အခန်းအောင်း လမ်းစောင်းနေဆဲ မြန်မာ

Posted on 3.6.2012 by minkhayautkyarmkyk
Mood: no feel.

       ကျွန်တော်ဒီအကြောင်းတွေမရးချင်ပါဘူး။ဒါပေမဲ့ ကိုယ့်ပေါင်ကိုလှန်ထောင်း တာမကောင်းတော့မကောင်းပါဘူး အဲ ..သူများထောင်းမှပိုနာတာ မြန်မာပြည်မှာ

ဘာစနစ်တွေဘယ်လိုပြောင်းပြေင်း မပြောင်းတာကတော့ ၀န်ထမ်းတွေပါ.......

အရင်စောက်ကျင့်အရင် အချိုးအတိုင်းပါပဲ။။.............

       စားမယ် ၀ါးမယ်ဆိုတာပဲ။။မယုံရင်ရှမ်းပြည်မြောက်ပိုင်းက မူဆယ် ကနေ မနလေးထိဆိုင်ကယ်တစ်ခေါက်လောက် မောင်းကြည့်ပါလား။ ကျယ်ခေါင်ကမြန်မာပြည်ဘက်စ ပါပြီဆိုကတည်းက ပေးလိုက်ရတဲ့ငွေ ရှတ်စရာတောင်ကောင်းတယ် မန်ဝင်ပေါက် ဆင်ဖြူပေါက်

မှာတာဝန်ကျတဲ့ ရဲတွေကပိုက်ဆံ စတောင်းတော့တာပဲ။လမ်းဘေးမှာ ခွေးသတောင်းစားဆိုက်နဲ့။

အဲဒီမှ 105မိုင်ကို ကွင်းပြီးတော့ရောက်ပါပြီ နန်ပေါ်တံတားပေးလိုက်ရပါတယ်ငွေ ၁၅၀၀ လူမိုက်ရုပ်နဲ့

အခြောက်လုပ်နေတဲ့ 420ရုပ်အပြည်ပေါ့။

      နည်းနည်းမောင်းလိုက်ရင် ရောက်ပါပြီနက်ဖက်ကာ ပေးလိုက်ရပါတယ်ငွေ၅၀၀ ဒါပေမဲ့နက်ဖက်ကာက ရဲတွေက အဲဓီလောက်မငက်ဘူး။ဒီလိုနဲ့ဆက်သွားလိုက်တော့ လိုင်စင်ရ ဒမြကြီး များရှိတဲ့ နန့်ခိုက်တံတားကို ရောက်တာပါပဲ။ငွေ ၂၀၀၀ တောင်းတော့တာပါပဲ။တံတားရဲ့ဒီဘက်ကနေ ပိုက်ဆံပေးပြီးမှ ဟိုဘက်ကိုအစီးရေပြီးလွှတ်တယ်။

အဲဒီလိုမလုပ်လို့လဲမရဘူး အချင်းချင်းလဲခိုးသကိုးကိုဗျ။ရေးရင်တော့ကုန်နိုင်ပါဘူး။ရဲရှိ၇င်ဂိတ်ရှိတယိ ဂိတ်ရှိရင် ပိုက်ဆံပေးရတာပေါ့။

     အဆိုးဆုံးက ထမင်းကြွေးတဲ့လက်ကို ပြန်ကိုက်တာပဲ။အဲ....သူတို့ပြောတာ၇ှိသေးတယ် မင်းတို့ကမဟုတ်တာလဲလုပ်စားသေးတယ်ရဲလဲပိုက်ဆံမပေးချင်ဘူးတဲ့ ကဲကောင်းရော ဟုတ်တာပေါကျုပ်တို့ကဆိုင်ကယ်မှေင်ခို ဘိုလိုမှုတ်ရရင်တော(black) ဘီးပေါ့ ဒါပေမဲ့ကိုယ့်ခွန်အား

နဲ့ အသက်သွေးချွေးရင်းပြီး ရှာစားရတဲ့သူတွေကို ဥပဒေ လက်တလုံးခြားလုပ်ပြီးတောင်းစားလုစား နေ

တာကတော့တော်တော်ရှတ်ဖို့ကောင်းတယ်။အခုတော့အပေါ်လမ်းကြောမှာ စကားအသစ်ေါ်နေပြီ ဘာတဲ့ ရဲ၇ှီရင်ငွေရှိရ မယ် ရဲရှိ၇င်မဟုတ်တာအကုန်လ်ုလိုရတယ် တဲ့ဗျား။

သီပေါမြိုကရဲကတော့ ငက်တဲ့ထဲမှာ အဆိုးဆုံးပါပဲ။သီပေါမှာ သီပေါတံတားကြီးအပါဝင် ရဲတွေဂိတ်ထိုးတဲ့နေရရာတော်တော်များပါတယ်။လုံခြုံရေးအတွက်ချထား တာကိုခုတုံးလုပ်ဲပြီးတောင်းစားနေကြတာလေ။သီပေါတစ်မြို့ထဲတင်တောင်းစားတဲ့နေရာ (၇)ခုထက်မနည်းဘူး။ကုန်းသာ၊ကိုးမိုင်၊မြိုံ့ဝင်တံတား ယဉ်ထိန်း၊ရဲနှစ်မျိုးခွဲ တောင်းတာ၊မြိုံအထွက်က

အေးရှားဝေါမှာလဲ ယဥထိန် ၊ရဲတောင်းတာပဲ၊နောက်ဆုံးဘိတ်အိပ်နဲ့လွယ်တာက တော့ကျင်တီပေါ့ အဆိုးဝါးဆုံးပါပဲ...........................................။အခန်းဆက် ရေးမည်ဖြစ်ပါသောကြောင့်

နောက်အပိုင်း များတွင်စိတ်ဝင်စားဖွယ် ရာများနှင့်အခြားသိကောင်းစရာများကိုအသေးစိတ်ရေါး်သားသွားပါမည်။။............

Discussion

on 1.1.0001 says:

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← အိမ်ပြန်ဘီအီး   Return to blog
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.