သွေးစွန်းသင်္ကြန်

Опубликовано 16.04.2010 shweyoat

တကယ့်ကို ၀မ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ပါ။ သင်္ကြန်အကြတ်နေ့
ဗုံးသုံးလုံးကွဲတယ်လို့ သင်္ကြန်မှာ စွေးစွန်းခဲ့ရပါတယ်။ သေကြတာလည်း
အများကြီး ၊ဒဏ်ရာရတာလည်း အများကြီးပဲလေ။
သင်္ကြန်ဆိုတာ နိုင်ငံရေးမပါ ။ဘာသာရေးအကဲတဲ့ မြန်မာတို့ရဲ့
တန်ဖိုးအထားရဆုံး ၊အပျော်ပါးရဆုံးပွဲတော်ရက်တွေပါ။ ဒီလိုရက်မျိုးမှာ
လူသတ်မှိုင်းကိုခွဲံပြီး လူသတ်တယ်ဆိုတာလည်းတစ်ခါမှ မကြုံခဲ့ရဘူးတဲ့
ဖြစ်ရပ်ပါ။. ခုတော့ကြုံကြရပြီပေါ့။
ဂီတနဲ့ အကမှာ နစ်မြောနေတဲ့ ၊အေးချမ်းတဲ့
အတာရေမှုံ့တွေကြားမှာ ပျော်ပါးနေတဲ့ လက်နက် ဆိုလို့ သံတိုတစ်စတောင်
ကိုင်မထားတဲ့ သင်္ကြန်သားပျိုသမီးပျို တွေကိုလူသတ်ဗုံးကို အသုံးချပြီး
အစုလိုက် အပြုံလိုက် လွယ်လွယ်သတ်ပစ်တဲ့ အလုပ်လောက် လူမဆန်တဲ့
၊အောက်တန်းကျတဲ့ ၊ ယုတ်မာတဲ့ အလုပ်ဘယ်မှာ ရှိတော့မှာလဲ ။ဒီလို
မြန်မာအားလုံကိုသစ္စာဖောက်တဲ့အလုပ် သူရဲဘောကြောင်တဲ့ အလုပ်ကိုလုပ်တဲ့
တရာခံဟာ စက်ဆုပ်စရာ အကြမ်းဖက်သမားဘဲဖြစ်ပါတယ်ရှင်။
ရက်စက်တဲ့ အလုပ်ကို ကျူးလွန်ရင် ရက်စက်မှုပဲပြန်ရပါလိမ့်မယ်
။ သေဆုံးသွားတဲ့သူတွေရဲ့ ၀ိဥာဉ်တွေဒဏ်ရာရသူတွေရဲ့ သွေးတွေ မိသားစုတွေရဲ့
မျက်ရည်တွေ ၊စိုးရိမ်ပူပန်မှုတွေနဲ့ သောကတွေ့က ခွင့်လွှတ် မှာမဟုတ်ပါဘူး ။
ဒါတစ်မျိုးသားလုံးကိုခေါ်တဲ့ စိန်ခေါ်မှုကဘဲ။
ဒါတစ်မျိုးသားလုံးကိုသစ္စာဖောက်မှုဘဲ။ ဒါတစ်မျိုးသားလုံးရဲ့ ရန်သူလို့
ခွဲခြားပြမှုဘဲ။ မျက်လုံးတွေအားလုံးက ကြည့်နေကြပါပြီ။
မြန်မာတို့ရဲ့ ယဉ်ကျေးမှု နှုန်းစံမှာ အပြစ်မရှိတဲ့သူတွေကို
သတ်လို့ သူရဲကောင်းအဖြစ်သတ်မှတ်ထားတာ မရှိပါဘူး ။လူသတ်ဗုံခွဲံ ရအောင်
ဒါစစ်မြေပြင်မဟုတ်ပါဘူး။ နိုင်ငံရေးအမြတ်ထုတ်ရအောင် ဒါနိုင်ငံရေးနဲ့
ဆိုင်တဲ့ အခမ်းအနားမဟုတ်ပါဘူး။ အတ္တအတွက် လုပ်တယ်ဆိုရင်တော့
အဆိပ်ကိုစားမိပြီဆိုတာ သိထားတော့။ တစ်မျိုးသားလုံးရဲ့
မြတ်နိုးတန်ဖိုးထားမှုကို ဖျက်ဆီးပစ်တဲ့ အတွက် တစ်ဦးချင်းအားလုံးက
မုန့်တီးစွာ တုန့်ပြန်ကြတော့မှာဖြစ်ပါတယ်။ ဘာအကြောင်းပြချက်နဲ့
သွေးစွန်းသင်္ကြန်ဖြစ်အောင် လုပ်လုပ် ။ သင်္ကြန်ချစ်သူမြန်မာအားလုံးက
လူသတ်သမားကိုရှာ အန္တရာယ် သတ္တ၀ါကို မြန်မာတွေရဲ့ အနားမှာအထားကြနဲ့ရှင်..။။။။။

