မျက်ရည်စမ်းရေ
Опубликовано 01.10.2009 nyeinmahaw08
   အမေတစ်ယောက်က သမီးတစ်ယောက်အပေါ်ထားတဲ့ 
အမေနဲ့ သမီး ချစ်ခြင်း မေတ္တာ ကဘယ်လောက်လျှို့ ဝှက် နက်နဲ တယ် ပြီးတော့ ဘယ်လောက်ကျယ်ပြန့် တယ် ဆိုတာ  ..  ကျွန်မ မသိပါဘူး .........  တွေးလို့ 
လဲ လိုက် မမှီ ပါဘူး  .... ဒါပေမယ့်  ကျွန်မ သိခဲ့ မြင်ခဲ့
ကိုယ်တိုင်ခံစား ဘူးခဲ့ ရတဲ့ အမှတ်တရအဖြစ်ပျက်တခု
ကိုတော့ယခုတိုင်မမေ့နိုင်သေးပါ  ............. 
 ကျွန်မ သိတတ်စတည်းက   ကျွန်မ အဘွား  မေမေ ရဲ့ 
အမေ က  ကျွန်မ မေမေကို စကားမပြောခဲ့ ပါဘူး  ။
ကလေးတစ်ယောက် အတွေး နဲ့  သိချင်ခဲ့ ပါတယ်  ဘာလို့ လဲ ဆိုတော့   ဘွားဘွားက  ကျွန်မ ကိုလဲ စကား မပြော လို့ ပါ ။ 
ဘွားဘွားက  တခြား  သားသမီးတွေ ၊ မြေးတွေ ကို
ချစ်တယ် စကားပြောတယ်   ဒါပေမယ့် ကျွန်မနဲ့ကျွန်မ မေမေကို တော့ စကားမပြောပါဘူး။ 
ကျွန်မရဲ့ အဒေါ်တစ်ယောက်ပြောတာကြားဘူး တာကတော့ မေမေက ဘွားဘွား မကြိုက်တဲ့  ဖေဖေ ကို လက်ထပ် ခဲ့ လို့ တဲ့   ......တကယ်တော့ဒါတွေ ကျွန်မ နားမလည် ပါဘူး  ... ကျွန်မ လဲ တခြားမြေးတွေ  လို ဘွားဘွားကို ချစ်ခင်ချင်ပါတယ်
စကားလဲပြောချင်ပါတယ်  ... အမြဲ ပဲ ခပ်ဝေးဝေးက ပဲ
နေပဲဘွားဘွား ကို  ကြည့် ခဲ့  ရပါတယ်... ဘွားဘွားနားကို လဲ အမြဲ သွား ဘို့ လဲ ကြိုးစား   ခဲ့ ဘူးတယ်  (ဥပမာ)  ပစ္စည်း တခု ကျလို့  ဘွားဘွားနားကိုအပြေးလေးကောက်ပေးတာမျိုးလို  ပေါ့ 
ဒါပေမယ့် ဘွားဘွားက  က မခေါ်ပါဘူး  ... သူအနားမှာရောင်ပေပေနဲ့  ရှိ နေတဲ့ ကျွန်မကို
မခေါ်သလို   သူ့ ဘေးမှာ ရှိနေတဲ့  တခြားမြေး တွေကို
ပဲ ယုယ  ယနဲ့ စကားတွေ ပြောနေတတ်ပြီး မုန့် 
ကျွေးပါတယ်  တခုတော့ရှိပါတယ်   တခြားမြေးတွေ ကို
မုန့် တခုပေးတိုင်း ကျွန်မ လဲ မုန့် တခု ကို တခြားမြေးတစ်ယောက်နဲ့ အတူ ပေးခိုင်းပါတယ်  .. သူတို့ ကိုမုန့် ကျွေးတိုင်းတော့  စားရပါတယ် 
ကို  အံကြိတ်ပြီး  ...မမေးစမ်းနဲ့   တဲ့ ........ 
