ရယ်မောပျော်ရွှင်ရသော.....ရယ်စရာအပိုင်းအစများ........
Опубликовано 29.12.2009
violent528
Настроение: .
Метки: ရယ်စရာ အပိုင်းအစ များရယ်သောသူအသက်ရှည်သည်။
မိန်းမများနှင့် တူသော အားကစား.........
- ၁၅ နှင့် ၂၀ ကြား ဘောလုံး ၂၂ ယောက်ဝိုင်းလုသည်
- ၂၀ နှင့် ၂၅ ကြား ဘတ်စကတ်ဘော ၁၂ ယောက်ဝိုင်းလုသည်
- ၂၅ နှင့် ၃၀ ကြား စားပွဲတင် တင်းနစ် ၂ ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ် ဒီဖက်ပုတ်ထုတ်
- ၃၀ နှင့် အထက် ဂေါက်သီးကို ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြသည်။ ။
တိုက်ဆိုင်လိုက်ပုံများ....................
မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက်လေ့ရှိသည်။ တစ်နေ့ မနီအိပ်ပျော် နေစဉ်
ဆရာမ။ ။မနီကမ္ဘာကြီးကို ဘယ်သူ ဖန်ဆင်းခဲ့လဲ??
မနီအိပ်ငိုက်နေသဖြင့် မကြားသော်ကြောင့် သူမနောက်တွင် ထိုင်နေသော ကိုဖြိုးမှ ဘောပင်နှင့်ထိုး၍ သတိပေးလိုက်သည်။ထိုအခါ
မနီ။ ။ “ဘုရားသခင်” (လန့် သဖြင့်ယောင်၍အော်လိုက်သည်၊ ထို့ နောက် သူမပြန်လည် အိပ်ပျော်သားပြန်သည်။)
ဆရာမ။ ။တော်လိုက်တာ ၊ နောက်တစ်ခု ထပ်မေးမယ် ၊ တို့ ရဲ့ ကယ်တင်ရှင်က ဘယ်သူလဲ သမီး ?
ဆရာမမေးသည်ကို မနီက မကြား၊ အိပ်လို့ ကောင်းနေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘောပင်ဖြင့် ထိုး၍ သတိပေးရပြန်သည်။
မနီ။ ။ (လန့် သွားသဖြင့် ယောင်၍ထအော်ပြန်သည်၊ ထိုနောက်တဖန် အိပ်ပျော်ပြန်လေသည်) “ဂျီးဆပ် ခရိုက်စ်”
ဆရာမ။ ။မှန်ပါတယ်၊ ဆရာမ နောက်ဆုံးတစ်ခုမေးချင်တာကတော့ ၂၃ ယောက်မြောက် ကလေးမွေးပြီးတဲ့ နောက်မှာ ဧဝ က အာဒမ်ကို ဘာပြောခဲ့လဲ ? ?
ဒီတစ်ခါတော့ ကိုဖြိုးအိပ်ပျော်နေသော မနီ ကို ဘောပင်နှင့် နာနာထိုး၍ သတိပေးလိုက်သည်။ မနီ အတော်နာသွားသည်။ ထို့ ကြောင့် အိပ်ယာမှ နိုးလာသဖြင့် ရုတ်တရက် ထလိုက်ကာ.....
မနီ။ ။ နောက်တစ်ခါ ငါ့ ကိုထပ်ထိုးရဲ ထိုးကြည့် ၊ နင့် ဟာကို ထက်ပိုင်း ချိုးပစ်မယ် ။ ။
အဖတ်မှားကြပုံများ.........................
ကျား ။ ။ မိန်းမ မင်းအခုဘာလုပ်နေလဲ? ? ?
မ ။ ။စာဖတ်နေတယ်လေ....
ကျား ။ ။ ဘာစာလဲ
မ ။ ။ ဘာလုပ်မလို့ လဲ....တရားစာပေါ့....ရှင်ကဖတ်ချင်လို့ လား
ကျား ။ ။ဟင့်အင်း...ဒါပေမဲ့ ဖက်တော့ဖက်ချင်တယ်....
မ ။ ။ဒါများဖတ်ပေါ့...
ကျား ။ ။လာလေ.....ဖက်မယ်....
မ ။ ။ ရော့ ဖတ်လေ...ကျုပ်တော့ သားနဲ့ သွားအိပ်တော့မယ်....
တတိယ.......
ကျား ။ ။မင်းငါ့တတိယ မယားနဲ့ တူတယ်
မ ။ ။ ရှင်ဘယ်နှစ်ခါ လက်ထပ်ဖူးလဲ
ကျား ။ ။ ၂ ခါ
အားသလား................
ကျား ။ ။ ဒီထိုင်ခုံ အားနေလား ။
မ ။ ။ အားပါတယ် ။ ရှင်ထိုင်ချရင် နောက်ထိုင်ခုံ တစ်ခုလည်း အားသွားပါ လိမ့်မယ် ။
လက်ဆောင်......................
ကျား ။ ။ ကျွန်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ် ။
မ ။ ။ ဝမ်းနည်းပါတယ် ။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။
သွားမလား...........................
ကျား ။ ။ မင်းနေရာ သွားမလား၊ ကျုပ်နေရာ သွားမလား။
မ ။ ။ ရှင်က ရှင့်နေရာသွား၊ ကျွန်မက ကျွန်မနေရာသွားမယ်။
ရယ်မောခြင်းဖြင့် ဘဝအမာများ ပြေကြပါစေ........
နှစ်သစ်မှာ စိတ်သစ်ကိုယ့်သစ် နဲ့  ဘဝသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ........
HAPPY NEW YEARS ....................... 2010
ခင်မင်လျက်......................
VIOLENT (YUKI)