ကမ0x081ဘာပေါ်ရှိ Search Engine လောကတွင် ထိပ်ဆုံးမှ ရပ်တည်လျှက်ရှိသော Google မှာ ယခုအခါတွင် 0x158င်း၏ ပြိုင်ဘက်များဖြစ်သော Microsoft၊ Yahoo တို့နှင့် တစ်စိတ်တစ်ဒေသ ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
Google မှာကြော်ငြာထားချက်များအရ ထိုကဲ့သို့ ပူးပေါင်းလိုက်ရခြင်းမှာ အင်တာနက်တွင် Web Crawling ပြုလုပ်ခြင်းများ၊ အခိျု့ website များ၏ data base များမှာ ပိုမိုမြင့်မားသော နည်းပညာများသို့ကူပြောင်းရာတွင် ပျောက်ဆုံးသွားခြင်း အစရှိသည့် ပြဿနာရပ်များကို ပိုမိုကောင်းမွန်သော နည်းပညာများဖြင့် ဖြေရှင်းပေးသွားနိုင်သော Project တစ်ခုကြောင့်ဖြစ်ကြောင်းသိရပါတယ်။
ထိုကုမ0x081ပဏီ ၃ ခုမှ ယခုအခါတွင် Schema.org ဟူသော website တစ်ခုအား လွှင့်တင်ထားပြီး အဆိုပါWebsite တွင် အသုံးပြုနေကျ HTML tags များနှင့် webmaster များအတွက် အသုံးဝင်နိုင်မည့် နည်းပညာများအားလုံးကိုလည်း အထောက်အပံ့ပေးထားကြောင်း သိရပါတယ်။
Google ၏တာဝန်ရှိသူတစ်ယောက်မှတော့ Schema.org website တွင် web master များ 0x158င်းတို့၏ web pages များအား ပိုမိုကောင်းမွန်သော နည်းပညာများဖြင့် ဖန်တီသွားနိုင်ရန် အကိုးအကား များစွာကို ထည့်သွင်းပေးထားသည့် အတွက် တစ်ဖက်မှ Search Engines များမှလည်း 0x158င်းတို့ website များကို ပိုမိုလွယ်ကူစွာရှာဖွေသွားနိုင်မှာ ဖြစ်ကြောင်း Google blog post မှ တဆင့်ပြောကြားထားပါတယ်။
ထိုကဲ့သို့ ပိုမို အဆင့်မြင့်လာမည့်နည်းပညာများကို web master များမှ 0x158င်းတို့၏ website များတွင် အသုံးပြုသွားခြင်းဖြင့်Yahoo၊ Bing နှင့် Google ကဲ့သို့သော Search Engine များမှာ Data များကို ပိုမိုလွယ်ကူစွာ crawl လုပ်သွားနိုင်မှာဖြစ်ပြီး အခြားအချက်အလက်များကိုလည်း လွယ်ကူစွာစုဆောင်းသွားနိုင်မှာဖြစ်ပါတယ်။
Schema.org တွင် events၊ organization၊ people၊ places၊ products၊ reviews၊ ratings၊ movies နှင့် books အစရှိသော Categories များအတွက် မတူညီသော HTML tags ပေါင်း ၁၀၀ ကျော်ပါဝင်ကြောင်း ဖော်ပြလိုက်ရပါတယ်။
လှပရိုးရှင်း၍ စွဲဆောင်မှုရှိသောအသွင် ၊ စွမ်းဆောင်ရည် မြင့်မားသော အစိတ်အပိုင်းများကို ပေါင်းစည်းဖွဲ့စည်း၍ လူနှင့်နည်းပညာကြားမှ အတားအဆီးအခက်အခဲများကို ဖြေရှင်းနိုင်ဖို့အတွက် Acer မှ ICONIA TAB W500 ဖြင့် ခြေတလှမ်းတိုးလို့ လာခဲ့ပြန်ပါတယ်။
10.1 လက်မ အရွယ်အစားရှိ Screen Size က တမူထူးခြားပြီး လျှင်မြန်သွက်လက်စွာ ရွေ့လျားနိုင်သော အရည်အသွေးမြင့် Tablet အမျိုးအစားဖြစ်ပါတယ်။
ပါဝါးစားသက်သက်သာသော AMD C50 ( 1.0GHz) ကို အသုံးပြုထားပြီး Memory DDR3 2 GBပါဝင်လို့ လျှင်မြန်စွာအသုံးပြုနိုင်ပြီး စွမ်းအင်ချွေတာနိုင်ပါတယ်။ သိုလှောင်မှုပမာဏ 32 GB က နေ့စဉ်အသုံးပြုနေကျ Data များကို ကောင်မွန်စွာ သိမ်းစည်းထားနိုင်မှာပါ။
