ကျွန်မနဲ့ ကျွန်မ မေမေ

Опубликовано 11.09.2009 nyeinmahaw08

ကျွန်မ  ငယ်ငယ်က  ကျွန်မ  အမေဟာ ကျွန်မ တွက် သိပ် ကိုငေးမောပြီး အားကျ အတုယူစရာအကောင်း ဆုံး နဲ့  မေမေလုပ်သမျှတွေကို ကျွန်မလိုက်အတု ခိုး ခဲ့ တယ် အမူအရာက အစ  ... ကျွန်မ မေမေ က ကျွန်မတွက်စံပြ မိခင် ပေါ့  တခုခု ဆို မေမေ က  တော်လိုက်တာ  ဘယ်လို လုပ်တတ်တာလဲမေမေ  မေမေ က လုပ်တတ်တယ်နော်ဆို တာ ကိုအမြဲ လက်ခုပ်တီးပြီးခုန်ပေါက် အံသြချီးကျုး ခဲ့ တယ်  ဒါမှ

တို့ မေမေ ဆိုပြီး တော့လေ ........... 

ကျွန်မ ကျောင်းစတက် ခါ စ က ဆို   မေမေနဲ့ ခွဲ ရမှာ သိပ်ဝမ်းနည်းခဲ့ တာ  လေ...   ကျောင်းက ပြန်လာလို့  မေမေ  က သူမ၀တ်တော့ တဲ့  ထမိန်တချို့ ကို ဖြတ်ချုပ်ပြီး ကျွန်မတွက်  ဂါဝန် တချို့  ချုပ်ထားပေးရင်ဝမ်းသာအားရ ၀တ်ခဲ့ တယ် အရမ်းလဲသဘောကျခဲ့ တယ် လေ..  ဒီလို နဲ့ ကျွန်မအရွယ်လေး ရ လို့   အပျို ပေါက်ကလေး ဖြစ်တော့  မေမေ ၀တ်ခိုင်းသမျှကို မ၀တ်ချင်တော့ ဘူး  ဒိတ်အောက်သလိုရှက်သလို ပေါ့ ကိုယ်ထင်တာကိုယ် ၀တ် ရတာကို သိပ်လှသလို ထင်ခဲ့ မိတယ်   တဖြည်းဖြည်းမေမေ ပြောသမျှ မေမေလုပ်သမျှ တွေ ကို သိပ်ရှက် လာတတ်ပြီး  မေမေက ဘာမှလဲမသိဘူး   မေမေအရမ်းခောတ်နောက်ကျနေပြီး ဆို တာကို လဲ အမြဲ ပြောပြောနေတတ်တယ်   မေမေ ကလဲ မေမေဘာသိလို့  လဲ မေမေတို့ ခောတ်တုန်းက လိုမဟုတ်တော့ဘူးမေမေရဲ့ နဲ့ ပြောသေး တယ်  ကျွန်မ

က ကဲ  ဘယ်လောက်ဆိုး တဲ့ ကျွန်မလဲ နော် ....  

ကျွန်မ အသက် 20 ကျော်  လာလဲ့ အခါ   မေမေ ပေးသမျှ အကြံတွေနဲ့ မေမေ ပြော သမျှ တွေ က ကျွန်မတို့ ညီ မ တွေ က  ဟာာ သွားပြီ ငါတို့ မေမေ ကျန်ခဲ့ ပြီ  မေမေ ဘာမှ မသိတော့ပါလား ဆိုတဲ့ အပြုံး တွေ နဲ့ မေမေကိုကြည့် သေးတာ ...... 

အဲဒီနောက်တော့    ကျွန်မ အသက် 25  လောက် ရောက်တော့ ကျွန်မတွက် မေမေက  မရှိမဖြစ် ဖြစ်လာတယ်  မေမေ က အရာအရာ ကိုကျွန်မ ထက်ပို သိတယ် ဆိုတဲ့ အတွေး နဲ့ မေမေက လူကြီးပဲ မေမေ သိလိမ့်မယ်ဆို တဲ့ အတွေးတွေနဲ့  ကျွန်မ မေမေကိုဘာမဆို တိုင်ပင်တတ်လာတယ် ကျွန်မ မေမေ ဖြတ်သန်းခဲ့ တဲ့ အတွေ့  အကြုံ ကျွန်မ မေမေရဲ့ အရည်ချင်းတွေ ကို ကျွန်မ မလှောင်ပြောင်ရဲ တော့သလို မေမေပေးသမျှအကြံတွေက ကျွန်မဘ၀တွက် အမှန်တွေ ဆိုတာ ကျွန်မ လက်ခံ ပြီး ကျွန်မတွက် မေမေက မရှိမဖြစ် တကယ်ကို စံပြမေမေ

ပေါ့ ကျွန်မ မေမေက ကျွန်မတွက် အရာရာကိုလမ်းပြပေးတယ် မေမေ က ကျွန်မတွက် အကြံကောင်းတွေ ပေးတယ်မှန်ကန်တဲ့ ရွေးချယ်မူ့ တွေ ကို   ပေးတဲ့   ကျွန်မ မေမေ ကို ကျွန်မ   ဘ၀တွက် 

အမြဲ တမ်း  ဂုဏ်ယူအားကိုးနေမှာ ပါ .......   ချစ်မေမေ ကိုသတိရလျှက်  ......

Обсуждение

на 01.01.0001 сказал:
ayeayethin007 на 23.09.2009 сказал:

LIKE MOTHER ,LIKE DAUGHTER

Do you know that your soul is of my soul such a part,

That you seem to be fibre and core of my heart?

None other can pain me as you, dear, can do,

None other can please me or praise me as you.

LOVE.....

your reading MOM.

seagull17 на 20.09.2009 сказал:

အမေမေတ္တာတွေကအမြဲအေးမြနေတယ်အမ။။

bikelay на 13.09.2009 сказал:

အင်း ချစ်တာပေါ့ဗျ

nyeinmahaw08 на 13.09.2009 сказал:

သား သား တီလေး လေ တီမေမေကို သိပ်သတိရတယ်သိလား  တီလေးမေမေကိုတီလေး ချစ်တယ်

အားကိုးတယ် တီလေး မေမေကိုတီလေး ဘယ်အရာနဲ့ မှမလဲနိုင်ဘူး   သားလဲ သားမေမေကို ချစ်ရမယ်နော်

bikelay на 12.09.2009 сказал:

ဟုတ်တယ် တီလေး   ကျနော် မေမေ လဲ ဒီလိုဘဲ

ကျနော်လဲ မေမေကို အရမ်းသိရနေပြီ  ဗျာ

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← သူတော်ကောင်း သူ ယုတ်မာ    Вернуться в блог   အိမ် →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.