ကျွန်မလဲမမေးရဲ  ခဲ့ ပါဘူး  .... အဲဒီနောက်တဖြည်းဖြည်းနဲ့ ကျွန်မ အရွယ်ရောက် လာ ခဲ့ တဲ့ အခါ   ကျွန်မ  ဘွားဘွား နားကိုပိုတဖြည်းဖြည်း
နီးကပ်လာအောင် နေပါတယ်  ကျွန်မကို မခေါ်တဲ့ အဘွား  ကို ကျွန်မ ကို စကားပြောလာအောင်နည်းမျိုးစုံနဲ့  ကြိုးစားခဲ့ ပါတယ် ....
အဘွား က  အသားဖြူဖြူဖွေးနဲ့ ပုပုဝိုင်းဝိုင်း  ချောပါတယ်
သနပ်ခါး ကိုလဲတကိုယ်လုံး  လိမ်းပြီး  နေတိုင်းပန်းပန်ပါတယ်  ....... 
အဲဒီတွက်ကျွန်မ မနက်တိုင်း  ဘွားဘွားလိမ်း ဘို့  သနားခါး   သွေးပါတယ်  နောက်တခုက ခြံထဲ မှာ ရာသီအလိုက်ပန်းမျိုးစုံ စိုက်ထားတဲ့ ဘွားဘွား က 
ဘွားဘွား ပန်းတစ်မျိုးကိုနေ့ တိုင်းပန်ပါတယ်.. ဒါကြောင့် ကျွန်မ ပန်းခူးပါတယ်  ...
ဘွားဘွားနားမှာကပ်လို့ ရရေးတွက်  ဘွားဘွားသနပ်ခါး
လိမ်းပြီင်္းတိုင်း ခူးထားတဲ့ ပန်းကို မရဲ တရဲ ပေးတဲ့ အခါတိုင်း ဘွားဘွားက မျက်နှာထားတင်းတင်းနဲ့   လှမ်းယူပြီး ပန်ပေမယ့် စကား လုံးဝမပြောပါဘူး  ....
ဘွားဘွား  အသက်ကြီးပေမယ့် ဆံပင်မဖြူပါဘူး
သူဆံထုံးအိအိမှာ ကျွန်မပေးတဲ့ ပန်းကို ပန်းထားတဲ့ 
နေတိုင်းကျွန်မ ပျော်ရွင်မိတဲ့ နေ တိုင်းပေါ့
ကျွန်မ ၀တ္တရား ကိုဘယ်တော့မှမပျက်ကွက်ပါဘူး
  ကျွန်မ အဲဒီ အချိန်က ပျော်တဲ့ အပျော်နဲ့ တူ တာမျိုး ခုချိန်ထိတခါမှ မခံစားဘူး ပါဘူး 
 ဒါပေမယ့် ဘွားဘွားက တော့ကျွန်မ ကိုစကားမပြောပါဘူး   .........
 ဒီလို နဲ့ ကျွန်မ  အပျိုဖြစ် တဲ့ နေ့ တနေ့ မှာ တော့
ဘာမှန်းမသိပဲ ကြောက်အားလန့် အားနဲ့ ဘွားဘွား
ရင်ခွင် ထဲ ကိုပြေးဝင်ပြီး အတင်းပဲစကားတွေ ပြောမိတော့မှ ပဲ   ဘွားဘွား  အကြောင်းကို သိခဲ့ 
ရတယ်   ............  ဘွားဘွား ကမထင်မှတ်စွာ  ပြန်လည်ထွေးပွေ့ ပြီး အပျိုစင်မိန်းကလေး တစ်ယောက်နေမူထိုင်မူကို နူးညံညင်သာစွာပြောဆို သင်ပြပေးပြီး  ပထမဆုံးအကြိမ်စကား စပြောခဲ့ တာပါ   ... 
