မိန်းကလေးများ လက်မတွဲအပ်သောယောင်္ကျား...........
Опубликовано 02.03.2010
violent528
Настроение: .
Музыка: ပြော.
Метки: မိန်းကလေးများ လက်မတွဲအပ်သောယောင်္ကျား
ဒီလိုယောင်္ကျားမျိုးတွေက ချစ်ဖို့ မတန်တဲ့သူတွေပါ....
တသက်လုံးစိတ်ဆင်းရဲရမှာနဲ့ စာရင် တလလောက်အသဲကွဲပစ်လိုက်တာ လဲရတာတန်ပါတယ်.................
- လက်ပါတတ်သောသူ (ရန်ဖြစ်တာနဲ့ လူရှေ့မရှောင် သူရှေ့မရှောင် လက်သံပြောင်တတ်တဲ့သူတွေလေ...နောက်မလုပ်တော့ပါဘူး လို့  သူကတောင်ပန်းတော့ ချစ်လက်စနဲ့ ကြေးအေး..အော်..သူနောက်လုပ်မှာ မဟုတ်ပါဘူးလေ..လို့ ...ဖူးယောင်နေဆဲ မျက်နှာသေလေးနဲ့ တွေးတောမနေပါနဲ့ ..ဗီဇက ဖျောက်ဖို့ ခက်ပါတယ်)
- ကိုယ့်မိဘ၊ သူငယ်ချင်း၊ အသိုင်းအဝိုင်းကို အလေးမထား၊ မလေးစားသူ (တသက်လုံး မျက်နှာငယ်ရ၊ အပြောအဆိုခံရမှာပါ၊ တခြိမ်းခြိမ်း စကားနိုင်လုပွဲတွေ လဲဆက်နေမှာပါ...)
- အလုပ်လက်ကြောမတင်းသူ (တလောကလုံး အလုပ်တွေက သူနဲ့ ပဲ မတန်သလိုလို.....အလုပ်လုပ်ရန် နေရွှေ့ ညရွှေ့  ဖင်တပြန် ခေါင်းတပြန် အပျင်းကြောထူနေတတ်တဲ့သူပေါ့...မစဉ်းစားနဲ့ .... တဘဝစာ ရှာဖွေရမှာ တယောက်တည်း ပင်းပန်းလှပါတယ် )
- အခက်အခဲဖြစ်တိုင်း ခေါင်းရှောင်တတ်သူ (အကြံတုံး ဥာဏ်တုံး...... အစွမ်းအစတုံး ငနဲတွေပါ...မိန်းကလေးကပဲ ဦးဆောင်နေရတာပေါ့ ကိုယ်ပိုင်အရည်အချင်းမရှိသူမျိုး ကို မချစ်ပါနဲ့ )
- ထစ်ခနဲရှိမျက်ရည်ကျပြတတ်သူ (ယောင်္ကျားတန်မဲ့ မျက်ရည်လွယ်သူ တွေလဲရှိပါတယ်....ကိုယ့်ကြောင့်ငိုလို့ ကိုယ့်ကိုသိပ်ချစ်တာပဲလို့  ထင်ရင်တော့ ဂိုးပြီးနော်...ကိုးရီးယားကားကြည့်လဲ ငို ကုလားကားကြည့်လဲငိုဆို ဘယ်လိုလုပ်မလဲ...အပိုလုပ်သူတွေပါ...)
- စကားပြောသိပ်ကောင်းသူ (သူ့ မှာမိန်းကလေးတွေ ဝိုင်းနေတတ်ပါတယ်..အပြောကောင်းတာကို..ဒီလိုလူမျိုး ကရှုပ်ကိုရှုပ် ပါတယ်..မပတ်သတ်တာ စိတ်ချမ်းသာပါတယ်...သူတော်ကီမှာ မျောလို့ ကတော့နောက်ပိုင်း မျက်ရည်ခွက်ပါ မျောမယ်မှတ်)
- အပျော်အပါးကိုစွဲလန်းသူ (အဲလိုယောင်္ကျားမျိုးက အပေါင်းအသင်းစုံရင် အကုန်လုပ်ပါတယ်..သူမလုပ်ဖူးတာမရှိသလောက်ပါ.....ပိုက်ဆံလဲ အသုံးကြမ်းပြီး..မိန်းမရှုပ်တတ်ပါတယ်..ရှိုးပွဲတကာ...ကလပ်...ကေတီဗီ..အကုန်မှာ သူက ဘုရင်ပါပဲ)
- ရောဂါရှိသူ (နှလုံးရောဂါ၊ အဆုတ်ရောဂါ..ဘာညာသာရကာ....ရှိသူတွေပါ...အားမကိုးလောက်ပါဘူး...သူကိုလဲရှာကျွေးရမယ်......... ဆေးဖိုးလဲရှာရမယ်...ပြုစုရမယ်..ပျော်စရာ အချိန်မရှိပါဘူး...)
- မူးယစ်ဆေးဝါးစွဲနေသူ (ကြောက်ဖို့ ကောင်းတဲ့သူတွေပါ............. လူသတ်ဖို့ တောင်ဝန်မလေးပါဘူး....ဆေးကြောင် ကြောင်ခဲ့ရင် ကိုယ့်ကို ချစ်သူမှန်ဒသိချင်းမှသိတော့မှာ...လည်ပင်းညှစ်ပြီး နားကပ် ဆွဲကြိုးဖြုတ်..ပိုက်ဆံအိတ်လုသွားရုံးရောက် ဂါတ်ရောက် ကျော်မကောင်းကြားမကောင်းဖြစ်တတ်ပါတယ်)
- အမေ ကိုသိပ်ချစ်သူ (ဘယ်တော့မှ လင်ယောင်္ကျားကောင်း ဖြစ်မလာပါဘူး..အမေ့ စကားတစ်ခွန်းပါပဲ....ယောက္ခမက ဂုံးတိုက်တတ်တဲ့ သူဖြစ်လို့ ကတော့ သေပြီဆရာပဲ...မျက်ရည်စမ်းစမ်း နေရမှာပါ..သူအမေ နဲ့ စကားများကြည့်..အိမ်ပေါ်ကနှင်ချမယ့် သားအလိမ္မာတုံးတွေလေ.........
ကဲ...ကဲ...စဉ်းစားလို့ ရတာတွေ ပြောပြလိုက်ပါတယ်........။ မိန်းကလေးများ....သတိ...သတိ...သတိ..
သူငယ်ချင်းတစ်ယောက်ရဲ့ မေးလ်မှကူးယူထားပါသည်..။
အားလုံးကို ထာဝရ ခင်မင်လျက်ပါ..............
ကျေးဇူးတင်ပါတယ်...................
VIOLENT (YUKI)