ငုဝါပင်လေးရှဲ့ဆန္ဒ
Опубликовано 25.04.2010
shweyoat
``ဒီနှစ်သင်္ကြန် ပိတောက်လဲ မပွင့်ဘူး ။ဘယ်ပွင့်မလဲ မိုးမှမရွာတာလေ ။စိတ်တောင်မကောင်းဘူး စိတ်နာတယ်...စိတ်နာတယ်´´
ကိုယ့်အရိပ်အောက်မှာ လာပြောနေတဲ့သူတွေကြောင့် အားငယ်မိပါတယ်။ ဒီရပ်ကွက်က အရမ်းလှတဲ့ ကောင်မလေးနှစ်ယောက်ဘဲ .... အော် ငါ့ကိုသူတို့သတိမထားမိပါလားဆိုတဲ့ ခံစားချက်ကြီးက ...
``စိတ်နာတာတော့မကြားဖူ့းပါဘူး ကြက်နာတာတော့ ကြားဖူးတယ်...´´
``ဟာနင်နော် တကယ်ပါ ငါဒီနှစ်သင်္ကြန်ပိတောက်ပန်းပန်မယ်လို့ ရည်စူးထားတာ မိုးကလဲဟာ ..သင်္ကြန်က ငါ့အတွက် အဓိပ္ပါယ် မရှိတော့ပါဘူး။။။´´
``ထားပါတော့ နင့်ကို သင်္ကြန် မှာ ပိတောက်မပန်ရင် အဓိပ္ပါယ်မရှိဘူးလို့ဘယ်သူပြောလဲ ´´
စကားပြောရင်းထွက်သွားတဲ့ ကောင်မလေးတွေကြည့်ကာ ငါ့ကိုဘာလို့သတိမရတာလဲ ဆိုပြီး မျက်ရည်များတွေ ၀ဲမိပါရဲ့
မနက်ပိုင်းဒီကဖြတ်သွား ဒီအရိပ်မှာနားသော်လည်း ငါ့ကို ဂရုမစိုက်ကြပါလားလို့ အားလဲငယ်မိပါတယ်...ခုလည်းကြည့်
``အိမ်က အမေက ပိတောက်ပန်း ရှာခဲ့တဲ့လေ ။မိုးမှမရွာတာ ဘယ်လိုလုပ်မလဲ ။အသက်လဲ ၈၂နှစ်ရှိပြီ သင်္ကြန်ကျရင် ပိတောက်ပန်း တွေ့ရမှတဲ့ဟာ......´´
အော်....ပြောနေကြပြန်ပြီ ...နေတာကျတော့ ကိုယ့်အရိပ်အောက်မှာ ကိုယ့်အရိပ်အောက်ကရေလဲ သောက်သေးတယ် ။ `ဟွန်းနော်...... ဒီမှာလဲ လှပါတယ် ။ပိတောက်မှ မဟုတ်ပါဘူး ။ တစ်ချက်လေးဖြစ်ဖြစ်မော့ကြည့်လိုက်ပါ.....အရောင်လဲတူပါတယ် ။ စဉ်းစားရင်း ငေးမောမိပါတယ် ။ဟိုဘက်က ပိတောက်ပင်ပုလေးတွေက အဖူးတွေနဲ့ လှောင်နေသလိုလို ...
တွေးတောနေတဲ့ စိတ်အစဉ်ကို အောက်ကပြောနေတဲ့သူနှစ်ယောက်ရဲ့ ကိုယ့်နာမည်ကိုခေါ်လိုက်တဲ့ အတွက်ကြောင့် နားပြန်စွင့်မိပါတယ်
``ပိတောက်မရရင် ငုခူးသွားလေဟာ.......´´
ဒါပေမယ့် ခုနတစ်ယောက်ပြောတဲ့ စကားက ရုတ်ခြည်းလှဲပြိုချင်တယ် ။
``ပိတောက်နဲ့ ငုဝါ တန်ဖိုးချင်း...မတူဘူးဟ .....´´
စိတ်တိုတိုနဲ့ လက်တွေခြေတွေ ဆန့်တန်းလိုက်တော့ ....
