အထူးကုဆ၇ာဝန်လေးရဲ့အချစ်
Опубликовано 10.12.2009
prettygloria
Метки: အထူးကုဆ၇ာဝန်လေးရဲ့အချစ်
အချစ်ရဲ့စကားလေးတွေက
ကိုရီးယားဂျင်ဆင်း စားရတာထက်
ပိုပြိးတော့အားပြည့်စေတယ်............ချစ်သူရယ်။
အချစ်ရဲ့အပြုံးလေးတွေက
ကာဒါမိုက်အစက် သောက်ရတာထက်
ပိုပြီးတော့အမောပြောစေတယ်.........ချစ်သူရယ်။
အချစ်ရအယုအယလေးတွေက
ဒိုင်ယာစီဗင် သုံးရတာထက်
ပိုပြီးတော့စိတ်ငြိမ်စေတယ်..............ချစ်သူရယ်။
အချစ်ရဲ့အတွယ်အတာလေးတွေက
ဘာမီတွန် ဆောင်ရတာထက်
ပိုပြီးတော့အိပ်ပျော်စေတယ်...........ချစ်သူရယ်။
အချစ်ရဲ့အပြုအမူလေးတွေက
ဂလူးကို့စ် သွင်းရတာထက်
ပိုပြီးတော့ကျန်းမားစေတယ်...........ချစ်သူရယ်။
အကယ်လို့သာ..................ဒီကမ္ဘာကြီးမှာနေဘို့
စက္ကန့်ပိုင်းသာ အချိန်ရတော့မယ်ဆိုရင်လေ
ချစ်သူရေ.........
ငယ်လေးကိုတချက်လေးဖြစ်ဖြစ်
နမ်းဖြစ်အောင်နမ်းလိုက်စမ်းပါကွယ်
အချစ်ရဲ့နှတ်ဆက်အနမ်းတချက်ကလေ.....
ဆိုလူကောဖ်တက် ဆိုတဲ့အသက်ကယ်ဆေးထက်
ပိုပြီးတော့အစွမ်းထက်နေမယ်ဆိုတာကိုလေ
"ငယ်လေး"သိနေတယ်
ချစ်သူရယ်။။။။။။။။။။။။။။။။။။