အရည်အသွေးမြင့် သီချင်းရုပ်ရှင်ဇတ်လမ်းများကို မြင့်မားသော အသံစနစ်ဖြင့် ခံစားနိုင်စေရန် Optimized Dolby Advance Audio System နှင့် Video Game များ ရုပ်ရှင်ဇာတ်လမ်းများကို ကောင်းမွန်သော ရုပ်ထွက်ပေးစွမ်းနိုင်ဖို့ အတွက် ATI Radeon HD 6250 Graphics တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားတဲ့ အတွက် သုံးစွဲသူများ အသုံးတည့်နှစ်ချိုက် ဇိမ်ကျစေမှာဖြစ်ပါတယ်။
အသုံးပြုသူများရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော Window 7 Operating System နှင့် Chat and Video call အသုံးပြုရာတွင် အဆင်ပြေဖစဖိုကအတွက် အရှေ့ဘက်တွင် Acer CrystalEye Webcam တစ်ခုပါရှိသည့်အပြင် ကျောဘက်တွင်လည်း Webcam တစ်ခု ထပ်မံပါရှိပါသည်။ ထို့ပြင် LAN နှင့် WiFi ပါရှိပြီး လွယ်ကူလျင်မြန်စွာ Internet ချိတ်ဆက်အသုံးပြုနိုင်ပါသည်။
Card Reader ပါရှိပြီး Clean Disk,Manage and Optimize disk space,Shipping Tool,Tag and Clip Screen images အစရှိသော application နှင့် Feature များစုံလင်စွာ ပါရှိသည့်အပြင် Feature အသစ်အနေနဲ့ Clear.fi Technology က များပြားလှသည့် Media Format များက Music,Photo,Video များကို လွယ်ကူစွာ အသုံးပြုနိုင်စေနိုင်ရန် အထောက်အပံ့ပေးသွားမျာဖြစ်ပါတယ်။
Tablet ကို မှ အသုံးပြုချင်သူများ ၊ Acer Tablet ကိုမှ တဖွဖွအမြဲမေးနေကျသော Acer ပရိတ်သတ်များအတွက် ရွှေလမင်းနဂါးမှ တင်သွင်းပြီး Acer ရဲ့ Authorized Dealer,Reseller များတွင် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပြီး ကွန်ပျူတာအရောင်းဆိုင်များတွင်လည်း လေ့လာဝယ်ယူနိုင်ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Mozilla မှ FireFox Aurora 6 အား Update များစွာဖြင့်ထုတ်လုပ် Thursday, June 2, 2011
Share |
FireFox Aurora version 6
Mozilla မှ 0x158င်းတို့၏FireFox 5 အတွက် စမ်းသပ် အဆင့် Browser တစ်ခုအဖြစ်ထုတ်လုပ်ထားသည့် FireFox Aurora ၏version 6 ကို update ပြုလုပ်ပေးလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။
Mozilla မှ ကြော်ငြာထားတာကတော့ ယခု update လုပ်လိုက်သော Browser တွင် ပြောင်းလဲမနအခိျု့ပြုလုပ်ထားခြင်းကြောင် FireFox အားပေးသူများမှာ ကြိုက်နှစ်သက်မှာဖြစ်ပြီး FireFox Aurora version 6 အား Windows၊ Mac နှင့် Linux တို့အတွက် Download ရယူသွားနိုင်ကြောင်း ဖော်ပြထားပါတယ်။
ထို့ပြင် Mozilla မှ 0x158င်းတို့၏ blog spot မှတဆင့် ကြော်ငြာထားတာကတော့ ယခု FireFox Aurora 6 တွင် ပါဝင်လာမည့် Feature မှာ Browser အတွင်း Add-ons များကို အလိုအလျှောက် ကိုက်ညီမနရှိမရှိပြုလုပ်ပေးနိုင်မည့် feature ဆိုလိုရင်းမှာ Browser အတွင်း Adobe Flash များကို up-to-date ဖြစ်နေစေရန် အမြဲပြုလုပ်ပေးနေခြင်းဖြစ်ပါတယ်။