အဲဒီနေ့ က စလို့ ဘွားဘွား ကျွန်မ ကို စကား စ ပြောခဲ့ 
ပါတယ် ... ကျွန်မ ၀မ်းသာလို့ မငိုခဲ့ ပါဘူး  
တညလုံးတော့ပျော်လွန်းလို့ အိပ်မရခြင်းနဲ့ အတူ   ကျွန်မနောင်တ ရမိတယ် ဘာလို့ များ ကျွန်မ ဘွားဘွား
အရင်တုန်းက စကား အတင်းစမပြောခဲ့ မိပါလိမ်ဆိုပြီးတော့ပေါ့...... တကယ်တော့ဘွားဘွားက သိပ်ချစ်စကားကောင်းတဲ့   အဘွားတစ်ယောက်ပါ...........
ဒီလိုနဲ့   ဘွားဘွားပြောတဲ့ ပုံပြင်  ဘွားဘွားသင်ပေးတဲ့ ဟင်းချက်နည်း  ကအစ  ဇာထိုးပန်းထိုး အဆုံး   မိန်းကလေး တွေတတ်သင့် တဲ့  အတတ်တွေ ဘွားဘွားဆီက အမွေရခဲ့ ပါတယ်.... တခြား မြေးတွေ
က ဘွာဘွားနားကိုမကပ်တော့ပါဘူး  နားညည်းလို့ တဲ့ 
ကျွန်မ ကတော့  ကျွန်မ တန်ဘိုးထားချစ်ရတဲ့အဘွားနားမှာ မညည်းညူ ပဲ အဆူအဆဲ ခံ ပျော်ရွင် ခဲ့ 
ပါတယ်   ဘွားဘွားပေးတဲ့ အလိမ္မာနည်းတွေ ကျွန်မ ရခဲ့ ပါတယ်  ... 
တစ်ခုတော့ရှိပါတယ်  ဘွားဘွားက ကျွန်မ မေမေကို တော့စကားလုံးဝ မပြောသေးပါဘူး  ... 
တခုခု ကိုပြောချင် ပါက (ဥပမာ) 
မြေးလေး ရေခဲ သေတ္တာ  ထဲ မှာ ဘာတွေရှိတယ်
ဆိုတာမျိုး   ပေါ့   တကယ်တော့ အဲဒါကျွန်မ ကိုပြောတာမဟုတ်ဘူး  ကျွန်မ ကို ကြားခံ ပြီးမေမေကိုတဆင့်ပြောတာဖြစ်ပါတယ်...။ 
ဒီလိုနဲ့  ကျွန်မ  တက္ကသိုလ်ဝင်အောင်တဲ့ နှစ်မှာပဲ
ဘွားဘွား မမျော်လင့်ပဲ  လေဖြတ်ပြီး အောက်ပိုင်း သေပြီးလက်တဖက်မကောင်းဖြစ်ခဲ့ ပါတယ်.........
ကျွန်မ သိပ်ဝမ်းနည်း ခဲ့ ပါတယ် ဒါပေမယ့်ဘွားဘွားက
တော့စိတ်ဓာတ်မကျ ပါဘူး  ..အိပ်ရာပေါ်မှာ ပဲသနပ်ခါးမှန်မှန်လိမ်းဆဲ ပန်းပန်ဆဲ ပါ    ကျွန်မလဲ
ဘွားဘွားနားမှာ ပို ပြီး နေခဲ့ ပါတယ်  ဘွားဘွား တကိုယ်ရေသန့် ရှင်းမူကအစ  အိမ်သာ တက်တာအဆုံး  ကျွန်မ လုပ်ခဲ့ ပါတယ်  .. ကျွန်မ ပို ချစ်ရတဲ့ အဘွား တစ်ယောက်  ဖြစ်ခဲ့ ပါတယ်    ..
