ကဗျာ
Posted on 1.8.2008 by
kyawthuaung1983
Tags: မင်းကို နိုင်၏ကဗျာ
မင်းကိုနိုင်၏ သစ္စာကဗျာ လေးကို အွန်လိုင်းမိတ်ဆွေများအားခံစားနိုင်အောင်ထည့်သွင်းလိုက်ပါတယ်
သစ္စာ
အမျိုးသားရေးအတွက် အသက်ပေးသွားသော ရဲဘော်များအား တိုင်တည်သစ္စာပြုပါ၏။ မပြီးပြတ်သေး တော်လှန်ရေးတွင် ကျွန်ုပ်၏ သွေး မနီသေးလျှင် အသင်တို့သွေး ပက်ဖျန်းပေး၍ ရဲဆေးတင်ပေးကြပါလေ။ မပြီးပြတ်သေး တော်လှန်ရေးတွင် ကျွန်ုပ် ၀ိဥာဉ် ကြောက်စိတ်ဝင်၍ မချင့်မရဲ သတ္တိနည်းလျှင် သင်တို့ဝိဥာဉ် ပူးကပ်ဝင်၍ ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။ မပြီးပြတ်သေး တော်လှန်ရေးတွင် ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု မထောက်မညှာ ပြုမိပါလျှင် အသင်တို့၏ မညွတ်ပြောင်းသော ခွပ်ဒေါင်းလက်ဖြင့် ၀ိုင်းညှပ် အပြစ်ပေးကြပါလေ။ မပြီးပြတ်သေး တော်လှန်ရေးအတွက် ကျွန်ုပ်အသက် လမ်းတ၀က်မှ ပေးဆက်ရလည်း လူ့ဘုံလမ်းခွဲ ၀မ်းမနည်းဘဲ တာဝန်တရပ် ကျေပြွန်မှတ်၍ ထပ်ဆင့်ပျော်ဝင် ကျွန်ုပ်ဝိဥာဉ်သည် ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍ သင်တို့ရှိရာ ကျွန်ုပ်လာမည် ရင်ဖွင့်ကြိုကြပါလေ။