နောက်ထပ်ပါဝင်လာတဲ့ Feature ကတော့ Browser loading time တွင် Tabs အများအပြားဖွင့်ထားသူများအတွက် အဆင်ပြေစေရန် Tab များကို Group ပြုလုပ်ထားနိုင်သော Feature ပဲဖြစ်ပါတယ်။ ထို့ပြင် Website များကို အစဉ်အမြဲကြည့်ရနနေသူများအတွက်လည်း မည်သည့် website မှ မိမိ Browser ရှိ cookies များ၊ password များနှင့် အခြားအချက်အလက်များကို ကူးယူနေသည် မကူးယူသည်ကို ထိန်းချုပ်နိုင်သော Feature လည်းပါဝင်လာမှာဖြစ်ပြီး ထိုကဲ့သို့ပြုလုပ်ရန် Browser ၏ address bar တွင် about
![](http://ww1.conferendo.com/images/common/smiles/razz.png)
ermissions ဟု ရိုက်ထည့်သွားရုံသာဖြစ်ပါတယ်။
ယခု Aurora 6 တွင် အဓိက Feature အသစ်ကိုတော့ Developer များကြိုက်နှစ်သွားနိုင်မှာဖြစ်ပြီး0x158င်းကတော့ Scratchpad ဖြစ်ပြီး 0x158င်းအတွင်း Developer များမှာ Java Script များကို ရေးသားပြီး တစ်ပြိုင်နက် စမ်းသပ် သုံးစွဲသွားနိုင်ကြောင်း သိရပါတယ်။
ထို့နောက် Web Console မှာလည်း ယခင်ကဲ့သို့မဟုတ်တော့ပဲ သီခြား Tab တစ်ခုအနေနှင့်ပင် ခွဲထုတ်၍ရသွားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် အခြား Developer Tools များကိုလည်း တစ်နေရာတည်းတွင် ထပ်မံပေါင်းထည့်သွားနိုင်ရန် စီမံပေးထားပြီး အသစ်ထပ်မံပါရှိလာသော Developer Feature များမှာတော့ server –sent event များ၊ ပိုမိုကောင်းမွန်သော HTML 5 ထောက်ပံ့မနနှင့် Doom Level 3 တို့ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
![](http://www.myanmarinternetjournal.com/images/2011/5/12-19/thunderbolt.jpg)
Apple ကုမ္ပဏီမှ ၁၁.၆ လက်မနှင့် ၁၃.၃ လက်မအရွယ် MacBook Air များကို Intel ၏ Thunderbolt အမည်ရှိ Sandy Bridge
ပရိုဆက်ဆာကို တပ်ဆင်ထုတ်လုပ်လျက်ရှိပြီး ၎င်းတို့ကိုဇွန်လ သို့မဟုတ် ဇူလိုင်လအတွင်း ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် ကြိုးစားလျက်ရှိကြောင်း Digitimes ၏ဖော်ပြချက်အရသိရသည်။ Thunderbolt သည် Apple နှင့် Intel ကုမ္ပဏီအကြား ပူးပေါင်းတီထွင်မှု၏ နည်းပညာရလဒ်ဖြစ်ကာ Mac ကွန်ပျူတာများတွင် အသုံးပြုနိုင်ခြင်းမရှိသေးသည့် USB 3.0 အမြန်နှုန်းကို ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်မားသော Sandy Bridge ပရိုဆက်ဆာများကိုအသုံးပြုခြင်းဖြင့် Air မော်ဒယ်များ၏ တွက်ချက်လုပ်ဆောင်မှုမှာ လက်ရှိ Core 2 Duo ချစ်ပ်ပါဝင်သော Air မော်လ်ဒယ်ထက်ပိုမိုကောင်းမွန်လာကြောင်း သိရသည်။ ပရိုဆက်ဆာနှင့်အတူ ဂရပ်ဖစ်စွမ်းရည် ပိုမိုကောင်းမွန်လာစေရန်အတွက် Apple မှ NVIDIA Ge-Force 320M GPU ကိုအသုံးပြုဖွယ်ရှိကြောင်းလည်း သိရသည်။
|
အိုင်ပက် ၂ ကွန်ပျူတာကို အလွန်အမင်း လိုချင်လှသဖြင့် တရုတ်ဆယ်ကျော်သက် တစ်ဦးသည် မိမိ ခန္ဓာကိုယ်တွင်းရှိ ကျောက်ကပ် တခြမ်းကို ဖြတ်ထုတ် ရောင်းချခဲ့သည်။ အများပြည်သူလူထုမှာ မကျေမနပ်နှင့် စိုးရိမ် ကြောင့်ကြလျက် ရှိနေရသည်။
