ရခိုင်ပါတီ ဆွေမျိုးများကို ရဲခေါ်စစ်မှု ကန့်ကွက်

Опубликовано 24.08.2010 kyaukphru
Метки: သတင်း

နယူးဒေလီ (မဇ္ဈိမ) ။      ။ ပါတီခေါင်းဆောင်များ၏ ဆွေမျိုးများကို လုံခြုံရေးတပ်ဖွဲ့များက ခေါ်ယူစစ်ဆေးနေမှုကို တားမြစ်ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီက ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်သို့  ယခုလ ၂ဝ ရက်နေ့က တိုင်ကြားလိုက်သည်။

ယခုလဆန်းမှစ၍ RNDP ခေါင်းဆောင်အချို့၏ ဆွေမျိုးများကို ရဲ၊ အထူးရဲသတင်းတပ်ဖွဲ့ (SB) နှင့် ဒုစရိုက်နှိမ်နင်းရေး (ဒန) တပ်ဖွဲ့ဝင်များက ကိုယ်ရေးအချက်လက်များနှင့် RNDP ပါတီအကြောင်း စစ်ဆေးမေးမြန်းခဲ့သည်ကို ပြည်ထောင်စုနှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်များထံ စာရေးသား ကန့်ကွက်ခြင်းဖြစ်သည်။

RNDP-flag

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အလံ


“အမျိုးတွေက ဒီလိုမေးမြန်းခံရတာတွေရှိတော့  ကြောက်ပြီး ကျနော့်ကို စိုးရိမ်တကြီးနဲ့ ပြောကြတယ်၊ နိုင်ငံရေး မလုပ်နဲ့တော့လို့။ အခုလို ပြည်သူတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြောက်တရား လွှမ်းမိုးနေချိန်မှာ ဒီလိုလုပ်ခြင်းဖြင့် ပါတီဝင်ဖို့ရော၊ ပါတီကို အားပေးထောက်ခံဖို့ကိုပါ ခြိမ်းခြောက်နေပါတယ်” ဟု RNDP အတွင်းရေးမှူး ခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

လဆန်းက စစ်တွေမြို့နယ် RNDP အတွင်းရေးမှူး ဦးအောင်မြကျော်ကို ရဲတပ်ဖွဲ့နှင့် ဒုစရိုက်နှိမ်နှင်းရေး (ဒန) က သီးခြားစီ ခေါ်ယူမေးမြန်းခဲ့သလို မောင်တောမြို့တွင် နေထိုင်သည့် ၎င်း၏ ညီကို SB က စစ်ဆေးမေးမြန်းခဲ့သည်။ မင်းပြားမြို့နယ် သစ်ပုပ်တောင်ကျေးရွာတွင် နေထိုင်သည့် ခိုင်ပြည်စိုး၏ အမကိုလည်း ကျေးရွာ ရယကမှတဆင့် မြို့နယ် SB တပ်ဖွဲ့က ခေါ်ယူမေးမြန်းခြင်း၊ အကိုဖြစ်သူ၏ နေအိမ်သို့ အထူးရဲသတင်းတပ်ဖွဲ့က လာရောက်စစ်ဆေးခြင်းများ ရှိခဲ့သည်။

ထို့အပြင် စစ်တွေမြို့ RNDP ရုံးချုပ်ရှေ့ ပါတီကြော်ငြာဘုတ်တွင် ကြေညာချက်နှင့် ကြွေးကြော်သံများ ရေးထားသည်ကို ပြီးခဲ့သည့်လ ၂၇ ရက်နေ့ နောက်ပိုင်း SB က နေ့စဉ် ဓာတ်ပုံရိုက်ယူလေ့ရှိရာ ကော်မရှင်သို့ ကန့်ကွက်စာပို့ပြီး နောက်တနေ့ နံနက်တွင် မိုးရွာသဖြင့် သိမ်းဆည်းထားသည့် ယင်းကြော်ငြာဘုတ်ကို အာဏာပိုင်များက ရုံးအတွင်း ဝင်ကာ ဓာတ်ပုံရိုက်သွားကြောင်းလည်း သိရသည်။

“’အရင်က SB ပဲ လာပြီး ဓာတ်ပုံရိုက်တာ။ အခုတော့ (ဒန) ရယ်၊ ရဲတပ်ဖွဲ့ရယ် ပေါင်းပြီးလာတော့ တရုန်းရုန်း ဖြစ်သွားတာ” ဟု ခိုင်ပြည်စိုးက ပြောသည်။

မိဘမဲ့ကလေးများကို စောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ဆရာတော် ဦးပညာစာရအကြောင်း RNDP က ကြေညာချက်ထုတ်သဖြင့် သတင်းမှားများ ဆက်ထုတ်လျှင် ပါတီဖျက်သိမ်းပစ်မည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ယခုလ ၁၁ ရက်က ခေါ်ယူသတိပေးခဲ့သေးသည်။

ဦးပညာစာရမှာ ယခုအခါ စစ်တွေမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရပြီး လိမ်လည်မှု (ပုဒ်မ ၄၂ဝ)၊ သာသနာတော် ညှိုးနွမ်းစေမှု (၂၉၅၊ ၂၉၂)၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (၄ဝ၆)၊ အစိုးရကို အကြည်အညို ပျက်စေသော စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှု (၅ဝ၅ - ခ)၊ စည်ပင်အက်ဥပဒေ (၆၈ - ဂ)၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ (၂၄ - ၁) ဖြင့် ယခုလ ၁ဝ ရက်နေ့တွင် တကြိမ်၊ ၁၇ ရက်နေ့တွင် တကြိမ် စစ်တွေခရိုင် တရားရုံးတွင် အစစ်ဆေးခံနေရသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ စစ်အစိုးရဝန်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ ရခိုင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး၊ မြိုတိုင်းရင်းသား၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမန်အမျိုးသား ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
← ရခိုင်နိုင်ငံရေးပါတီဝင်များ နေ…   Вернуться в блог   ဦးပညာစာရကို မာတုဂါမနန့် စွပ်စ… →
© 2013-2024 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.