ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖောက်ကြောင်း RNDP ကို ကော်မရှင်က စွပ်စွဲ

Опубликовано 12.08.2010 kyaukphru
Метки: သတင်း

မောင်အေး
-------------
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP မှ အရှင်ပညာစာရ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး သဘောထား ထုတ်ပြန်သည့် အပြင် ပြည်ပ သတင်း မီဒီယာများမှ ဆက်သွယ် မေးမြန်းမှုများကို လက်ခံ ဖြေဆိုခဲ့သည့် အတွက် ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖေါက်ရာ ရောက်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင်မှ RNDP ကို စွပ်စွဲ ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ စွပ်စွဲမူကို ပြည်နယ် ရွေးကော်မရှင် ဥက္ကဌနှင့် အတွင်းရေးမှူးတို့မှ RNDP မှ ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံစဉ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြောသည်။

“ မနေ့က ညနေ ၅ နာရီလောက်မှာ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးမောင်မြနဲ့ အတွင်းရေးမှူး ဦးကျော်မြင့် တို့က ခေါ်တွေ့တာပါ။ ကျွန်တော်နဲ့ ဦးခိုင်ပြည်စိုး သွားတွေ့ပါတယ်။ သူတို့ပြောတာကတော့ အရှင်ပညာစာရ ဖမ်းဆီးခံရပြီး လူဝတ်လဲလိုက်တဲ့ အပေါ် ပါတီက သဘောထား ထုတ်ပြန်တာနဲ့ ပြည်ပ မီဒီယာတွေကို လက်ခံဖြေဆိုတာတွေဟာ ရွေးကောက်ပွဲ ဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖောက်ရာရောက်တယ်လို့ စွပ်စွဲပြောဆိုပါတယ်။”

ထို့ကဲ့သို့ စွပ်စွဲ ပြောဆိုစွပ်စွဲကို အချက်အလက်များနှင့် ပြန်လည် ချေပ ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

“ဒီကိစ္စက ကျွန်တော်တို့ ရွေးကောက်ပွဲဥပဒေ အမှတ် ၂/၂၀၁၀ ကို ချိုးဖောက်တာ မဟုတ်ဘူး။ တရား ၀င်နိုင်ငံရေး ပါတီ အဖွဲ့အစည်း တခုရဲ့ လုပ်ပိုင်ခွင့် လမ်းကြောင်းထဲကနေ ကျွန်တော်တို့ လုပ်တာ ဖြစ်တယ်။ ကျွန်တော်တို့ကို ဥပဒေချိုး ဖောက်တယ်ဆိုပြီး စွပ်စွဲလို့မရပါဘူးလို့ ချေပခဲ့တယ်” ဟု သူကဆက်ပြောသည်။

ယခုကဲ့သို့ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်မှ RNDP မှ တာဝန်ရှိသူများကို ခေါ်ယူတွေ့ဆုံခြင်းမှာ ဒေသခံ စစ်အာဏာပိုင်များ၏ ဖိအားပေးမူ အရ ဖြစ်ကြောင်း သိရသည်။

အရှင်ပညာစာရ ဖမ်းဆီး လူဝတ်လဲခံလိုက်ရသည့် နောက်ပိုင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ သြဂုတ်လ ၉ ရက်နေ့နေ့စွဲဖြင့် ပါတီသဘောထား ကြောငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျေညာချက်ထဲတွင် ကျောင်းမှ သိမ်းဆည်းသွားသည့် သမိုင်းဝင်ပစ္စည်းများကို ရခိုင် ပြည်နယ်တွင်း၌သာ ထိမ်းသိမ်း ပြသထားရန်၊ အရှင် ပညာစာရအား တရားစစ်ဆေးရာတွင်လည်း မြန်မာနိုင်ငံသား တဦး၏ ရပိုင်ခွင့်နှင့်အညီ အခွင့်အရေးရရှိရန်၊ ကျောင်းတိုက်မှ ကလေးများကို ပြောင်းရွေ့ သွားသည့်အတွက် လမ်းခရီးတွင် မနာမကျန်းဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားငယ်မှုများ ခံစားမှုများ ဖြစ်ပေါ်မည်ကို မိမိတို့ အနေဖြင့် စိုးရိမ်မိကြောင်း ဖော်ပြထားသည်။

အဆိုပါ ကျေညာချက်ကို ပြည်ပ ရေဒီယိုများ အပြင် သတင်းမီဒီယာများက ဖေါ်ပြခဲ့သဖြင့် RNDP ကို ယခုကဲ့သို့ ခေါ်ယူကာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖေါက်သည်ဟု စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ရခိုင်အမျိုးသား ပါတီတခုမှ အရှင်ပညာစာရ ဖမ်းဆီးခံခြင်း အပါအ၀င် ရခိုင်သမိုင်းဝင် ရှေးဟောင်း ပစ္စည်းများကို စစ်အာဏာပိုင်များက သိမ်းဆည်းမူနှင့် ရခိုင်ကလေးငယ်များကို နယ်ဝေးပို့မူ အပေါ် တရားဝင် ကျေညာချက်ထုတ်ပြန်သဖြင့် ရခိုင်ပြည်သူများက လွန်စွာ နှစ်ထောင်းအားရ ဖြစ်နေကြောင်း ကြားသိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

 

(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)

Обсуждение

на 01.01.0001 сказал:

Добавить комментарий

Пожалуйста, войдите на сайт или зарегистрируйтесь, чтобы:
  • просматривать полные профили пользователей;
  • искать новых пользователей;
  • писать комментарии;
  • отправлять личные сообщения.
←ုတုန့်ပြန်မှုတိ   Вернуться в блог   ပြည်နယ်ကော်မရှင်က ရခိုင်တိုင်း… →
© 2013-2025 бесплатный видео чат Conferendo! Все права защищены.
Нашли ошибку на сайте или в переводе? Выделите её и нажмите Ctrl + Enter.