(без названия)
Опубликовано 01.01.0001
Читать статью
Добавить комментарий
ချစ်တယ်အမိ
Опубликовано 19.06.2013
hlaaungmin
မိုးသက်လေနှင်
တောင်ညိုပြိုလု
ဟီဟီမြည် ကြွေး
ဝန်းကျင် ခ၇ီးဝယ်
၇င်လှိုက် ဆူမော
တုန်၇ီ ပန်လျှ
နွမ်းလျှ ပါလဲ
ချစ်တယ် ဒီ စကား
ဘယ်သို့ေ၇ာက် ငြား
ကျွန်တော် မသိ
ပြော ချင် မိ ဧ။်
ချစ်တယ် အမိ
မင်းကျန်စစ်
Читать статью
Добавить комментарий
၇ည်၇ွယ်ချက်လေးဖြောင့် တန်းစေချင်
Опубликовано 29.12.2009
hlaaungmin
ဦးတည်၇ာ ခြေချင်းယှက်နေပါသော ယခုအခါမှာ လူချင်းချင်းစာနှာထောက်၇ာမဲ့ စကားတွေသာ လိုက်ပါပြောဆိုနေသောသူများ၏ အချိန်မည်မျှ များပြားနေပါစေ။
ကိုယ်တည်၇ာတိုက်ရိုက်ယှဉ် ကို ဦးတည်သွားလာနိုင်ဘို့ ကို သာဦးစားပေးေ၇ွးချယ်အသုံးပြုသင့် ပါတယ်။
သူတစ်ပါး၇ဲ့  အခြေအဖြစ်မ၇ှိတဲ့ စကားအသုံးအနှုန်းတစ်ခု၊ ကွန်မန်တစ်ခုဟာ ကိုယ်၇ဲ့ ၇ည်၇ွယ်ချက်ကို မယိုင်လဲ နိုင်ပါဘူးဆိုတာ ကိုယ်ကို ယုံကြည်မှု့ တစ်ခု အပြည့် အ၀ရှိဘို့ လိုအပ်ပါတယ်။
အသိညဏ် ဖလှယ်ကျသောနေ၇ာ မှာ ခွေးလာဟောင်နေသည်ဟုမှတ်၇ာ၏ ။
ထိုသူသည် ၇ွံ့ ထဲ နှုစ်နေပါ သော Ruby အား ပိုပြီး အေ၇ာင်မြိန်စေခြင်းငှာ ဟောင်နေခြင်းဖြစ်ပေလိုက်ပါမည်။
ထိုသို့ ဟောင်နေပါသော်လည်း၊ ၇ွံ့ ညွန်းတို့ ဖြစ် ၇ာက်ပက်သော်လည်း၊ Ruby ၏ အေ၇ာင်မှာ မှေးမြိန်ခြင်း မ၇ှိ။ တောက်ပဆဲ ထွန်းလင်းဆဲ ဖြစ်ပါသည်ဆိုသည်ကို ထိုသူသည် အာညောင်းလျှင်သိပေလိုက်မည်။ အသင် စိုး၇ိမ်ပူပန်းဘို့ မလိုပါ။
ကောင်းမွန်သော၇ည်၇ွယ်ချက်၇ှိသူတိုင်း တိုးတက်ပြောင်းမြောက်နိုင်ကြပါစေ။
မင်းကျန်စစ်
Читать статью
Добавить комментарий
ချစ်တတ်သူတို့ နှလုံးသား
Опубликовано 23.10.2009
hlaaungmin
ဖြူစင်ဝင်းပသော
မျက်ဝန်းပိုင်ရှင်
အကြင်သူဆီမှ
မေတ္တာေ၇ကြည်တစ်ပေါက်
အကျွန်ုပ်၇လိုပါ၏ ။
အရှင်စေလို၇ာစေပေါ့ 
တစ်ပေါက်မျှသော
အ၇ှင်ထံမှစွန့် ကျဲမည့် 
မေတ္တာေ၇ကြည်သည်
အကျွန်ုပ်အတွက်
မဟာသမုဒ္ဒ၇ာပင်
အံ့တုနှိုင်းယှဉ်မ၇
ကြီးမြတ်လှပါ၏ ။
အ၇ှင်ပေးလို၇ာပေးပါ
ပူစိုင်းအားကြီး
မီးကျည်တစ်ပေါက် ဖြစ်လင့်ကစား
အ၇ှင်မြိုဆိုမြို၊ စုတ်ဆိုစုတ်
မငြင်းဝန့် ပါအ၇ှင်။
ဒါပေမဲ့ အ၇ှင်၇ယ်
ကြင်ယာတော်ဆီ သွား၇ာလမ်းမှာ
အကျွန်ုပ်က
ကိုယ်၇ံ တော်မခန့် ဘို့ 
အသက်နာခံခွင့် ပေးပါ။
(မင်းကျန်စစ်)25.102009 စနေ 12.45
Читать статью
Добавить комментарий