အသက် ၁၇ နှစ် အရွယ် ရှောက်ဇန်မှာ တပ်ဘလတ်စတိုင် ကွန်ပျူတာငယ်လေးကို ပိုင်ဆိုင်နိုင်ရန် ငွေကြေး မတတ်နိုင်ခဲ့ရှာ။ တရုတ်နိုင်ငံတွင် လပ်တော့နှင့် တပ်ဘလတ်များကို ပိုင်ဆိုင်ခြင်းမှာ ကြွယ်ဝချမ်းသာမှု၏ ပြယုဂ်သဖွယ် ဖြစ်နေသည်။
![](http://mit.zenfs.com/75/2011/06/mw-630-ipad-game.jpg)
သို့နှင့် ကျန်းမာရေး ကောင်းသူများအနေဖြင့် ကျောက်ကပ်တခြမ်းကို လှီးထုတ် ရောင်းချပြီး ငွေကြေး ရရှိနိုင်သည့် နိုင်သည့် ကြော်ငြာကို လက်ခံခဲ့မိတော့သည်။
မိခင်ဖြစ်သူအား အလွန်ထိတ်လန့် တုန်လှုပ်စေခဲ့ပြီး လူထုအကြား မကျေနပ်ချက်များ ကြီးထွားလို့ လာခဲ့သည်။
တရုတ် TV သို့ ပြောကြားရာတွင် ဆယ်ကျော်သက် လူငယ်လေးက “ကျနော်ဟာ အိုင်ပတ် ၂ ကွန်ပျူတာငယ်လေးကို အရမ်း လိုချင်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုက်ဆံက မရှိဘူးလေ။” ဟုဆိုခဲ့သည်။
“အင်တာနက်မှာ လျှောက်လည်ပတ်နေတုန်း ကျောက်ကပ် ၀ယ်ချင်တယ်ဆိုတဲ့ ကြော်ငြာနဲ့ ကိုယ်စားလှယ်ကို တွေ့ခဲ့တာပါ။”
အန္တရာယ် များလွန်းလှသော ကျောက်ကပ်တခြမ်း လှီးထုတ်သည့် ခွဲစိတ်မှုကို ဆေးရုံငယ်လေးတွင် အငှါး ခွဲစိတ်ကု ဆရာဝန် တယောက်က လုပ်ပေးခဲ့သည်။
သုံးရက်ခန့် ဆေးရုံ တက်ခဲ့ရပြီးနောက်တွင် ကျောက်ကပ်အတွက် ဒေါ်လာ နှစ်ထောင့် ကိုးရာ (၂၉၀၀) ရရှိခဲ့သည်။
iPad2 နှင့် iPhone တို့ကို သူ ၀ယ်ယူခဲ့သည်။ သို့ရာတွင် အိမ်ရောက်သောအခါတွင်မူ မိခင်ဖြစ်သူက ပစ္စည်းများ မည်သို့ရခဲ့ပုံကို မေးမြန်းခဲ့သည်။
ခွဲစိတ်မှုလုပ်ခဲ့ရကြောင်းကို ရှောက်က ၀န်ခံပြောဆိုခဲ့ပြီး ချုပ်ရိုး ဒဏ်ရာကို ပြသခဲ့၏။ ယင်းအချိန်မှစပြီး ခွဲစိတ်မှု နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ခံစားနေခဲ့ရတော့သည်။
“သား အိမ်ပြန်လာတော့ လပ်တော့ကွန်ပျူတာတစ်လုံးနဲ့ အဲပဲလ်လက်ကိုင်ဖုန်းတစ်လုံး ပါလာခဲ့တယ်။” မိခင်ဖြစ်သူက ရှင်းပြခဲ့သည်။
“ငွေတွေ အများကြီး ဘယ်လိုရခဲ့တာလဲဆိုတာ ကျမ သိချင်လိုက်တာ။ နောက်ဆုံးမှာတော့ ကျောက်ကပ်တခြမ်းကို ဖြတ်ထုတ်ရောင်းချခဲ့တာကို သူ ၀န်ခံခဲ့ပါတယ်။”
မောက္ခနိုင်ငံတကာသတင်း
Source: news.yahoo.com
Windows 7 အသုံးပြုသူများအတွက် Microsoft မှ ၄င်း၏အားနည်းချက် တစ်ခုထပ်တွေ့
![](http://www.worldwidemyanmar.com/images/stories/news/0810/winupdate.png)
Microsoft’s security response team မှ မကြာသေးမှီအချိန်တိုအတွင်းမှာ Windows 7 အသုံးပြုသူများအား blue-screen crashes or code execution attacks ကိုဖြစ်ပေါ်စေတတ်သော အားနည်းချက်တစ်ခုကို တွေ့ရှိခဲ့သည်။ ဒီအပြစ်က Denial-of Service နှင့် အခြားသော user privileges ဆိုင်ရာများကို ဖြစ်ပေါ်စေနိုင်တယ်လို့ VUPEN Security - Vulnerability Research and Intelligence မှ ပြောကြားခဲ့ပါတယ်...
ဒီပြဿနာက Clipboard မှ Bitmap Data တွေကို ထုတ်ယူအသုံးပြုစဉ် Win32k.sys ဆိုတဲ့ kernel-mode device driver ဖိုင်ထဲမှ "CreateDIBPalette()" မှ buffer overflow ဖြစ်ပေါ်တာဖြစ်ပါတယ်..
