အမစပိကြီးပြင်ထားစမ်းပါ

Опубликовано 15.07.2012 shweyoat

ကောင်းကင်တို့ကား ကြည်လင်နေ၏။ ယနေ့ နေသာသည်။ နေသာသောကြောင့် မိုးမရွာပေ။ ။
သြော်.... နေသာတာ မိုးမရွာလို့ သူပြောမှသိတာကျနေတာဘဲ မလုပ်ပါနဲ့။ လာမယ်လေ
မလောနဲ့။ ကောင်းကင်တို့ကြည်လင်လှပနေတော့မြန်မာနိုင်ငံမှ
ဆက်သွယ်ရေးများဖလန်းဖလန်းထပြီဆိုလိုခြင်းပါ။ အဟီးဟီး..... ဟုတ်လားအသိဘူး ။
ကိုယ့်ဘာသာ ကိုယ်တစ်ယောက်တည်း တွေးကောင်းငေးကောင်းနေတုန်းမှာ
“အမ ...အမ အင်တာနက်သုံးချင်လို့”
ဟောပြောတုန်းတွေ့လား ..အင်း...ဒါဘဲလေ.. အချိန်နဲ့အမျှပိုက်ဆံဝင်မယ့်
အလုပ်ဆိုပြီး အင်တာနက်ဆိုင်ဖွင့်ထားတာ။  ကြည့်လိုက်တော့ အသက် ဆယ့်ခွန် ၊
ဆယ့်ရှစ်အရွယ်ကောင်မလေး နှစ်ယောက် ။ တစ်ယောက်က သိသိသာသာ ဟော့ရှော့ ။ ဆံပင်
ပုံစံကိုက အရှေ့မှာ အချွန်နဲ့ နောက်က ဂုတ်ဝဲ အ၀ိုင်း၊ နောက်တစ်ယောက်ကလဲ
ထိုတစ်ယောက်နဲ့ ပြောင်းပြန်တာကို သိသာစွာ ချိတ်ထမီနဲ့ ဆံပင် ကို ဖီးကုတ်ကုတ်ကာ
ရွာအလှူပွဲများ သွားသကဲ့သို့ ၀တ်ဆင်ထားသည်။ သူတို့နှစ်ယောက်ကြည့် ရတာ အလှူပွဲက
ပြန်လာတယ်ထင်ရဲ့ ။ အင်း.... အလှူမှာ ဘာတွေကျွေးလဲမသိဘူး ...ထမင်းလား
...ဒန်ပေါက်လား.....
“အမ...အမ ဘယ်ခုံထိုင်ရမလဲ”
“ဟင်....ဒံပေါက်ခုံလေ.... အဲလေ ရတယ် ညီမလေးတို့ (၁၁/၁၂)ထိုင်လိုက်”
“အမ vzo ပါမှနောက် ညီမတို့က ပြချက်မလို့ .... အဲလေ ကြည့်ချက်ကြမလို့ 
အဲ့ဒါ....အလှဆုံးတွေပြင်လာတာ”
သြော်...သူတို့က အလှူကပြန်လာတာမှ မဟုတ်ဘဲ ... vzoချက်ဖို့များ လှတပတ
ပြင်လာကြတာတဲ့။ ထို့နောက် သူတို့ဘာသာပြောနေသံတွေကို ကျမကနားစွင့်မိရက်သား...
“ဟယ်.....ငါ.....ငါကြောက်တယ်ဟ ပြီး...ပြီးတော့ ရှက်လဲရှက်တယ်ဟာ”
ဆံပင်ရှည် နဲ့ကောင်မလေး အသည်းအသန် ရှက်နေသည်မှာ သေချာပါသည် ။ ခေါင်းကိုငုံ့လို့
“ဟာ.... ငါသေချာပြောပြီးပြီ...သူလဲ နင့်လိုဘဲတဲ့ နင်တို့ နှစ်ယောက်လိုက်မှာဟ ။
ငါ့ဘဲပြောတော့ သူ့သူငယ်ချင်းလဲ ရိုးတိုးထောင်တောင်နဲ့တဲ့”
“ဟာ.... ယီးတီးယောင်တောင်ဘဲကြားဖူးပါတယ်”
“နေဦးဟာ ငါအကောင့်ဖွင့်လိုက်ဦးမယ်... နင့်အကောင့်ကို
ငါလုပ်ထားပေးတယ်ရော့.... ဒီနေရာမှာ ဒီဟာ ရိုက် ဒီနေရာမှာ ဒါရိုက်ပြီးရင်