ရွှေရုပ်

Обсуждение

на 01.01.0001 сказал:
thidange на 18.04.2010 сказал:

သူငယ်ချင်း ငြိမ်းချမ်းအိမ် ပြောတဲ့

အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြပေါ့ ......

ဘာနဲ.တိုက်မှာလဲ  ။တုတ်နဲ. လား  ။ဓါးနဲ.လား ။သေနတ်နဲ.လား။ ပါးစပ်နဲ.လား ။

အဲဒီ ဗုံးခွဲသူဟာ အစိုးရက ခိုင်းလို.လုပ်တဲ့လူဖြစ်ဖြစ် ၊သောင်းကျန်သူ သူပုန်ဖြစ်ဖြစ် သိပါပြီတဲ့။

ဘာနဲ. တိုက်မှာလဲ ? ။ပါးစပ်နဲ. တိုက်လို.ကတော့ ဒီလောက် နိုင်ငံရေးဆရာကြီးများပါဝင်တဲ့  NLD

တောင် အနှစ်(၂၀) လုံးလုံးတိုက်ခဲ့တာ ဘာမှမဖြစ်လာသေးဘူး။ဒို.တွေလို. သာမန် လူတွေထဲက

လူသားတွေအဖို.ကတော့ သကြားမင်း ဖင်ကို လေးနဲ.ပစ်သလိုပဲ အိမ်မက်တွေမက်သလိုပါပဲ။

ဆင်ဖမ်းမယ် ၊ကျားဖမ်းမယ်နဲ. ဆိုခဲ့တဲ့ NLD လိုပါတီကြီးကတောင် ဘာမှပြည်သူတွေအတွက်

မလုပ်ပေးနိုင်တဲ့ အတွက် တောင်းပန်ပါတယ်တဲ့။ဘာမှ နားမလည်တဲ့ ကျောင်းသားတွေ ၊ပြည်သူတွေ

ပေးဆပ်လိုက်ရတဲ့ အသက် ၊သွေး ၊ချွေးတွေကို ဘယ်လိုလုပ်ရမလဲ။ရဲရဲတောက် ဒို.ဗမာတွေဆိုပြီး

ကြွေးကြော်လိုက်ကြတာ ဘင်လာဒင်ရဲ. တပည့်လိုမျိုး  မြန်မာပြည်မှာ မမွေးသေးပါ။

အသေခံ ဗုံးခွဲနိုင်တဲ့ လူမြန်မာပြည်မှာ မတွေ.ဘူးသေးပါ။အဲဒီလို ခွဲရဲတဲ့လူရှိပြီးပဲထား မတ်လ(၂၇)

မှာကျင်းပတဲ့ တပ်မတော်နေ.လို မျိုးမှာ ဗုံးခွဲပေါက်ဖို.နေနေသာသာ အီပေါက်ဖို. သေးပေါက်ဖို.

