိုမှ တိုးတက်မှာ မဟုတ်ဘူး  ကိုယ့် ကိုးကွယ်တဲ့ ဘုရား နဲ့ ပတ်သတ်တာ အများကြီး မသိရင်တောင် နားလည်အောင် လေ့ လာရပါမယ်  ဗုဒ္ဓ ဘာသာလို့ ပြောချင်ရင် လေ့ လာပါ သိအောင်လုပ်ပါ  ကျွန်မ ဟာ ငယ်စဉ်ကတည်း က အဖေ ကခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ အတွက်  ခရစ်ယာန်ကိုကိုးကွယ်ခဲ့ ပါတယ်ဒါပေမယ့့်မေမေကလဲ ဗုဒ္ဓ ဘာသာဝင်ဖြစ်တဲ့ အတွက် ဗုဒ္ဓ ဘာသာနဲ့ လဲမစိမ်းခဲ့ ပါဘူး  ဘာသာနှစ်ခု အကြားမှာတော်တော်လေ့လာခဲ့ ရပါတယ့်အရွယ်ရောက် လို့ ကိုယ့် ရဲ့ ကိုးကွယ်မူကိုလွတ်လပ်စွာရွေးချယ်ခဲ့ ပါတယ် အဲဒီနောက်မှာ လေ့ လာဖြစ်ခဲ့ ပါတယ်  ခု ထိလဲ လေ့ လာဆဲ ပါ ကျွန်မ ခု ရဲ ရဲ ပြောနိုင်တာက  တော့ ကျွန်မ သည်  ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ပါတယ် ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်အောင် လေ့လာကြိုးစား နေတဲ့ သူ သင်ယူ နေဆဲ သူတစ်ယောက်ဖြစ်ပါတယ် ဘာမှန်းမသိပဲယုံကြည် တာမျိုးကိုတော့လက်မခံနိုင်ပါဘူး ကိုယ်ယုံကြည်ကိုးကွယ်နေတဲ့ ဘုရားအကြောင်းကို သိသင့်လေ့ လာသင့်ပါတယ်  လို့ ထင်ပါတယ်
ကျွန်မ မသိခဲ့ တုန်းက အဲဒါ ဆုပေးတာထင်နေတာ 
ကျွန်မ တို့ က လဲ ပြန်ဆို ပါ  တယ်  အာမဘန္တေ အရှင်ဘုရားလို ပြန်ဆိုတယ်   အဲဒါကလိုက်ဆိုပါမယ်လို ၀န်ခံတာ  ပါ  
အဲဒါပြီးတာနဲ့ နမောတသ၁  ဘုရားရှိခိုး ပါတယ်  ဘုရားရဲ့ ဂုဏ်တော်တွေကို ရှိခိုးပြီးရင်ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံဂစ္ဆာမိ သုံးကြိမ်ဆို ပြီးရင်ဘုန်းကြီးက ပြောပြန်တယ်  ဘယ်လို ပြောပြန်လဲဆိုတော့
တိသရဏ  ဂမနံ ပရိပုဏ္ဏံလို  ဆို ပြန်တယ် 
အဲဒါဘာပြောတာလဲမသိပြန်ဘူး
တိသရဏ  ဂမနံ  သုံးပါးသော သရဏဂုံ ကိုမှီဝဲ ဆည်းကပ်ခြင်း သည်  ပရိပုဏ္ဏံပြည်စုံပြီလားလို့ မေးတာပါ
 အဲဒီတော့မှ အာမဘန္တေ ပါ  ပြန်ဆိုတယ်  ပြည့် စုံပါတယ်  လို့  ပြန်ပြောခြင်းဖြစ်ပါတယ် 
 ကဲ သူငယ်ချင်း   ရေ မင်းသိချင်တဲ့  ဘုန်းကြီး က သီလပေးတဲ့ အခါပြောတာဘာတုန်း ငါတို့ ကဘာပြန်ပြောတာတုန်းဆို တဲ့ မေးခွန်းလေးကိုငါ ပြန်ဖြေခဲ့ ပြီနော် 
Discussion
on 1.1.0001 says:
nyeinmahaw08 on 4.10.2009 says:
သာဓု သာဓု သာဓု ခေါ်လို့  ရေးရ တာ တန်ဘိုးရှိပါတယ်ရှင် 
mgcheint on 9.8.2009 says:
မင်းလူအဖေ....အာယုအဖေ......သုမောင်အဖေ....ဒူဝေေ၀......
phoaung008 on 6.8.2009 says:
၈ုပ်တုကိုကိုးကွယ်တာမဟုက်ပါဘူး။ မြတ်စွာဘုရားရဲ့  အကျင့်ကောင်းအကျင့်မြတ်တွေကို  လိုက်နာကျင့်ကြံကိုးကွယ်တာပါခင်ဗျာ။
တကယ်တော့ ဘုရားစကားကို နားမလည်တဲ့လူ လုံးဝနားမထောင်တဲ့လူဟာဗုဒ်ဓဘာသာ မဟုက်ပါဘူး။
soemyawin on 5.8.2009 says:
ကောင်းပါတယ်၊ သိသင့်တာတွေပါ။ တန်ဘိုးရှိတဲ့ အကြောင်းအရာတွေပါ။
83minlwin09 on 5.8.2009 says:
   THAT GOOD FRIEND
Add Comment
Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ဆင်ခြင်တွေးခေါ်ခြင်းကို ငြင်းပယ…   Return to blog   သင်ရုပ်တု ကို ကိုးကွယ်နေတာလား →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.