ဒီအပြစ်က Windows 7, Windows Server 2008 SP2, Windows Server 2003 SP2, Windows Vista SP2, and Microsoft Windows XP SP3 တွေမှာလည်း ဖြစ်ပေါ်ပါတယ်... Microsoft အနေနဲ့ မနေ့က (Tuesday August 10) နေ့ထုတ်လိုက်တဲ့ Windows, Microsoft Office, Internet Explorer, SQL and Silverlight မှ ဖြစ်ပေါ်နေတဲ့ 34 ခုသော vulnerabilities မှာတော့ ဒီ ပြဿနာကို ပြုပြင်ပေးဖို့ MS10-047 - Vulnerabilities in Windows Kernel Could Allow Elevation of Privilege (981852) ကို ထည့်ပေးထားတာ တွေ့ရပါတယ်.. . ဒါပေမဲ့ အခုဖြစ်ပေါ်နေတဲ့ Kernel-Mode driver ရဲ့ buffer overflow ကိုပြုပြင်ပေးနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်စေ Windows Operating System ကိုအသုံးပြုနေတဲ့ သူတွေ အနေနဲ့ အမြန်ဆုံး Update လုပ်ထားသင့်ပါကြောင်း...
WordWideMyanmar သတင်းမှ
Folder Lock v6.6.0 + Serials
![](http://3.bp.blogspot.com/-yRcfIS4XlE0/TeaVFfMOGOI/AAAAAAAABJ4/iPX27B2Bbsw/s400/Folder+Lock+v6.6.0.jpg)
ကျွန်တော် Folder Lock v6.6.0 လေးကို Serials လေးနဲ့၇ှာပြီးတင်ပေးလိုက်ပါတယ်..။ စီဘောက်မှာတောင်းထားတာလေးတွေကိုတစ်ခုချင်းတင်ပေးသွားပါမယ်.။ချက်ချင်းပြန်ပြီး
respond မလုပ်ပေးနိုင်တာတွေအတွက်တော့နားလည်ပေးစေချင်ပါတယ်..။တခြားလူတွေ မသိစေချင်တဲ့ကိုယ့်၇ဲ့ Data တွေကို Folder Lock လေးထဲမှာ Password လေးခံပြီးစိတ်ချ လက်ချသိမ်းထားနိုင်မှာဖြစ်ပါတယ်..။ကိုကြည့်ချင်တဲ့အခါမှပေးထားတဲ့ Password လေးနဲ့ပြန် ဖွင့်ပြီးကြည့်ယုံပါပဲ..။အသုံးပြု၇တာလဲလွယ်ပါတယ်..။အလွယ်တကူသုံးလို့၇အောင်ကျွန်တော်
အောက်မှာ ပုံလေးတွေနဲ့၇ှင်းပြပေးထားပါတယ်..။ပုံလေးတွေကိုကြည့်ပြီးလိုက်လုပ်ကြည့်လိုက်
လိုက်ပါ....
![](http://1.bp.blogspot.com/-dGQq_C-hCyo/TeaVkzVoLBI/AAAAAAAABJ8/uDherToF-mg/s400/1.png)
![](http://1.bp.blogspot.com/-BKZC95jVXeY/TeaVmLyyeuI/AAAAAAAABKA/lptuLTyRCqA/s400/3.png)
![](http://3.bp.blogspot.com/-zJVzltgPj2w/TeaVnTduyOI/AAAAAAAABKE/0kWJr1fGGRU/s400/5.png)
![](http://3.bp.blogspot.com/-RXWOzf2oUqE/TeaVoworhaI/AAAAAAAABKI/31At4n6N98g/s400/6.png)
![](http://2.bp.blogspot.com/-vX0sgNf9yNI/TeaVqT6EebI/AAAAAAAABKM/1ASvZ7lYqZk/s400/8.png)
![](http://2.bp.blogspot.com/-lJOr5clccs0/TeaVrmV0Q2I/AAAAAAAABKQ/uOCp55ykHqw/s400/7.png)
Folder Lock လေးကိုဘယ်လိုသုံး၇မယ်ဆိုတာကိုတော့ပုံလေးတွေနဲ့၇ှင်းပြထားတာကိုကြည့်ပြီးလိုက်လုပ်
ကြည့်လိုက်၇င်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်..။အသုံးပြုချင်တဲ့သူတွေများကတော့အောက်မှာပေး
ထားတဲ့လင့်လေးကနေသာဒေါင်းလော့ချသွားလိုက်ပါ....