တောင်မစဉ်းစားနဲ. ။အဲဒီနေ.မကျင်းပမှီ နှစ်လ သုံးလလောက်အလိုကတည်းက ချထားလိုက်တဲ့

ကင်းပုန်တွေ ၊စစ်လိုက်တဲ့ ဧည့်စာရင်းတွေ ဘယ်လိုလုပ် ဗုံးခွဲလို.ရမှာလဲ။ 

စစ်တုရင် ကစားသလိုပဲ ပွန်းတွေကတော့ အရှေ့ကနေပြီး အသေခံတိုက်တယ်။နောက်ဆုံး

အဖြူဘက်ကနိုင်နိုင် ၊အမည်းဘက်ကနိုင်နိုင် အဲဒီခေါင်းဆောင်တွေရဲ. ဘုရင်တို. ၊ဘုရင်မ

တို.ကပဲ စံစားရမှာပဲ။လုံးဝ ပေးဆပ်လိုက်ရတာကတော့ အရှေ့ဆုံးက ပွန်းတွေပါပဲ။

ဘေးနားက ပွဲကြည့်ပရိသတ် လုပ်ရုံကလွဲပြီး ဘာများတတ်နိုင်မှာလည်း ဒို.တွေရဲ.ဘ၀နော်။

yb на 17.04.2010 сказал:

အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြပေါ့

thidange на 17.04.2010 сказал:
SALEISHA:

မြန်မာစကားပုံ တစ်ခုကြားဖူးတယ်.....

မြေနိမ့်ရာ လှံစိုက်တဲ့။

ဥပမာ တစ်ခုအနေနှင့်ပြောရရင်တော့ ဥပမာနော်......

မြန်မာနိုင်ငံရဲ.လက်ရှိ သူဋ္ဌေးကြီးစာရင်းဝင်တစ်ဦးဖြစ်သူ ဦးတေဇ အိမ် ကို သူခိုး ခိုးခံထိတယ်လို.

ကြားဖူးပါသလား ။သူခိုးက ဘယ်လိုလုပ်ခိုးလို.ရမှာလဲ။ကျွန်မလည်း ၄င်းရဲ.အိမ်ထဲကိုရောက်ဖို.သာသာ

အိမ်အပြင်ကနေပြီးတောင် မတွေ.ဖူး ဘူးပါ။စိတ်မှန်းနဲ.ပဲ ကျွန်မ နှင့်  အခုစာဖတ်သူတို. စတင်ပြီး

သူခိုး ငတက်ပြား ကိုအကူအညီတောင်းပြီး  သုံးယောက်သား သူ.အိမ်ထဲသို.၀င်ကြပါစို.။

အထူးသဖြင့် သူဋ္ဌေးတွေရဲ. အိမ်အပြင်အုတ်တံတိုင်းကတော့ အနည်းဆုံး ၈ ပေအထက်

လောက်မှာရှိပါတယ်။ အဲဒီအုတ်တံတိုင်းရဲ. အပေါ်မှာ သွယ်စူးကြိုး ရှိလိမ်.မယ်။  အချို.

သူဋ္ဌေးအိမ်ဆိုရင် အဲဒီသွယ်စူးကြိုးကို လျှပ်စစ်ဓါတ်လွှတ်ထားပါတယ်။အဲဒီခြံစည်းရိုးကို ကျော်လွန်

လာပြီးရင် အနည်းဆုံး ခွေးနှစ်ကောင်လောက်နှင့်တော့ သင်တွေ.ရလိမ့်မယ်။ အယ်ဇေးရှင်းလား၊

ဒိုဘာမင်လား ပဲ ။အဲဒီ ခွေးတွေကလည်း သူခိုး ငတက်ပြား ကျေးဇူးကြောင့် လိုက်ကိုက်လို. မရဘူး

ဆိုကြပါစို.။အဲ...သူအိမ်ရှေ.တံခါးကို ရောက်လို.ဖွင့်လိုက်ပြီးအိမ်ထဲဝင်ဖို. ကြံရုံရှိသေး တယ်ရီခွေး

လေးတွေက အသေအလဲဟောင်ပြီး ကိုက်မယ်တကဲကဲပေါ့။ အဲဒီခွေးလောက်ကတော့ ရီတာပေါ့ ။

ခုနက ခုန်လိုက်ရင် လူတစ်ရပ်ကျော်တဲ့ ဒိုဘာမင်တို.တောင်ဘာမှမလုပ်နိုင်တာ။သိတယ်မဟုတ်လား

