ကျွန်တော်နှင့်အမှတ်တရအလွဲများ(နှလုံးသားနှင့်ရင်း၍)
Posted on 21.9.2009 by
mylove001
တစ်ချိန်တုန်းကပေါ့ ကျွန်တော့မှာ အရမ်းချစ်ခဲ့ရဖူးတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်ဗျ။သူသင်တန်း ကပြန်ချိန်ကို စောင့်ပြီး ကျွန်တော်စကားလိုက် ပြောတယ်။သိကြတယ်မဟုတ်လား ရည်းစားစကားလေ။ သူ့ဘေးမှာကလည်း အဖော်သူငယ်ချင်း ကောင်မလေးတစ်ယောက် အမြဲပါနေတယ်။လောလောဆယ်တော့ သူ့မရဲ့သူငယ်ချင်းက ကျွန်တော့်အတွက်တော့ Vlain ပေါ့။ကျွန်တော့ ကောင်မလေးက ရုပ်လည်းချောတယ်၊သဘောလည်းကောင်းတယ်။ ဒါပေမယ့်စိတ်ဆက်တယ်၊မာနကြီးတယ်၊ အရှက်ကြီးတယ်ဗျ။ သူ့ဘေးမှာ သူ့သူငယ်ချင်းကလည်းပါ စိတ်ကလည်းဆက်တော့ ကျွန်တော် လိုက်ရတာမလွယ်ဘူးဗျို့။အင်းဒီလိုဖြစ်နေတော့ ကျွန်တော်စဉ်းစားရပြီပေါ့...။
သူ့သူငယ်ချင်း Vlainမလေး သာ ကျွန်တော့ရဲ့ မြှားနတ်မောင်(အဲမှာလို့ဗျို့) မြှားနတ်မယ် ဖြစ်ခဲ့မယ်ဆိုရင် ဟဲဟဲရှယ်ပဲပေါ့။ကျွန်တော်ရဲ့ဒီအစီအစဉ်ကို စတင်အကောင်အထည်ဖော်တယ်....။ပထမဆုံး သူ့သူငယ်ချင်းVlain မလေးကို ကျွန်တော့ဘက်ပါအောင်စည်းရုံး သိမ်းသွင်းတယ်ဗျ။ မကြာပါဘူး Vlain မလေးကနေကျွန်တော့ ရဲ့ မြှားနတ်မယ်ဖြစ်လာခဲ့တယ် ဒီလိုနဲ့နောက်ပိုင်းမှာတော့ သူ့သူငယ်ချင်း ကျွန်တော့မြှားနတ်မယ်ရဲ့ အချွန်နဲ့မမှု အဲအဲ မှားလို့ အောင်သွယ်ကောင်းမှု၊ ကျွန်တော့ရဲ့ ကြိုးစားမှုတွေကြောင့် ကျွန်တော့ကောင်မလေးနဲ့ ကျွန်တော်တော်တော် ကိုအဆင်ပြေလာခဲ့တယ်......။ ဒါပေမယ့်သူကကျွန်တော့ကို အဖြေတော့ မပေးသေးပါဘူး။ဟိုသီချင်းထဲကလိုပေါ့
"သူငယ်ချင်းလေးပါပဲသူငယ်ချင်းလေးပဲတဲ့ကွယ်"ဆိုတဲ့သီချင်းလေ.......စိုင်သီးလား၊ရင်ကွဲသီးလား မသိဘူးဆိုထားတာလေ.........အဲ ရှုပ်ကုန်ပြီ သက်ရက်သီးနာမည်တွေနဲ့တောင်မှားကုန်ပြီ အော် စိုင်းစိုင်းဆိုထားတဲ့ သီချင်းလေးလို အနေအထားမျိုး ပါပဲ.....။တစ်နေ့ ကျွန်တော့ကောင်မလေးက သူ့သူငယ်ချင်းနဲ့ ကျွန်တော့ကိုစာတစ်စောင်ပေးလိုက်တယ်ဗျ။ အင်းစကားဖြတ်ပြောရဦးမယ် သူစာပေးလိုက်တဲ့နေ့ မနက်ပိုင်းတုန်းက ကျွန်တော် coffee သောက်ဖို့ထွက်လာတုန်း သူ့သူငယ်ချင်းနဲ့ ကျွန်တော်တွေ့တယ်ဗျ ။ သူစာပေးလိုက်တဲ့အချိန်က နေ့လည်ပိုင်း ဒီအကြောင်းတွေကို ကျွန်တော်နောက်မှသိရတာပါ။
