my best friend
Опубликовано 27.10.2010
tuntunaye_tongkyo
Настроение: fine....
Музыка: pal.......
Метки: ရယ်စရာပေါ့ပေါ့ပါးပါး
ကျွန်တော်လဲပျင်းပျင်းရှိတာနဲ့စကာင်္ပူမှာအလုပ်လုပ်နေတဲ့သူငယ်ချင်းနဲ့ရောက်တတ်ရာရာဖေါနေ
တယ်။ဘာရယ်မဟုတ်ပါဘူး၊ဘာအကြောင်းနဲ့မှလည်းမဆက်စပ်ဘူးကိုယ်ထင်ရာကိုယ်ပြောနေတာပေါ့၊
ကျွန်တော်တို့မြန်မာလူမျိုးတွေကသာကီဝင်မျိုးကဆင်းသက်လာတာဆိုတော့အိန္ဒိယမျိုးနွယ်ဖွားကုလားမျိုး..
လားပေါ့။ကျွန်တော်လည်းစာတစ်အုပ်ဖတ်ဘူးတဲ့အထဲကကျန်စစ်သားက.အနော်ရထာမင်းကြီးနဲ့ကုလားမင်း
သမီးကမွေးတာဆိုတော့၊ကုလားသွေးစပ်တယ်ဖြစ်လိမ့်မယ်ပေါ့။တစ်ဖြည်းဖြည်းနဲ့ပေါက်ကရစကားကပိုကျယ်
ပြန့်လာတယ်။ဒါဆိုဟိုမင်းသား.ရာဇကုမာရ်ကရော..(.ရာဇတ်ကူမားရ်)များဖြစ်နေမလားပေါ့..
ကြာနီကန်ဆရာတော်ရဲ့တရားတွေထဲက.စန္ဒကုမ္မာတို့၊သူရိယကုမ္မာတို့လည်းမလေးရှားကကုလားနာမည်
တွေနဲ့ဆက်စပ်ကြည့်တော့....ချန်ဒရာကူးမားရ် နဲ့ စူရိယကူမားရ် မဖြစ်နိုင်ဘူးလားပေါ့။
သူကဆရာကြီးလေသံနဲ့"ဖြစ်နိုင်တယ်သူငယ်ချင်း၊မြန်မာလူမျိုးဟာ..ကုလားမျိုးနွယ်ကဆင်းသက်ဖို့
90%လောက်ဖြစ်နိုင်တယ်။ငါ့မှာအထောက်အထားရှိတယ်"တဲ့၊ကျွန်တော်ကလဲတယ်ဟုတ်ပါလားပေါ့၊သူ့
ကိုအထင်တွေဘာတွေကြီးသွားတာပေါ့။
အဲဒါနဲ့ .လုပ်စမ်းပါဦးဟ..ဘာအထောက်အထားများလဲပေါ့။သူက"ဒီလိုကွငါလေ...ဟို..
နေရာကိုသွားတော့တရုတ်မလေးတွေရော၊ကုလားမလေးတွေရောတွေ့ဖူးတယ်..တရုတ်မတွေရဲ့အသား
ကပွစိစိဟ...ကုလားမလေးတွေအသားကတော့..မြန်မာတွေရဲ့အသားလိုပဲ..ဟီး..ဟီး.".တဲ့
သူ့ကိုအထင်ကြီးထားတဲ့စိတ်တွေ အ၀ီစိကိုနှစ်ပတ်ဂျွမ်းနဲ့ကျသွားပါတော့တယ်..
(ရယ်စရာသက်သက်ဖြစ်ပါသည်။မည်သည့်အကြောင်းအရာနှင့်မှမသက်ဆိုင်ပါ..အမှားပါလျှင်
သည်းခံပါခင်ဗျား)