``လေတွေ အရမ်းတိုက်လာပြီ ပြန်ကြစို့ လာလာ....နောက်နေ့မှ ပိတောက်နဲ့ ငုဝါအကြောင်းပြောတာပေါ့.....´`
ဒီရပ်ကွက်ကလူတွေ တော်တော်ဆိုးတယ် ။တစ်ခါလာလဲ ဒီပိတောက် နဲ့ အရောင်တူ နှစ်သစ်ကြိုတာချင်းတူတယ့်ပန်းတွေပါဘဲ ။ ငုဝါလဲ နှစ်သစ်ကိုမင်္ဂလာရှိရှိကြိုတဲ့ပန်းပါ ။
ငုဝါမှာ အဆုပ်လိုက် အခိုင်လိုက်ပွင့်တဲ့ ပန်းဆို အရမ်းကို ထူးထူးခြားခြား ကောင်းကျိုးပေးတာမသိလေရော့လား ကြည့်ပါဦး အဆုပ်လိုက်တွေ ပွင့်နေတာ ဒီမှာမများကြီးပါ။ နောက်ပြီ ဗေဒင် အတက်နဲကြည့်ဦးမလား ကောလီကို ဆောင်က လောကီတွင် အောင်ရမယ်လို့ ကြားဖူးရင် ငုဝါကိုတန်ဖိုးထားတက်မှာပေါ့လေ.....ကောဆိုတာ တနင်္လာ လီဆိုတာ ဗုဒ္ဓဟူးလေ ငုဝါကိုလဲ ပြန်ကြည့်ရင် တနင်္လာ ဗုဒ္ဓဟူး အဲ့တော့ ငုဝါကိုသာ ဆောင်ကြည့်ပါ အလွန်ကို ထူးခြားအောင်မြင်မှာပေါ့လေ....
တနင်္လာဂြိုလ်သက် (၁၅)နှစ်ရယ် ဗုဒ္ဓဟူး ဂြိုလ်သက် (၁၉)ရယ်ပေါင်း (၃၄) ။ ငုဝါပန်းကို (၃၄)ပွင့်ဆောင်သွားရင် စိတ်သွားတိုင်းကိုယ်ပါ လို ရာဆန္ဒပြည့်မယ်။ ဒါတင်မကသေးဘူး ငုဝါပင်အောက်ကိုရပ်ပြီး ရပ်တဲ့သူရဲ့တေဇ အရပ်မျက်နှာကို မျက်နှာမှုပြီး `ကြေးဝါ ´ `ခေါင်းလောင်း´ တစ်ခုခုကို လှုပ်ရမ်းတီးခတ်ရင် အသံမြည်မယ်လေ အဲလေ့ ကံကောင်း မယ် အညံ့တွေပျောက်မယ် ရန်ညိုးရန်စတွေကင်းမယ် ဘုန်းမြင့်မယ် ဒါတွေများသိရင် ဒီအပင် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သိရမှာလေ။ အဲ့တော့ နေ့တွေအလိုက် စာဖတ်သူတွေသိအောင်ပြောချင်သေးတယ်။
တနင်္ဂနွေ ဆိုရင် အနောက်
တနင်္လာ ဆိုရင် အနောက်မြောက်
အင်္ဂါ ဆိုရင် မြောက်
ဗုဒ္ဓဟူး ဆိုရင် အရှေုမြောက်
ရာဟုဆိုရင် တောင်ဘက်
ကြာသာပတေး အရှေ့တောင်
သောကြာ အနောက်တောင်
စနေဆိုရင် အရှေုဘက်ကိုပေါ့
နောက်ရှိသေးတယ်။ ငုဝါသားကို မိမိညာလက်ညိုးလောက်ဖြတ်ပြီး ရွှေချဆောင်ရင် လူလှပြောင်မယ်လေ (လူနေလှလို့ ရွှေချသလိုပြောင်ပြောင်ယောင်ယောင် ရှိမယ်ပြောပါတယ်)
အဓိကကတော့ အဲ့ လို ငုဝါသားဆောင်ရင် စီးပွားတိုးတက်လာဘ်ပွင့်တယ်တဲ့ လက်မပွင့်ရင်တော့ ကလော်ဖွင့်ပေါ့။အဲ........ ငုဝါပင်လေးသူ့အကြောင်းသူစဉ်းစားရင်းအိပ်ပျော်သွားပါတယ် ။အိမ်မက်ထဲမှာ သူ့ ဆီက ပန်းလေးတွေကို ဒီရပ်ကွက်ကလူတွေ တန်ဖိုးထားကာ ဘုရားပူဇော်လို့ သူတောင် ပိတောက်ပန်းလေးတွေကို ပြောင်ပြလိုက်သေးတယ်။။။။
.......