ဘွားဘွားနဲ့ ကြာကြာနေလေ ဘွားဘွား သိပ်ချစ်စရာကောင်းလေ ဆိုတာ နားလည် လာတာနဲ့ အတူ   ကျွန်မ မေမေကို  အံသြမိပါတယ်  ဘွားဘွားက
ကျွန်မ သူတို့ နှစ်ယောက်ကြားမှာ အနေခက်ပါတယ်
သမီး မေမေ အပြင်သွားအုန်းမယ်  .. ဆိုတာကျွန်မကိုပြောတာမဟုတ် သလို .......ဟဲ့မြေးလေး
ဆေးဝယ်ရအုန်းမယ်ဆေးကုန်နေပြီနော်ဆိုတာ
လဲ ကျွန်မကိုပြောတာမဟုတ်ပါဘူး ......
 တဖြည်းဖြည်းနဲ့ သိပ်မကြာတော့တဲ့ ကာလတခု မှာ
အမှတ်မထင် မေမေက နိုင်ငံခြားမှာ ရှိတဲ့ မေမေညီမ ဆီ မှာ အလုပ်သွားလုပ်မယ်တဲ့ ......... အဲဒီလို ပြောလာတဲ့ အခါ ကျွန်မတို့ ဘာမှ ပြန်မပြောနိုင်သလို
ဘွားဘွားလဲဘာမှမပြောပါဘူး ...........
ဒီလို့ နဲ့ မေမေ လေယဉ်ကွင်းသွားမယ်နေ့ မှာ သွားခံနီး
မှာ ပဲ    မေမေက ဘွားဘွား  ကန်တော့နုတ်ဆက် ဘို့ လုပ်ပါတယ်   မေမေလည်းသူအမေ ကို နောက်ဆုံး နုတ်ဆက် ပါတယ်..........
မေမေ နုတ်ဖျားက နေ  ပထမဆုံး  စခေါ်တဲ့ မေမေ ဆိုတာ
ကျွန်မ ဒီအရွယ်ရောက်မှ ပထမဆုံး ကြားဘူးတာပါ.....
မေမေ က ဘွားဘွားကို
   " အမေ"   .........တဲ့ ။ 
 ထိုအချိန်မှာ ဘွားဘွား က တချက်ဆတ်ခနဲ တုန်သွားပြီး  မေမေကိုမကြည့် ပဲ အဝေးကိုမျက်နှာလွဲ နေခဲ့ ပါတယ်............ 
မေမေကလဲ   ဘွားဘွား ကုတင်ဘေးမှာ ဒူးထောက်ထိုင်ချပြီး  ဘွားဘွား ခြေထောက်ကိုကိုင်ပြီး 
" အမေ ကျွန်မ ကိုခွင့်လွတ်ပါ  အမေ  ကျွန်မ လေ အခု
အမေနဲ့ ဝေးတဲ့ နိုင်ငံတခု ကို သွားရတော့မယ်  သမီးနဲ့ 
အမေပြန်ဆုံမဆုံ ဆို သေချာမယ်မထင်ဘူးအမေရယ် ..
ကျွန်မ အခု ချိန် သိရတဲ့ အသိက  ကျွန်မ အရင်က အမေနဲ့ အပြိုင် ဘာလို့ မာနကြီး ခဲ့ ရတာလဲ ဆိုတဲ့   အသိပါအမေ ..သမီးမှားပါတယ်အမေ  အမေကခွင့်လွတ်ပါတယ် လို့ မပြောချင်တောင်သမီးကို စကား ပြန်ပြောပါနော်    ဆိုပြီး အဘွားခြေထောက်ကို
ဖက်ပြီး ငိုပါတယ်  ..........  စကားပြန်ပြောပါအမေရယ်
လို့  အမေက အရမ်းငို တော့တဲ့ အခါ  အဘွားကလဲ
တဖက်ကိုမျက်နှာလွဲထားပေမယ့် မျက်ရည်တွေ ကျနေပါတယ်  ....နောက်ဆုံး တော့ဘွားဘွားက မေမေကို စကားစပြောပါတယ်  ........
မေမေ့ ကျောပြင်ကို  ကို သူရဲ့  တဖက်တည်းသောကောင်းသောလက်နဲ့ တဘုန်းဘုန်းထုရိုက်ပါတယ်   ..... 
