လူညာတစ်ယောက်ရဲ့သစ္စာ
Опубликовано 18.02.2011
prettygloria
Метки: လူညာတစ်ယောက်ရဲ့သစ္စာ
ငယ်မတွေ့ပဲနေနိုင်အောင်ကြိုးစားတယ်ဆိုပေမယ့်
အချိန်တန်ရင် နင်ပြန်လာမှာပဲဆိုတဲ့အကြောင်းပြချက်နဲ့
ကိုယ့်နှလုံးသားကိုညာပြီးစောင့်နေဆဲပါပဲ။
သူကိုတကယ်ချစ်တာလားလို့မေးကြရင်
(ဒီလိုပါပဲ)လို့ ၀ိနည်းလွတ်ညာခဲ့ပေမယ့်
ငယ်ဘယ်လောက်နင့်ကိုချစ်တယ်ဆိုတာ
ငယ်သာအသိဆုံးပါ။
လောကကြီးဟာသူဖြစ်ချင်သလိုသာဖြစ်နေတယ်ဆိုတာသိပေမယ့်
နယူတန် ရဲ့နိယာမတစ်ခုကို အိတ်ထဲထည့်ပြီး
ငယ့်အချစ်သာမှန်ရင်ဆိုတဲ့အကြောင်းပြချက်နဲ့
ကံဇာတ်ဆရာကိုငယ်ညာတယ်။
နင့်ဘက်က မရူးသွပ်ဘူးဆိုတာသိရက်နဲ့
ငယ့်ဘ၀ကို မက်မောစွာမနမ်းရှိုက်ဘူးဆိုတာသိရက်နဲ့
ငယ့်ကိုယ်ငယ်ညာတယ်
နင်ဟာငယ့်ချစ်သူ။
ဘာဆုမှမလိုချင်ပါဘူး ဘုရား .. လို့ဦးချလိုက်ပေမယ့်
ငယ့်ရင်ထဲက နင်နဲ့နီးစပ်ခွင့်လေးကို
တိုးတိုးလေးကြိတ်ဆုတောင်းရင်း ငယ်ညာတယ်။
သွားပါတော.့။
နင်ထွက်သွားပါတော.့။
နင်ပျော်နိုင်ပါစေတော.့။
ငယ်ညာခဲ့တယ်
တကယ်တော့နင့်ကို ငယ်အနားမှာပဲအမြဲရှိစေချင်တာပါ။
ငယ်မညာတမ်း စကားနည်းနည်းပြောချင်တယ်
ဒီအတိုင်းဆို ငယ်အသက်ရှင်နိုင်ဖို့မလွယ်တော.ပါဘူး
ငယ်နင့်ကို ရင်နဲ့ရင်းပြီးချစ်ခဲ့ပါတယ်။