ချစ်သူထံသို့ပေးစာ(The last leaf)

Posted on 30.9.2009 by mylove001

သို့....................
ချစ်သူရေ ကိုယ် အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ် ..........။တစ်ခါက ပူပြင်းတဲ့နွေရာသီတစ်ခါသမယတစ်ခုမှာပေါ့ သစ်ပင်တစ်ပင်ပေါ်မှာ သစ်ရွက်ကလေးတစ်ရွက်သာ ကျန်ရှိတော့သတဲ့....။
ကျန်တဲ့သစ်ရွက်တွေကတော့ သစ်ပင်ကိုစွန့်သွားခဲ့တာကြာပါပြီ..........။
အဲ့ဒီနောက်ဆုံသစ်ရွက်ကလေးက ပူပြင်းတဲ့နွေရဲ့ ဒါဏ်ကိုအံတုရင်း သစ်ပင်အစာချက်နိုင်ရေးအတွက်
အစွမ်းကုန်သစ္စာရှိစွာ အလုပ်လုပ်ပေးနေခဲ့တယ်...............။ဒီသစ်ရွက်လေးဟာမောပန်းနွမ်းနယ်နေပေမယ့်လည်း သစ်ပင်အတွက်
အံကြိတ်ရင်း ဖြည့်စည်းပေးနေခဲ့တာပေါ့......။ဒီလိုနဲ့ တစ်နေ့မှာ မိုးတွေသဲသဲမဲမဲရွာချလာတော့ သစ်ပင်က လေနဲ့အတူယိမ်းနွဲ့ကရင်း နောက်ဆုံးသစ်ရွက်လေးကို ချွေချချန်ထားခဲ့ပါတယ် ............။
သစ်၇ွက်လေးကတော့ သူတတ်နိုင်သမျှ သစ်ပင်အတွက် ပေးဆပ်ခဲ့ပြီးပြီမို့ တိတ်တိတ် လေးပဲ ကြွေလွင့်ပေးသွားခဲ့ပါတယ်.........။နောက်တစ်နေ့မနက်မှာတော့ အဒီသစ်ပင်ပေါ်မှာ ရွက်သစ်ဖြစ်မယ့် အဖူးအငုံတွေက ဝေေ၀စာစာနဲ့ ပေါ့...............။ သစ်ပင်ကတော့ရွက်ဟောင်းလေးကိုမေ့သွားပြီး ရွက်သစ်တွေနဲ့ ပျော်နေလေရဲ့........။ရွက်ဟောင်းလေးကတော့ လေနဲ့အတူလွင့်ပါနေရင်းက သူသိပ် ချစ်တဲ့ သစ်ပင်ရဲ့ ဝေဆာစည်ပင် လာတော့မယ့် အနာဂါတ်ကို တွေးရင်းကျေနပ်ပျော်ရွှင်နေလေရဲ့။
ဒီအဖြစ်အပျက်လေးလိုပါပဲ ချစ်သူရယ် မင်းကသစ်ပင် ဆိုပါတော့ ကိုယ် ကတော့ နောက်ဆုံးသစ်ရွက် လေး အဖြစ်နဲ့ မင်းအနားမှာ ဖြည့်စီ်းပေးပြီး ။ မင်းပြည့် စုံသွားတဲ့ အခါ ရွက်ဟောင်းလေးလိုပဲတိတ်တိတ် လေးနဲ့ကြွေပေးမှာပါ။ဒါကလည်းမင်းကိုအရမ်းချစ်နေလို့ပါ..........။သစ်ရွက်ကြွေတာ သဘာဝဆိုပေမယ့် မင်းကိုချစ်နေမှာတော့ထာဝရဆိုတာယုံပါ....................။
(လမင်းသစ်)

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← သူငယ်ချင်းအချစ်   Return to blog   ချစ်သူ့လိုအင် →
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.