နောက်တစ်နေ့မနက်မှာတော့ကျွန်တော့ ကောင်မလေးနဲ့ကျွန်တော် နှစ်ယောက်တည်းတွေ့ဖြစ်တယ် Coffee shop လေးတစ်ခုမှာပေါ့ ။သူက"မေးစရာတစ်ခုရှိတယ်"တဲ့ ကျွန်တော့ကိုပြောတယ် ...။ကျွန်တော်ကလည်း "တစ်ခုမဟုတ်ဘူး ကြိုက်သလောက်မေး"လို့ ပြန်ပြောတာပေါ့ ဘယ်ရမလဲ ဟဲဟဲ ။ သူမေးတာက "မနေ့ကသူ့သူငယ်ချင်းနဲ့တွေ့လား"တဲ့ ။ ကျွန်တော်က လည်း "အင်းတွေ့တယ်လေ " လို့ဖြေတော့ ကျွန်တော့ကိုထပ်မေးတယ် "သူ့သူငယ်ချင်းကိုတွေ့ပြီးတော့ ဘယ်လိုနေလဲ"တဲ့ ကျွန်တော် လန့်ဖျန့်သွားတာပေါ့ ။သူ့သူငယ်ချင်းနဲ့ကျွန်တော့များအထင်မှားနေသလားဆိုပြီးတော့လေ။ သူ့ကြည့်တော့လည်း စိတ်ဆိုးနေတဲ့ ပုံမပေါ်ပါဘူး ။ကျွန်တော်က ဘာဖြစ်လို့အဲဒီလိုမေးတာလည်း လို့မေးတော့ သူက ဖြေမယ့်သာဖြေပါတဲ့ ။ဒါနဲ့ကျွန်တော်လည်း"ဘယ်လိုမှမနေပါဘူး"လို့အမှန်အတိုင်းဖြေလိုက်တယ်။ အဲ အဲ့ဒီလိုလည်းဖြေလိုက်ရော ချက်ချင်းမျက်နှာ ကြီးနီရဲလာပြီး ဒေါကြီးမောကြီးနဲ့ ကျွန်တော့ကိုထုရိုက်ပြီး နင့်ကိုငါမုန်းတယ် ငါ့သိက္ခာကို သက်သက်စော်ကားတာ ဘာဖြစ်တယ်ညာဖြစ်တယ် နဲ့ ငိုယိုပြောဆိုပြီး ပြေးထွက် သွားတော့တာပါပဲ။ကျွန်တော်လည်း ကြောင်သွားတာပေါ့ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်း မသိ ၊လူတွေကလည်းဝိုင်းကြည့် ၊ ကိုယ်ကဘာမှားလို့ ဘာအမှားလုပ်မိမှန်းလည်းစဉ်းစားလို့ ကမရ နဲ့ သူ့နောက်ကိုလည်း လိုက်မသွားဖြစ်ဘူးဗျ။
နောက်နေ့တွေမှာလည်း ကျွန်တော့ ကို အတွေ့မခံတော့ဘူး။သင်တန်းလည်းမလာဘူး။ ကျွန်တော်လည်းစိတ်ညစ်ညစ်နဲ့ လျှောက်သွားနေတာ သူ့သူငယ်ချင်း နဲ့တောင်မတွေ့ဖြစ်ဘူးဗျ ။နောက် ၅ ရက်လောက်ကြာ တော့ သူ့သူငယ်ချင်းမ ကျွန်တော့ဆီရောက်ချလာတယ်ဗျ ။ ကျွန်တော့ ကောင်မလေးက ကျွန်တော့ကို စာပေးခိုင်းလိုက်လို့တဲ့ ကျွန်တော်လည်းပျော်သွားတယ် ။ သူစိတ်ဆိုးပြေသွားပြီပေါ့လေ။ ကျွန်တော်ချက် ချင်းပဲဖောက်ဖတ် လိုက်တယ် ။ စာကတိုတိုလေးပါ ကျွန်တော့ကိုသူက ချစ်ပါတယ်တဲ့။ ကျွန်တော် တော်တော်ကြီးကိုပျော်သွားတယ် ကျွန်တော့တစ်ကိုယ်လုံးလေထဲမြောက်တတ် သွားသလိုပါပဲ။