ဒါကိုနိုပ်လိုက်”
လူတတ်မလေး မဟော့ရှော့က ကီးဘုတ်ပေါ်မှာ သူမလက်လေးတွေကို
သွက်လက်စွာလှုပ်ရှားပေးလိုက်သည်။ ထို့နောက် အတော်ကြာသောအခါ
“ဟာဆိုင်းအင်တာကြာပြ်ီ ခုထိမ၀င်သေးဘူး နင်ရော.....”
“ နင်ရိုက်ခိုင်းတဲ့အတိုင်းဘဲ ဒီတိုင်းရှိတုန်း”
“နင့်ကွန်ပြူတာအောက်မှာ ကော်နက်ရှင်ပြတဲ့ ကွန်ပြူတာလေးနှစ်လုံးမီးလင်းလား”
“ဟင်...မလင်းဘူး ...ဒါနဲ့ ကော်နရှင်ဆိုတာဘဲဟင်”
“ အန်.... ကော်နရှင်...ကော်နရှင်ဆိုတာလေ...ဦးရှင်ကြီးတို့လို နတ်ပေါ့ဟ
...ဦးရှင်ကြီးက ရေငံပိုင် ဦးရှင်ကြီးလေ ..ကော်နက်ရှင်ကတော့
အွန်လိုင်းပိုင်ပေါ့ ...ကော်နက်ရှင်ဆိုတဲ့ နတ်ဝင်လာမှ ဒီကွန်ပြူတာလေး
နှစ်လုံးမီးလင်းမှ ငါတို့လဲ အွန်လိုင်းဝင်လို့ရတာဟ”
“သြော်......”
လူတတ်မလေးပြောသော ကော်နက်ရှင်ဆိုတဲ့နတ်အကြောင်းတော့
ကျမခုမှကြားဖူးခြင်းဖြစ်သည်။. ထို့ကြောင့် စိတ်ဝင်စားစွား နောက်ဘာ
တွေများပြောကြမလဲဟူပြီး စိတ်ဝင်စားစွာနားစွင့်သထက်စွင့်ထားပါတော့သည်။သူမတို့
နှစ်ယောက်ကလဲ ကော်နရှင်ရရှိရေး ...အဲလေ ကော်နက်ရှင်ကြီးကြွရောက်လာရေးကို
အသည်းသန်ကြိုးပမ်းနေကြပါတော့သည်။ သို့သော် ကျမကိုခေါ်ဖို့ သတိမရ
...သတိမရတာကလဲထိုဟော့ရှော့ကောင်မလေးသည် သူဘဲဆရာမကြီးလုပ်ချင်သည်ထင်၏။
“ဟဲ့ နင့်စပိ(speed) ဘယ်လောက်ကြီးလဲဟင်”
“ဟင် ဘာတွေ လဲ ...”
“ဟာတုံးပါပေ့ နင့်စက်အောက်ဘားမှာပေါ်နေတဲ့ ခုနက ကွန်ပြူတာလေးနှစ်လုံးကို
ကလစ်လိုက်ရင် နင့်စပိအကြီးအသေးပေါ်လာတယ်လေ”
“ဟယ်....... ဘယ်တုန်းက တိုင်းလိုက်တာလဲ ...မြန်လိုက်တာ ငါတောင်မသိလိုက်ဘူး
နင်တို့မြို့ကြီးတွေက တော်တော်တိုးတက်နေပြီနော်.... အဟီး
ဒီစက်ရှေ့ထိုင်ရတောင်ရှက်လာပြီ”
“ဟာ မဟုတ်ဘူး အက်စ် ပီအီးအီးဒီစပိဆိုတာ  ကော်နက်ရှင်ကြီးဝင်လာဖို့
မြန်နှုန်းကိုပြောတာ”
“သြော်...”
“ပြီးတော့ ငါ့စက်က ဆန့်လစိကို ကြည့်ဦးမယ် ....ပြီးရင် နင့်စက်က
ဆန့်လစိငါကြည့်ပေးမယ်”
“ဟင်...... အောင်မလေးကြောက်စရာကြီး...ဒီစက်တွေ အကုန်လုံးမှာ လစိတွေပါတာလား”
“အေးပေါ့ ဒါမှနင်သုံးလို့ရမှာပေါ့..”
“ဟာ...... ဒီစက်တွေအကုန်လုံး အထီးချည်းဘဲပေါ့”