![](http://4.bp.blogspot.com/-PA9DQiXPw84/TeaWzdwu5FI/AAAAAAAABKU/5akIzdaGhE8/s1600/finaldownload.gif)
Downloading From Ziddu
Downloading From Mediafire
Downloading From Ifile.it
Windows 7 မှာProgramတွေဖွင့်တိုင်းလာရှုပ်နေတဲ့ UAC (User Account Control)
ဆိုတာခနခနတွေ့ ဖူးကြပါလိမ့်မယ်။အောက်ကလိုပေါ့
![](http://i1228.photobucket.com/albums/ee457/komyatblog/windows-7-user-account-control.png)
UAC (User Account Control)မပိတ်ထားရင် Programတွေဖွင့်တိုင်း အဲဒီဘောက်စ်က
ပေါ်လာမှာပါ။ နောက်သိပ်ပြီးထူးတာလဲမဟုတ်ပါဘူး။ Security အတွက် Window က
permission တောင်းတဲ့သဘောပါပဲ။ မကြိုက်လို့ နောက်မပေါ်စေချင်တော့ရင်
လုပ်နည်းက နှစ်မျိုးရှိပါတယ်။
လွယ်တဲ့နည်းကိုပဲကျနော်ပြောပါ့မယ်။ Registry Editor နဲ့ပိတ်တဲ့နည်းလဲရှိပါတယ်
ဒါပေမဲ့ Control Panel ၀င်ပိတ်တဲ့နည်းကပိုလွယ်ပါတယ်။ကဲစကြည့်ရအောင်
(၁)
Start Menu> Control Panel (ဒါမှမဟုတ်)Run ဘောက်စ်တွင် control panelဆိုပြီး
ရိုက်ထည့်ပါ။
(၂)
Control Panel ဘောက်စ်တွင် User Accounts ကိုဖွင့်ပါ။
(၃)
User Accounts ဘောက်စ်ပေါ်လာရင် အောက်ပါပုံအတိုင်း Change User Account
Control Setting ကိုနှိပ်။
(၄)
Change User Account Control Setting ဘောက်စ်ပေါ်လာရင် အောက်ကပုံအ
တိုင်း မောက်စ်နဲ့လေးထောင့်ကွက်လေးကို အောက်ဆုံးက Never Notify ထိရွေ့ချ
ပြီးတော့ OKလုပ်ကာကွန်ပျူတာကို Restart လုပ်လိုက်ပါ ။
![](http://i1228.photobucket.com/albums/ee457/komyatblog/sshot-2009-08-27-14-15-48.png)
အဆင်ပြေကြပါစေဗျာ။
.
စီဘောက်မှာအသံတွေကြားနေရလို့ ပါ။Cafezee ဆော့လ်ဝဲကိုမတင်တတ်ရင် ဒီမှာဖတ်လိုက်ပါ
အသုံးပြုနည်းအသေးစိတ်စာအုပ်ကိုတော့အောက်မှာဒေါင်းလိုက်ပါ။
![](http://i1228.photobucket.com/albums/ee457/komyatblog/ziddu.png)
![](http://i1228.photobucket.com/albums/ee457/komyatblog/mediafire.gif)
သင့် Password လုံခြုံစိတ်ချစေဖို့ Browser Cleaner သုံးကြစို့
ကျနော် အခုတင်ပြပေးမယ့်ဆော့ဝဲလေးကတော့ အင်တာနက် အွန်လိုင်းပေါ်သင်ဝင်ပြီးသွားတဲ့အခါ
Browser ပေါ်မှာကျန်ရှိနေမယ့် သင့်လျှို့ဝှက်ချက် အားလုံးကိုဖျက်ပေးတဲ့ဆော့ဝဲလေးပါ
ဒါလေးကဘယ်လိုအသုံးဝင်သလည်း ဆိုတော့ ....
ကျနော်တို့ အခုခေတ်မှာ အင်တာနက်သုံးတဲ့လူတိုင်း မဖြစ်မနေ သုံးနေကြတဲ့ အထောက်ကူပြု ပစ္စည်းလေးကတော့ မီမိုရီ စတစ်လေးပါ အိမ်မှာအင်တာနက်မရှိလို့ ဆိုင်မှာသုံးတဲ့သူတွေ
ကိုယ်ဒေတာလေးတွေ ရွေ့ပြောင်းချင်သူတွေ ရုံးနဲ့အိမ် အလုပ်တွေသယ်ချင်တဲ့သူတွေ အတွက်
မရှိမဖြစ် လေးပါ မီမိုရီစတစ်လေးက မရှိတဲ့သူတွေလည်းမကင်းပါဘူး ကိုယ့်သူငယ်ချင်း အပေါင်းသင်းတွေ က
ကိုယ့်မှာရှိတဲ့ဆော့ဝဲ ဒေတာ ဓာတ်ပုံလိုချင်လို့ဖြစ်ဖြစ် ကိုယ်ကလိုချင်လို့ဖြစ်ဖြစ် ဒီမီမိုရီစတစ်လေးတွေ