မနက် အစောကြီး သူ့အသားကိုလာထိတာကြောင့်ငုဝါပင်လေးလန့်နိုးလာတဲ့အခါ အောက်ကိုငုံ့ကြည့်မိတယ် ။ ဟိုတစ်ခါကပိတောက်ပန်းပန်မယ်ဆိုတဲ့ကောင်မလေး တံချူလေးနဲ့ သူ့ပန်းလေးတွေကို တယုတယ တံချူနဲ့ ခူးနေတာတွေ့လိုက်ရပါတယ်။ အိမ်မက်ထဲက အတိုင်းဖြစ်ပြီဆိုပြီးပေါ့
``နင်အရင်က ငုမကြိုက်ဘူးး ပိတောက်ကြိုက်တယ်ဆို ဒီနေ့မှဘာဖြစ်တာလဲ ထူးထုးခြားခြား ငါ့ကိုတောင်လာခေါ်တယ်။´´
``ငုဝါပန်းနဲ့ အပင်အကြောင်းကိုငါတော်တော်များများ သိလာလို့ပါ ။မနေ့က အဖေ့ စာအုပ်စင်ထဲက မြန်မာနှစ်သစ်ကူးမှ မင်္ဂလာရှိတဲ့ ငုဝါပန်း ဆိုတဲ့ အကြောင်းကိုဖတ်တော့ ငုဝါပင် ငုဝါပန်းကတန်ဖိုးရှိကြောင်းသိလာတယ် ခုလည်း ငုဝါပန်း (၂၄)ပွင့် ကိုခူးပြီး သီမယ် ပြီးရင် ငါ့ချစ်သူရဲ့ ဓါတ်ပုံကိုပတ်ပြီးထားရင် သူက ငါ့ကိုအရမ်းချစ်လာရောတဲ့ ဟီးဟီး...´´
``ဟင် ကောင်းလိုက်တဲ့ရည်ရွယ်ချက်.....´´
``နောက်ရှိသေးတယ် ... နင်ငုဝါပန်းကို ကြိုက်သလောက်ခူးပြီး ကြေးဝါအိုးမှာစိုက်ပြီးဘုရားတင်ရင် သတင်းကောင်းတွေကြီးဘဲကြားရတယ်တဲ့ ။နောက်ပြီး ငုဝါသားကို ငုဝါပင်ကနေ အရပ်မျက်နှာအလိုက်ဖြတ်ပြီး ကိုယ့်နေ့နံအလိုက် ရုပ်ထုလေးလုပ်ပြီးဆောင်ရင် အကြံစည်မှန်သမျှအောင်မြင်တယ်တဲ့ဆရာ....´´
``တယ်ဟုတ်ပါလား ပြောပြကြည့်လေ...´´
``အင်း.......
တနင်္ဂနွေက မြောက်ဘက်က အကိုင်းကိုဖြတ်ပြီး ဂဌုာန်ရုပ်ထုဆောင်ဟာ
တနင်္လာ အရှေ့မျောက် ကျား
အင်္ဂါ အရှေုအရပ် ခြင်္သေ့
ဗုဒ္ဓဟူး အရှေုတောင် ဆင်ရုပ်
ရာဟု အနောက် ဟိုင်းဆင်
ကြာသာပတေး အနောက်တောင် ကြွက်ရုပ်
သောင်္ကြာ အနောက်မြောက် ပူးရုပ်
စနေ အနောက်မြောက် နဂါးရုပ်ပေါ့ဟာ........
ပန်းတွေလဲ အများကြီးခူးပြီးပြန်သွားကြတယ် ။ငုဝါပင်လေး ထိုကောင်မလေးနှစ်ယောက်ကိုလှမ်းကြည့်ရင်း ပျော်နေတယ် သူ့ပန်းလေးတွေလဲ ဘုရားရှေုမှာ အပူဇော်ခံရပါတော့မယ်ဆိုပြီးပေါ့.......................
.............................................................................................
ပြုံးပျော်နိုင်ပါစေ
(ရွှေရုပ် တစ်နေ့ကမြို့ထဲကပြန်လာချိန်မှာ ကားလမ်းတစ်ဖက်တစ်ချက်မှာလှပစွာ ပွင့်နေတဲ့ ငုဝါပင်တွေကြည့်ရင်းမှ ငုဝါအကြောင်းကိုစာရေးချင်စိတ်ဖြစ်ပေါ်လာ၍ရေးပါတယ် ။ ငုဝါနဲ့ ပက်သတ်တဲ့ စာတွေပြန်ဖတ်ရင်းစာဖတ်သူတွေမပျင်းအောင် ဇာတ်လမ်းလေးရေး၍ တင်ပြခြင်းဖြစ်ပါတယ် ။ငုဝါပန်းလေးတွေအား ဤပို့စ်လေးဖြင့် မြင်ခဲ့သည်ဆိုလျှင်.............)
ရွှေရုပ်