“အာ...... နင်ဟာလေ နင့်ဆံပင်ရှည်ကိုသဖို့ဘဲသိတယ်... လစိဆိုတာ အာရ်အီးစီအီးအိုင်ဗွီအီးဒီ (received) လက်ခံတာကိုပြောတာ ဆန့်ဆိုတာ အက်စ် အီးအန်းဒီ (send)ဆိုတာ ပေးပို့တာ ၊အင်္ဂလိပ်သာလေးလဲ နည်းနည်းပါးပါး ဖတ်ဦးမှပေါ ၊ နင်နဲ့ငါ ငါးတန်းချင်းတူတူ ငါတောင်ဒီလောက်ဒီလောက်တွေတတ်ကုန်ပြီ”
“သြော်...... အေးပါ ...အေးပါဟယ်”
ကျမရီလိုက်ရတာ အူတော့မယ်ထင်တက်မယ်ထင်တယ် ။ဒါပေမယ့် ခဏကြာတော့
“ငါတို့ရောက်နေတာနာရီဝက် နီးပါးရှိပြီ... ဘာမှသုံးလို့မရသေးဘူး..အဲ့တော့ အခြားဆိုင်ပြောင်းကြစို့ ...ဟိုဘက်မှာသူတို့စောင့်နေရရင် အားနာစရာ”
“အေး....”
“အမ...အမ..”
“ဟင်...”
“ကျမတို့မသုံးရသေးဘူး အဲ့ဒါဘယ်လောက်ပေးရမလဲ”
“မသုံးရသေးရင် မပေးနဲ့လေ”
“ဟုတ်ကဲ့ပါ ဒါပေမယ့် အမစပိကြီး ပြင်ထားစမ်းပါ။ နို့မဟုတ်ရင် ကော်နက်ရှင်ဝင်မလာဘူး”
“ဟင်....”
ထိုနှစ်ယောက်တော့ ကော့တက်ကော့တက်နဲ့ချီတက်သွားပြီဖြစ်ပါသည်။ ကျမသာ စပိကြီးပြင်ဖို့ပြောခံထားရတာကြောင့်
“အမယ် သွားကြည့်ပါဦး ဘေးဆိုင်ကစပိကြီးလဲ ဒီတိုင်းနေမှာကို ....ဟွန်း.......”
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြုံးပျော်နိုင်ပါစေ
                                                                                   ရွှေရုပ်

Обсуждение

на 01.01.0001 сказал:
tuntunaye_tongkyo на 25.07.2012 сказал:

BiggrinBiggrinBiggrinBiggrin

shweyoat на 23.07.2012 сказал:

အားပေးတာကျေးဇူးတင်ပါတယ် ကိုထွန်းထွန်း ....လေးငါးတန်းတက်ပြီး ကျောင်းဆက်မတက်ဘဲ ကွဲကွာသွားကြတဲ့ ကောင်မလေးနှစ်ယောက် ပြန်တွေ့ပြီး အင်တာနက်ဆိုင်လာထိုင်ခြင်းကို စာဖတ်တဲ့သူတွေလဲ ဖြည့်စွက်ခံစားတတ်မယ်ထင်လို့ပါ....

tuntunaye_tongkyo на 22.07.2012 сказал:

အသက်နဲ့အတန်းနဲ့ နည်းနည်းလွဲနေတယ်ထင်လို့ ဘာရယ်တော့မဟုတ်ပါဘူး

အားပေးနေပါတယ်....

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← facebook ၏ရန်ဖြစ်သံ   Вернуться в блог   “အမ်ပီတီ နှစ်သိန်းတန်” →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.