ဒါပေမယ့်ကျွန်တော့အပျော်လေးက ၃မိနစ်တောင် မခံလိုက်ပါဘူး။ သူ့သူငယ်ချင်း ပြောတဲ့ နောက်ဆက်တွဲ စကားကကျွန်တော့အပျော်တွေကို ကမ္ဘာ့အပြင်ဘက်ကိုဆွဲလွှတ်ပြစ်လိုက် သလိုပါပဲ...။ သူဒီစာကို ပေးခိုင်းတာ တစ်ပတ်လောက်ရှိပြီတဲ့ ၊ အထဲမှာဘာတွေေ၇းထားတာလည်း ၊ နင်တို့ရောတွေ့ဖြစ်ကြသေးလား ငါနေမကောင်းလို့ သင်တန်းမတတ်တာ နင်နဲ့ မတွေ့ဖြစ်တော့ဒီစာကိုမပေးဖြစ်တာတဲ့......။သူဒီလိုလည်းပြောေ၇ာ ကျွန်တော် ကမျောသောပါးပဲ အဲဒီကောင်မလေးကိုပြန်မေးလိုက်တယ်"သူနင့်ကို ဒီစာဘယ်နေ့ကပေးခိုင်းတာလည်း " လို့မေးတော့ အဲဒိနေ့ကနင်နဲ့ငါတောင်မနက်ကတွေ့သေးတယ်လေ........၊သူကငါ့ကိုနေ့လည်ကပေးခိုင်းတာ ။သင်တန်းကပြန်တော့ငါနင့်ကိုရှာသေးတယ် နင်နဲ့မတွေ့တော့ မပေးဖြစ်ဘူးလေ...။နောက်နေ့ငါကနေမကောင်းလို့ သင်တန်းမတတ်နိုင်တော့ နင်နဲ့မတွေ့ဖြစ်ဘူးလေတဲ့..........။
သြော် ကျွန်တော့် ခေါင်းထဲ မှာချာချာ လည်သွားတယ် ........။ကျွန်တော်သိလိုက်ပြီ ဇာတ်ရည်လည်သွားပြီ.........။ သွားပြီ ! အားလုံး အားလုံးတော့ လွဲကုန်ပြီ ! ကျွန်တော်သေသေချာချာကိုသိလိုက်ပြီ..........။ လွဲကုန်ပြီ! လို့ပေါ့ ကျွန်တော့အဖြစ်ကစဉ်းစားသာကြည့်ပေတော့ အလုပ်ဖြုတ်စာရပြီးမှ ခန့်စာကို ဖတ်ရတဲ့သူလိုဖြစ်နေပြီ။ နောက်ပိုင်းမှာ ကျွန်တော်ကော သူ့သူငယ်ချင်းပါအတွေ့မခံတော့ဘူး။။သူမကမာနကြီးတယ် လေ......။ပြီးတော့အရှက်လည်း ကြီးတယ်။မကြာပါဘူး သူ့အဖေရှိတဲ့ နယ်ဘက်ကို ပြောင်းသွားလိုက်တာ အခုထိကိုထပ်မတွေ့ရတော့ပါဘူး.........။
သြော် ကျွန်တော့ဘ၀မှာအသက်တစ်ရာနေချင်မှနေရမယ် အလွဲတစ်ရာမကလွဲခဲ့တဲ့ကျွန်တော် က ဒီတစ်ခါလည်းနှ လုံးသားနဲ့ ၇င်းပြီး လွဲပြန်ပြီ သူငယ်ချင်းတို့ေ၇...................။
ကျွန်တော် R ကြီးဆိုတဲ့ သီချင်းကိုသာ အကျယ်ကြီး အော်ဆိုလိုက်ချင်တော့တယ် "နောက်ထပ်လာချင်လာပါ မထူးဆန်းတော့ပါ နှလုံးသားထဲမှာ ဒီဒါဏ်ရာတွေဟာ ၀ဋ်ရှိလို့သာ ခံစားခဲ့ရတာ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ရက်တော့ပါ" ဆိုပြီးတော့လေ..................။ ..............................။
(လမင်းသစ်)