သမိုင်းတွင်တော့မယ့် အချစ်ဇတ်လမ့်း

Posted on 14.2.2010 by europenmindonemin
Tags: သမိုင်းတွင်တော့မယ့် အချစ်ဇတ်လမ့်း



အံ့သြဖွယ် အချစ်ဇာတ်လမ်းတပုဒ်ကမ္ဘာကိုရိုက်

ခတ်သမိုင်းတွင်ရန်စတင်နေပေသည်။
ယောကျာင်္းတယောက်..သူ့ထက်အသက်ကြီးတဲ့မိန်းမတယောက်အချစ်တခုအတွက်
တားမြစ်နယ်မြေမှရုန်းထွက်..နှစ်ဦးထဲကမ္ဘာလေးကိုရာစုနှစ်တ၀က်ကျော်တည်
ဆောက်ခဲ့သည်..! နှစ်ယောက်ထဲနဲ့ဒို့ရဲ့တိုင်းပြည်ကို.....တည်ထောင်ကြမယ်...


အသက် ၇၀အရွယ် တရူတ်အမျိုးသားကြီးဟာ သေဆုံးသွားချိန်ထိ ၈၀ကျော်ပြီးတောင်ပေါ်ကလှိုင်ဂူထဲက
သူ့ ဇနီးတောင်အောက်အလွယ်တကူ ဆင်းနိုင်အောင်သူ့ ရဲ့ လက်တွေ
နဲ့ လှေခါးထစ်ပေါင်း၆၀၀၀ကျော်ကိုထုဆစ်ခဲ့တယ်....

လွန်ခဲ့တဲ့နှစ်၅၀ကျော်က လူကောင်းကျင်းဆိုတဲ့၁၉နှစ်အရွယ်ချာတိတ်လေးဟာ၂၉နှစ်အ
ရွယ်မုဆိုးမကလေး အမေဇူချောင်ကွင်းနဲ့မေတ္တာမျှခဲ့ကြတယ်လေ...

ကမ္ဘာကျော်ရှိတ်စပီးယားရဲ့ ၇ိုမီယို  နဲ့  ဂျူးလိယက် ဇာတ်လမ်းထက် ပိုမိုဆိုးရွှားစွာလောကကြီး
ကိုရင်ဆိုင်ခဲ့ရတယ်..အဓိကကတော့ ဇူချောင်ကွင်းကကလေးအမေဖြစ်နေခဲ့လို့ပဲ.....

အဲဒီ အချိန်ကလူတွေရဲ့လက်မခံနိုင်တဲ့ စာရိတ္တပိုင်းဆိုင်ရာအယူအဆကတော့အသက်ငယ်ငယ်
ယောကျာင်္းဟာ အသက်ကြီးကြီးကလေးအမေကိုနှီးနွယ်မိခြင်းပါတဲ့...
အသိုင်းအ၀ိုင်းရဲ့အတင်းပြောခြင်း..မလေးမစားဆက်ဆံခြင်းတို့ကို ရှောင်ကွင်းဖို့တောင်ပိုင်းမှာ
ရှိတဲ့ကျောင်းကျင်ပြည်နယ်အပိုင်..ချူံကင်နယ်ထဲက တောင်တန်းတခုအပေါ်က ဂူထဲမှာ ကမ္ဘာလေး
တခုတည်ဆောက်ဖို့ဆုံးဖြတ်လိုက်ကြတယ်....

တောင်ပေါ်မှာသူတို့ရဲ့ဘ၀အစက ငရဲတခုလိုကြမ်းတမ်းခဲ့တယ်...စားစရာဆိုလို့မြက်နဲ့သစ်မြစ်
တွေပဲရှိတယ်..သူတို့ဘ၀အတွက်အလင်တန်းလေးတခု..ရေနံဆီမီးခွက်လေးကို"လူ''ကပြုလုပ်နိုင်
ခဲ့တယ်...""ဇူ""ကသူ့ကိုဖက်လှဲပြီးအထပ်ထပ်အခါခါမေးခဲ့တယ်..''မင်းစိတ်ထဲမှာဘယ်လိုခံစားရလဲ"
လူ..ကတော့အေးအေးပဲဖြေခဲ့တယ်..""ဖန်တီးမှုလေးတွေလုပ်နိုင်နေသရွေ့ဒို့ရဲ့ကမ္ဘာလေးတည်တံ့
နေစေရမယ်""
တောင်ပေါ်ရောက်ပြီးနောက်နှစ်မှာပဲ.. လု..ဟာ..ဇူတောင်အောက်ကိုအဆင်ပြေပြေဆင်းနိုင်အောင်
လှေခါးထစ်၆၀၀၀ကျော်ကိုနှစ်၅၀အတွင်းတယောက်ထဲပြုလုပ်ပေးခဲ့တယ်...