"ဘာလို့  ခု မှ စကား စပြောတာလဲ "
" ဘာလို့ ခုမှ အမေ ခေါ်ရတာလဲ "
"  ဘာလို့ ခု မှခွင့်လွတ်ခိုင်းရတာလဲ"
"ဘာလို့  အမေ ကိုနောက်ဆုံး နုတ်ဆက်တော့မှ စကားစပြောခိုင်း ရတာလဲ "
ဆို ပြီး ငိုငို ပြီး သူသမီး ကျောပြင်ကို ထုရိုက်ပြီး ငိုပါတယ်.  ............နောက်ဆုံး ဘွားဘွားပြောတဲ့ စကားတခွန်းက  "အမေကလဲ သမီးကိုခွင့်လွတ်ပါတယ်
ပြောဘို့ စောင့်နေခဲ့ တာသမီးစကားစပြောမယ်နေ့ ကိုပါပဲသမီးရယ် တဲ့ "  ဆိုတဲ့ စကားကို  မျက်ရည်များကြား က ကျွန်မ  ကြားခဲ့ မိလိုက်ပါတယ်.... 
တခု သော မနက် စောစောမှာ စကားတွေ ကျွန်မကိုပြောရင်း  အပြုံးမပျက်ချောင်းတချက်လေး နဲ့ အတူ  ကျွန်မ ကို အံသြစွာထားသွားခဲ့ ပါတယ်.....။ 
              (ကွယ်လွန်သွားသော ဘွားဘွားဒေါ်နန်းယဉ်
ကို လွမ်းဆွတ် လျှက် ၁၀ နှစ်ပြည့်  )    
                                                ငြိမ်းမဟော် 
Обсуждение
на 01.01.0001 сказал:
nyeinmahaw08 на 01.11.2009 сказал:
ဟုတ်ကဲ့   ကျေးဇူး တင်ပါတယ်ရှင်  ငြိမ်းမဟော် ဖေဖေ အကြောင်း ကို  သိချင်တယ်ဆို ရင်
ငြိမ်း ကြိုးစားပြီးရေး ပါ့မယ့် နော် နောက်ပို့ စ်တွေ မှာ ပေါ့   ကျေးဇူးတင်ပါတယ်ရှင်
thidange на 06.10.2009 сказал:
hello!
nyeinmahaw
May I know about your father?if you don't mind ,Can you write about your father next post.thanks!
Yours sincerely,
SALEISHA(Hong Kong) 
seagull17 на 06.10.2009 сказал:
အမ စာလေးကကြေကွဲဘို.ကောင်းတယ်နော်.။။  အမ အဘွားကိုအမသိပ်လွမ်းမှာပဲနော်.။
ညီမကတော.လေညီမ အဘွားမေတ္တာ.အဘိုးမေတ္တာတွေနီးနီးကပ်ကပ်မခံရဘူးဘူး.။။ဘာပဲပြောပြောအဘွားနဲ.အနီးကပ်နေခွင်.၇တဲ.
အမကကံကောင်းပါတယ်
nyeinmahaw08 на 05.10.2009 сказал:
အင်း သားလေး အားပေးတာ တီးလေး ပျော်ပါတယ်  သားလေးရ..........
