***အတိတ်၇ဲ့အရိပ်***
Опубликовано 16.10.2011
skyblue200761
*** ချစ်ဦးရေ...***
ဆောင်းတွင်းနံနက်၇ဲ့ မနက်ဈေးမှာမင်းနဲ့ အတူ
ဆိုင်ကယ်ပတ်စီးခဲ့တာကိုလည်း ငါ
အမှတ်ရနေသေးတယ်......
တိမ်လွှာတွေဟာလေနဲ့ ပျောက်ကွယ်သွားပေမဲ့ 
နင်နဲ့ ငါ ချစ်ခဲ့ကြတဲ့  ပုံ၇ိပ်တွေကတော့ယနေ ထိတိုင်
ထင်ယောင် မြင်ယောင်နေဆဲပါပဲ...
အတိတ်ဆိုတာ မေ့ထားလို့ ၇ပေမဲ့
ဘယ်တော့မှ မေ့ပျောက်သွားမှာတော့မဟုတ်ပါဘူး...။
တိုက်ဆိုင်တာ တွေရှိတိုင်း နှစ်ကိုယ်ကြည်နူးခဲ့ဖူးတဲ့ 
နေရာ လေးတွေ နဲ့စကားလုံးသံလေးတွေကို
ပြန်လည်လို့ သီကုံး လွမ်းဆွတ်လို့ တမ်တမိပါတယ်...။
ဘယ်လိုမှ အဖတ်ဆယ်လို့ မရတော့တဲ့  အမှားကြီးကို
မှားခဲ့တဲ့  နင့်၇ဲ့ယုံကြည်မဲ့လွန်းတဲ့ စိတ်ကြောင့်
နင့်ဘ၀ကို နင်ပြန်သတ်လိုက်ပြီးမဟုတ်လား...
သစ္စာ ဆိုတာ ဆူးတတ်ပါတယ်..အဆိပ် ပြင်လွန်းပါတယ်
ဆူးစူးရင် ပြန်နုတ်ယူလို့ ရပါတယ်...သစ္စာ စူးရင်
ငါးမျှားချိတ်ကို မျိုမိတဲ့ ငါးလိုပဲ .....
ငါ နင့်ကို ခွင့်လွတ်ခြင်း သိခံခြင်း
စွန့် လွတ်ခြင်း အနစ်နာခံခြင်း
ပေးဆပ်ခြင်း ..ဒီလိုအချစ်မျိုးတွေနဲ့ 
ချစ်ခဲ့တာ ငါမပြောလဲ နင်သိခဲ့တာပဲနော..
အဲ့လိုအချစ်မျိုးတွေနဲ့ ချစ်ခဲ့တဲ့င့ါကို
နင်..
ပိုးစိုးပက်စက် ဥပေက္ခပြု သွားရက်တယ်..
တို့ ၂ယောက် ၇ဲ့ တစ်သက်စာ နောက်ဆုံးနေမှာ
ငါ နင်ကို အပြုံးနဲ့ လက်ပြ နုတ်ဆက်ခဲ့ပါတယ်
ကျောခိုင်းသွားတဲ့ နင့်၇ဲ့ နောက်ကျောကို
ငါငေးကြည့်ရင်း င့ါရင်ထဲ စကားလုံးများစွာ
ပြောနေခဲ့မိတယ်......
အဲ့ဒီစကားလုံးများစွာထဲက တစ်ခုကတော့
***ဒီတစ်သက် ဝေပြီး အချစ်ဦးရေ****
*** ကြည်ပြာ***