DREAM ANGLE
Posted on 11.5.2010 by
mylove001
သူဟာလေ
တိတ်ဆိတ်တဲ့ ညအမှောင်မှာ
ညဥ့်ချုံလွှာနဲ့ လရိပ်ဆောင်းပြီး
ငါမခေါ်ပါဘဲနဲ့ ငါ့အိမ်မက်တံခါးကို
လာလာပြီး ခေါက်တတ်တယ်။
ငါ့နှလုံးသားအထိ ၀င်ရောက်သိမ်းပိုက်ပြီး
ငါမေ့မရနိုင်တဲ့ သူ့ပုံရိပ်တွေနဲ့
အိမ်မက်တွေတစ်ပွေ့စာပေးပြီး
မိုးမလင်းခင်လေးမှာပဲ
ငါမနှင်ရပါပဲနဲ့
တိတ်တစိတ်သူလေထွက်ခွါသွားတတ်တယ်။
သြော် နေရောင်တောင်လာပါပေါ့
ဒါပေမယ့်ကွယ် မင်းထားခဲ့တဲ့ပုံရိပ်တွေနဲ့
ငါ့အတွက်တော့အခုအချိန်အထိ
မိုးမလင်းသေးပါဘူးကွယ်
မင်းပေးခဲ့တဲ့အိမ်မက်တွေ
ဆက်မက်လို့ကောင်းနေတုန်းပါပဲ............။
(လမင်းသစ်)