bikelay на 05.10.2009 сказал:
တီလေး ရေတာ မိုက်တယ် (ကောင်းတယ်) သားတောင် ငိုချင် တယ်
   ငိုတော့ ငိုနဲ့နော် သား ကွန်းမန်း ရေးပြီးပြီ နော် ပျော်အောင်နေ နော်
nyeinmahaw08 на 04.10.2009 сказал:
 ကျေးဇူးတင်ပါတယ်    နောက်ကွယ်ကနေ အားပေးစရာမလို ပါ ဘူး ဖားသားရာ ရှေ့ ကိုတက်ခဲ့ ပါ
kominaungmyintoo на 04.10.2009 сказал:
ငြိမ်းမဟော်ရဲ့ အရေးအသားနဲ့ခံစားချက်တွေက  သရုပ်ပေါ် အောင် ရေးနိုင်စွမ်း ရှိပါတယ်  တိုက်ဆိုင်တဲ့ သူတွေကို   ငိုလောက်အောင်ကို  စွမ်းဆောင်နိုင်ပါတယ်  ဆက်ပြီးကြိုးစားပါ  နောက်ကွယ်ကနေ  အမြဲတမ်း အားပေးနေမှာပါ                                                         
                                                      ဖားသား(ဖေဖေ)
kominaungmyintoo на 04.10.2009 сказал:
who  is  your  best  friend? your lover?
ayeayethin007 на 03.10.2009 сказал:
To...nyeinmahow08
For my 3 daughters....with  all my LOVE.
When thinge quiet down..
at the end of  the day( သတင်းကျွတ်လပြည့်နေ့ ).......
And..you're close by my side
where I want to be ,
When we share all our secrets
and dream all our dreams____
These moments with U are so precious to me.
For nothing could bring such contentment  and joy,
Or be a wonderful part of my life,
Than those day-to-day times
spend together with you____
MY best friend , my lover ,my wonderful..beautiful...daughter..thameegyi.
with all my deep love in my heart.
maymay
nyeinmahaw08 на 03.10.2009 сказал:
မေမေ ဒီနေ့ က သီတင်းကျွတ်လပြည့်နေ့ ပါ  ဘိုးဘိုးဆုံးတဲ့ နေပေါ့မေမေ  သမီး အရမ်းခံစားရပါတယ်အဲဒီလို ပဲ  မေမေ လဲခံစားနေ၇မယ်ဆိုတာသမီး နားလည်ပါတယ်မေမေ
ဒီကွန်မန်းလေးကိုသမီး  ဖတ်ပြီးတော့ငိုရပါတယ်မေမေ  .........  မေမေ ခံစားချက်ကိုသမီးနားလည်ပေးနိုင်တာ က ခုချိန်ထိပါပဲ.....  မေမေက သမီးတွက် မရှိမဖြစ်ပါ
သမီး တွက်မေမေက အရာရာကိုအမြဲအဆင့်သင့်ရှိနေပေးတာကိုလဲသမီး ဒီဘ၀မှာရောဘ၀ဆက်တိုင်း
မှာရော  မေမေကိုချစ်လို့  ကျေးဇူးဆပ်လိုမကုန်နိုင်သေးပါဘူးမေမေ  ....  တကယ်လို့ ဖြစ်လေရာဘ၀တိုင်းလူ ဘ၀တခု ကိုပဲထပ်ရမယ်ဆိုရင်လဲမေမေသမီး အဖြစ်ပဲ ရချင်ပါတယ်  မေမေ
ဒီဘ၀တွက်လဲ မေမေ က သမီးတို့ တွက်  ဘယ်အရာနဲ့ မှ မနိုင်း ယှဉ်နိုင်အောင်   သားသမီးကို ချစ်တဲ့ အတွက်သမီးတို့ ဘာနဲ့ မှပေးဆပ်ပြီး  မေမေကို ကျေးဇူးဆပ်လို့ မရနိုင်လောက်ဘူးထင်ပါတယ်...............  
မေမေကိုချစ်တယ်  ......               သမီး မေမေကို   ကန်တော့ပါတယ်မေမေ  
                                                မေမေကျန်းမာပါစေ  ချမ်းသာပါစေ  .. 
                                              အသက် ရှည်ရှည်နဲ့  သမီး လုပ်ကျွေးပြုစုခွင့်ရ ဘို့ 
                                                     အမြဲဆုတောင်းလိုက်ပါတယ် မေမေ    ........
Добавить комментарий
Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← ဒီလိုနဲ့    Вернуться в блог   ဓမ္မနည်းကျ ဆွေး နွေး ခြင်း →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.