သုံးကြရပါတယ်
အရင်ကတော့မီမိုရီစတစ်က ဒေတာတွေ သိမ်းတာပေါ့ဗျာ နောက်တော့ မီမိုရီစတစ်ထဲမှာ
ဆော့ဝဲတခုထည့်ပြီး ကွန်ပြူတာပေါ်ကဒေတာတွေခိုးဖို့ စပိုင်တွေက သုံးကြတယ်
နောက်တော့ ဒီဆော့ဝဲထည့်ထားတဲ့ မီမိုရီစတစ်ကို ဈေးကွက်မှာ ဈေးတင်ရောင်းကြတယ်
အခုတော့ ဈေးပေါပေါနဲ့ရနိုင်ပါပြီဗျာ ဒီ မီမိုရီစတစ်လေးက ကွန်ပြူတာထဲထည့်လိုက်တာနဲ့
ဘာမှလုပ်စရာမလိုပဲ 10 စက္ကန့် အတွင်း Password နဲ့ ပတ်သက်တဲ့ဒေတာအချက်လက်တွေကို
အလိုအလျှောက် ကူးယူသွားတဲ့စနစ်ပါဗျာ
ကဲအခုတော့ ဒီဆော့ဝဲကို အွန်လိုင်းပေါ်မှာ အလကားပေးနေပါပြီဗျာ ဘယ်လိုလုပ်ကြမလည်း
ခုထိတော့ သိပ်အရေးမကြီးသေးဘူးဗျ ဒီအလကားပေးတဲ့ ဆော့ဝဲကို Hacker ဆိုက်တော်တော်များများက
အလကားမပေးပဲ ရောင်းစားနေကြတယ်လေဗျာ ကျနော်တော့မရမက ရှာယူထားလိုက်တယ်
( အလကားလေဗျာ ဟားဟားဟား) ဒီအကြောင်းကိုသိချင်ရင်တော့လုံခြုံစိတ်ချရတဲ့ ဆိုက်ဖြစ်တဲ့
Facebook ဒီမှာလေ့လာပေါ့ဗျာ သူလည်း အလကားတော့မပေးဘူးနော်
ခုကျနော်ပေးမှာကခိုးနည်းမဟုတ်ဘူးနော် ကာကွယ်နည်းပါ
ခုကျနော်တင်ပြမယ့် Browser Cleaner ကိုသုံးပါ
ကိုယ်သုံးနေတုန်း တယောက်ယောက်ရဲ့ မီမိုရီစတစ်သုံးတော့မယ်ဆိုရင်
Browser Cleaner ကိုကလစ်ပြီးမှ သုံးပါ ဘာဖြစ်လို့လည်းဆိုတော့ သင်သုံးနေတဲ့ Browser ပိတ်မှ
သူကအော်တို အလုပ်လုပ်လို့ပါ Deepfreeze အုပ်ထားတဲ့စက်မှာသုံးရင် ကိုယ်ပြန်တာနဲ့
စက်ကို Restart ချလိုက်ပါ အကောင်းဆုံးဖြစ်သွားတာပေါ့ ကွန်ပြူတာကို Restart ချချင်ရင် အရင်ဆုံး
Browser Cleanerကို ပိတ်ပစ်ရပါမယ်ဗျာ....
(သူများစက်နဲ့. ဆိုင်တွေမှာအွန်လိုင်းတက်ရင် Browser Cleaner ကိုအသုံးပြုပါ)
Browser Cleaner ကိုဒီမှာယူပါ
Browser Cleaner Portable ကိုဒီမှာယူပါ
Browser Cleaner Portable ကိုဒီမှာယူပါ 2
မိမိဓါတ်ပုံလေးတွေကို Resolution မကျပဲ ချုံ့ နည်း
အခု လွမ်းရေးပြမဲ့နည်းက မိမိဓါတ်ပုံတွေကို ချုံ့ တဲ့နည်းပါပဲ…
PhotoShop Software မှာ ချုံ့ လိုက်လဲ ဖြစ်ပါတယ်လို့  စောဒကတက်လို့ ရပါတယ်…
PhotoShop Software သုံးခဲ့ရင်တောင်မှ Resolution မကျပဲ ချုံ့ တတ်ဖို့  လိုပါတယ်…
နိုင်ငံခြားမှာနေတဲ့သူအဖို့  ဓါတ်ပုံ Size ဘယ်လောက်ကြီးကြီး တစ်နိုင်ငံနဲ့  တစ်နိုင်ငံ Send Files ကို အသုံးပြုပြီးတောင် ပို့ လို့ ရပါတယ်…
မြန်မာနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံက တစ်ခြားနိုင်ငံကို ဓါတ်ပုံပို့ ချင်လို့ ပဲ ဖြစ်ဖြစ် Send File နဲ့  ပို့ လို့ မရသလို ဓါတ်ပုံ Size ကြီးနေရင်လဲ ပို့ တာကြာသလို ယူတာလဲ ကြာပါတယ်…
ဒီတော့ ပို့ မဲ့ပုံကို Size ချုံ့ ပေးလို့  လိုလာပါပြီ…
နောက်တစ်ခုက မိမိဓါတ်ပုံကို Background အသုံးပြုချင်တဲ့သူတွေအတွက်ပါ…
ဓါတ်ပုံ Size က မိမိရိုက်တဲ့ Camera ရဲ့ Resolution ပေါ်မူတည်ပြီး Size အကြီးကြီး ဖြစ်နေတတ်ပါတယ်…