သူခိုး ငတတ်ပြား အားကိုးနဲ.နော်။သြော်...မေ့သွားလို. သူဋ္ဌေးကြီးအိမ်ဆို.တော့ တိရစ္ဆာန်ခြံစောင့်

သာမက လူခြံစောင့်လည်း တုတ် ၊ဓါး ဆွဲပြီး ကျွန်မဆို.တို. ဖမ်းဖို. အနောက်ကနေလိုက်လာပြီးပေါ့။

သူဋ္ဌေးကြီး ဦးတေဇ အိမ်ခန်းထဲရောက်တော့ ၄င်းက သူ.အသက်အန္တာရယ် ကာကွယ်ဖို.ဆို.၍ လိုင်

စင်နဲ. ကိုင်ဆောင်ထားနဲ.သေနတ်နဲ. ချိန်ထားပြန်ရော။ဒါပေမဲ့ ကျွန်မတို.က  အခုစာထဲမှာ မင်းသား ၊

မင်းသမီးတွေ ၊ဇတ်လိုက်တွေဆိုတော့ အပ်ချလောင်းလို. ပြောလိုက်တာနဲ. သူ.သေနတ်ဟာလည်း

သင်္ကြန်ရေသေနတ်ဖြစ်သွားပါလေရော။နောက်ဆုံးမှာ ကျွန်မတို.လိုချင်တဲ့ ရွှေ ၊ငွေ အစရှိတာတို.ယူ

ပြီးထွက်ပြေးလွှတ်မြောက်သွားတယ်ဆို.ကြပါစို. ။နောက်နေ.တွေမှာ ရဲတွေ အသေအလဲ လိုက်စုံ

စမ်းတယ်ဆိုကြပါစို.။

မြောက်ဒ၈ုံရပ်ကွက်က ကိုမောင်မောင် ဆိုတဲ့ အိမ်ကို နောက်နေ.မှာ ကျွန်မတို. အုပ်စု ထပ်မံ

ဝင်ခိုးတယ်ဆိုကြပါစို.။ အမယ်လေး....အဲဒီကိုမောင်မောင်အိမ်ထဲ ၀င်ဖို.ခက်လိုက်တာ။သူအိမ် အပြင်

ဘက်မှာ ဘာခြံစည်းမှ မရှိ။ ဘာခွေးမှ မရှိ။ လစာပေးပြီး ခန်.ထားတဲ့ ဘာခြံစောင့်မှ မရှိ။တစ်ခုခု

ပြသာနာ ဖြစ်ရင် ရဲကိုဖုန်းဆက်အကြောင်းကြာဖို. လက်ကိုင်ဖုန်းနေနေသာသာ အိမ်ဖုန်းတောင် မရှိ။

ရဲကို ဖုန်းဆက်ခေါ်တော့ လိမ်စာပြောတာနဲ. နာမည်ပြောတာနဲ.တင် တစ်နာရီလောက်ကြာပါပေါ့။

အဲဒီရဲကလည်း ဘာပိုက်ဆံမှ မရလို. ဘာမှလိုက်စုံစမ်းမှာ မဟုတ်ဘူး။အိမ်မှာလည်း ကျူထရံကာ

ဆိုတော့ ၀င်ဖို. ခက်သား။

ဒီလိုပါပဲ....လောကကြီးက ဖြစ်တတ်ပါတယ်။

မြေနိမ့်ရာ လှံစိုက်မှာပဲ။

ဘာကြောင့် နေပြည်တော်တို..မှာ ၊ဖိုးသောကြာထိုင်တဲ့ မဏ္ဍန်မှာ ဗုံးမပေါက်ပါလိမ့်။

 ၂၀၁၀ ဒီနှစ်သင်္ကြန် အတွက် ကြားရတဲ့ သတင်းအတွက် များစွာ စိတ်မကောင်း ဖြစ်မိပါတယ်။

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← ကဲတယ် ၊ဆဲတယ်၊ လွဲတယ်၊ ခွဲတယ် ၊…   Вернуться в блог   ဥစ္စာပျောက် ငရဲရောက် →
© 2013-2024 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.