ရာစုနှစ်တ၀က် ကျော်ကြာပြီးနောက်၂၀၀၁မှာ တောတွင်းစူးစမ်းလေ့လာ သူတစုဟာ လက်နဲ့
လုပ်ထားတဲ့ တောင်လှေခါးထစ်တွေကတဆင့်..လူ..တို့ဇနီးမောင်နှံကိုရှာဖွေတွေ့ရှိခဲ့ကြတယ်..
လူ..တို့ မှာ စုစုပေါင်းကလေး ၇ယောက်ရှိတယ်၊ တယောက်ဖြစ်တဲ့..လူမင်စန်းက..အဖေနဲ့အမေဒီလုံခြုံ
တဲ့နေရာလေးမှာ တရက်မှမခွဲစတမ်းနေထိုင်သွားကြတယ်..အဖေဟာတောင်လှေခါးထစ်တွေကိုအမေ့
အတွက်ပြုလုပ်ပေးခဲ့ပေမဲ့ အမေကတောင်အောက်ကိုဆင်းလေ့ဆင်းထသိပ်မရှိခဲ့ပါဖူး....လို့ ပြောပြခဲ့ တယ်။

ဇနီး မောင်နှံဟာနှစ်၅၀ကျော်ကို ပြီးခဲ့တဲ့အပါတ်ထိငြိမ်းချမ်းစွာနေထိုင်ခဲ့ကြတယ်...၇၂နှစ်ရှိပြီဖြစ်တဲ့လူ..
ဟာ တောင်ယာအလုပ်ကိုပဲနေ့စဉ်ရပ်တည် မှု အတွက် သက်မွေးဝမ်းကျောင်းခဲ့တယ်...

သူ လက်ပေါ်မှာပဲသေဆုံးသွားတဲ့ ခင်ပွန်းသည်အတွက် ဇူဟာကြေကွဲဝမ်းနည်းစွာဆုတောင်းနေခဲ့တယ်.
အချစ်ကြီး ချစ်ခဲ့ကြတဲ့စုံတွဲ..သေဆုံးချိန်မှာ..ဇူ့လက်တွေကိုဆုပ်ကိုင်ထားတဲ့..လူ..ရဲ့လက်တွေကို
ဘယ်သူမှဖြေလို့မရခဲ့ကြဖူး...အမဲရောင်အခေါင်းပေါ်မှာခေါင်းတင်ပြီးပါးပြင်ပေါ်စီးကျနေတဲ့မျက်ရည်
တွေနဲ့ ဇူကအထပ်ထပ်အခါခါရည်ရွတ်နေခဲ့တယ်...
..လူ..မင်းကတိပေးခဲ့တယ်လေ..''ဂရုစိုက်ပါ့မယ်..ဇူသေသည်အထိအနားမှတဖွားမှမခွာပါဖူးဆို..
အခုတော့မင်းငါ့ကိုထားခဲ့မယ်ပေါ့..မင်းမရှိပဲ..ငါဘယ်လိုရပ်တည်ရမှာလည်း..လူ..ရယ်...""

၂၀၀၆ ခုနှစ်တရုတ် အမျိုးသမီးအပတ်စဉ်မဂ္ဂဇင်းက ဂန္ထ၀င်အမြောက်ဆုံးအချစ်ဇာတ်လမ်းဆယ်
ပုဒ်မှာတပုဒ်အဖြစ်ဂုဏ်ပြုခဲ့တယ်...ပြည်နယ်အစိုးရကလည်းအချစ်လှေခါးတွေနဲ့မောင်နှံနေခဲ့
တဲ့လှိုင်ဂူကိုပြတိုက်ပြုလုပ်လိုက်တယ်...
-- 
                                                                Love Generation  

                                   Mindonemin                       

Comment  

Discussion

on 1.1.0001 says:
violent528 on 17.2.2010 says:

ယူအချစ်ကို ခံစားဖူးလား..........?ဒီလောက်အချစ်အကြောင်းတွေ ကိုရေးနေတာဆိုတော့ မေးကြည့်တာပါ........။စိတ်မဆိုးနဲ့ နော် ................... ဆက်လက်ရေးသားပါ ကောင်းတဲ့ပိုစ့်လေးပါ.........ကျေးဇူးတင်ပါတယ်နော်...........။

panmoe77 on 16.2.2010 says:

ကောင်းပါတယ်။နောက်လည်းဆက်ရေးပါအုန်း။

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကိုယ်ချစ်ရတဲ့သူကို အချစ်တွေ ပေ…   Return to blog
© 2013-2024 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.