Monitor ရဲ့ အများသုံးတဲ့ Resolution က 1024x768 Pixels ဒါမှမဟုတ် Wide Screen Monitor အတွက် 1280x800 Pixels ရှိတတ်ပါတယ်…
ဒါကြောင့် Ning Website Background အတွက် Resolution ကို ချပေးဖို့  လိုအပ်လာပါတယ်…
ခု လွမ်းရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကို ချုံ့ ပြပါမယ်…
မူလဓါတ်ပုံရဲ့ Resolution က 4000x3000 Pixels ပါ… Size က 3.25MB ရှိပါတယ်…
ပထမဆုံးသုံးမဲ့နည်းက မိမိစက်မှာ Microsoft Office ထည့်ထားရင် Microsoft Office Picture Manager ဆိုတာ ပါလာပြီးဖြစ်ပါတယ်…
Microsoft Office Picture Manager ကို အသုံးပြု၍ ပုံချုံ့ ခြင်း
၁။ မိမိချုံ့ လိုသောပုံမှာ Right Click >>>Open with>>>Microsoft Office Picture Manager ကို Click လုပ်ပါ…
၂။ Tool Bar ပေါ်ရှိ Edit Pictures… ဆိုတာကို Click လုပ်ပါ… ဓါတ်ပုံအများကြီးကိုလဲ တပြိုင်တည်း ရွေးပြီး လုပ်နိုင်ပါတယ်…
၃။ ညာဖက်မှာ Edit Pictures Dialog Box ပေါ်လာပါလိမ့်မယ်… Compress Pictures ကို Click လုပ်ပါ…
၎။ မိမိပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်… Documents ဆိုတာကို Click ပြုလုပ်ပါက Compressed ပြုလုပ်ပြီးလျှင် ရှိမဲ့ပုံရဲ့ Size ကို ပြပေးပါလိမ့်မယ်…
၅။ OK ပေးပြီး Windows ကို Close ပြုလုပ်လိုက်လျှင် Save ပြုလုပ်မလားမေးသော Dialog Box ပေါ်လာပါလိမ့်မယ်… Save ပြုလုပ်ပါက ချုံ့ ပြီးပုံကို သိမ်းသွားပါလိမ့်မယ်…
မိမိမူရင်းပုံကို မပျက်စေလိုလျှင် Copy ကူးပြီးမှ ချုံ့ ပါ… သိမ်းပြီးဓါတ်ပုံကို စစ်ကြည့်လျှင်
Dimensions 1024x768 နှင့် Size 209KB ခန့်  သာရှိနေသည်ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…
PhotoShop ဖြင့် ပုံချုံ့ ခြင်း
၁။ PhotoShop CS5 ကို ဖွင့်ပြီး File Open နဲ့  မိမိပုံကို ဖွင့်ပါ…
၂။ Image>>>Image Size… ကို Click ပြုလုပ်ပါက Image Size Dialog Box ပွင့်လာပါလိမ့်မယ်…
၃။ Image Size Dialog Box မှာ မိမိရဲ့ မူလပုံရဲ့ Pixel Dimensions ကို တွေ့  မြင်ပါလိမ့်မယ်…
၎။ Pixel Dimesions ကို Width 4000 နေရာတွင် 1024 လို့ ရိုက်လိုက်တာနဲ့  Automatically Height မှာ 768 ပြောင်းသွားပါလိမ့်မယ်… Constrain Proportions ကို Tick လုပ်ထားလို့ ပါ…
ပုံမှာပြထားတဲ့အတိုင်း Drop Down List ကနေ Bicubic Sharper(best for reduction)ဆိုတာကို ရွေးပေးထားရမှာ ဖြစ်ပါတယ်…
OK ပေးပြီး Save လုပ်ပါက JPEG Options ပေါ်လာလျှင် Maximum နဲ့  သိမ်းပါ…
ချုံ့ ပြီးပုံကို စစ်ကြည့်လျှင် Dimensions 1024x768 နှင့် Size 316KB ခန့် သာ ရှိနေသည်ကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်…
ချုံ့ ပြီးပုံများက Size ငယ်သွားသော်လည်း ကြည်လင်တာကို တွေ့ မြင်ရမှာပါ…
လွမ်းအသုံးပြုသောနည်းကို ဝေမျှခြင်းသာဖြစ်ပါတယ်…
ကွန်ပျူတာကို အသုံးပြုရင်း နည်းပညာများတိုးတက်ကြပါစေ…