မရူးရင် ထူးရအောင်
Опубликовано 03.01.2013
we040919
မရူးရင် ထူးရအောင်
ထူးရင်ထူး မထူးရင် ရူးပေါ့..
ရူးရင်ရူး မရူးရင် ထူးပေါ့..
အားနည်းချက်တစ်ခုကြောင့်
သေမထူး နေမထူးဆိုပြီး ဘ၀ကိုအရှုံးပေးတာ..
မေတ္တာစိတ်နည်းတဲ့လူတွေကိုမြင်ပြီး ကိုယ့်ကိုယ်ကို ရှက်ရွံ့နေတာ..
သင် တွေးပါ..
ဒါဟာ တကယ်တော့ တရားသဘောပါ..
ဝဋ်ကြွေးတစ်ခုဆိုရင်တောင် သင် ပြုံးပြုံးလေးနဲ့ ပေးဆပ်ပါ..
သင့်ရဲ့ အရည်အသွေးတွေဟာ သင် အသက်ရှူနေသ၍ ရှိနေတယ်..
သင် ဖွက်မထားပါနဲ့.. သင့် အစွမ်းအစနဲ့ လုပ်နိုင်စွမ်းကို သင်ကောင်းကောင်းပြသနိုင်ပါတယ်..
လေ့လာပါ.. သင်နေတဲ့ ကမ္ဘာမှာ.. သင့်ပတ်ဝန်းကျင်မှာ အားကျ အတုယူစရာတွေရှိပါတယ်..
ထူးဆန်းအံ့သြစရာတွေကို လူတွေ လုပ်နေကြတယ်.. သင်လည်း ကြိုးစားနိုင်ပါတယ်..
သင့် ရည်အသွေးတွေကို သင် ကလွဲပြီး ဘယ်သူမှ ထုတ်ပြလို့ မရဘူးမဟုတ်လား..
ဘယ်လိုအခြေအနေဖြစ်ဖြစ်.. လူ ဖြစ်ရတဲ့အတွက် သင် ဂုဏ်ယူလိုက်ပါ…………….!