ချစ်သူလက်ဆောင်...(ဟာသကဗျာ.)

26-02-2010 တွင် တင်ထားသည်။ violent528
စိတ်အခြေအနေ: . ဂီတ: ချစ်သူလက်ဆောင်.
Tags:ချစ်သူလက်ဆောင်(ဟာသကဗျာ)

ချစ်သူ....................

အများတကာတွေထက်

သာချင်တဲ့မင်းအတွက်

ကိုယ့်ရဲ့အစီအစဉ်တွေကို

ပြောပြမယ်........။

ပန်းတစ်ပွင့်အတွက်....

ရင်ခုန်တက်ကြတဲ့

မိန်းကလေးတွေထဲက

ချစ်သူ အတွက်.........

အများနဲ့ မတူအောင်

ပန်းတစ်ခွေ စီစဉ်ထားတယ်

ကိုယ့်ခံစားချက်တွေနဲ့ 

ကဗျာဆန်ဆန်

နာမည်ပေးလိုက်သေတယ်

လွမ်းသူပန်းခွေတဲ့....။

မာစီးဒီးမှ စီးချင်းတဲ့မင်းအတွက်

မာစီးဒီးဆိုတာ ထိုင်ပြီးစီးရတာပါကွာ

မင်းအတွက် ကိုယ်က

အိပ်ပြီးစီလိုရတဲ့ကားမျိုး

စီစဉ်ထားတယ်....

မင်းစိတ်အစဉ် ငြိမ်းချမ်းစေဖို့ 

ကိုယ့်ဆုတောင်းလေးတွေ

ပြည့်နေတဲ့

သူနာမည်က နိဗ္ဗာန်ယာဉ်တဲ့

မြို့မှာဆို လူသံ ၊

ကားသံတွေနဲ့ 

ဆူညံနေလိမ့်မယ်

မင်းအတွက်

စိတ်ငြိမ်ရပ်ကွက်မှာ

မြေတစ်ကွက်ဝယ်ပြီး

အိမ်ဆောက်ထားတယ်

ဟုတ်တယ်.......သုဿန်ဆိုတဲ့ရပ်ကွက်မှာပေါ့....

မိုးလုံလေလုံ နေပါစေဆိုပြီး

အုတ်နဲ့ ဆောက်ထားတဲ့

ခိုင်မာတဲ့ အိမ်ကလေးလေ

မင်းနေတဲ့အကြောင်

လူတွေသိအောင်

ကျောက်တိုင်ကလေး

ထောင်လို့ ပေါ့

မင်းနာမည်နဲ့  အသက်မှတ်တမ်းလေးတပ်

မကျေနပ်သေးရင်..........

မင်းရဲ့ဓာတ်ပုံပါ ကပ်ပေးဦးမယ်

မင်းခွဲသွားရင်

ကိုယ်တစ်ယောက်တည်းရယ်လို့ 

စုးရိမ်းမနေပါနဲ့ 

တစ်ပင်လဲလို့  တစ်ပင်ထူတဲ့

ကိုယ်နောက်တစ်ယောက်

ရှာယူလိုက်ပ့ါမယ်

မင်းအတွက်

ရင်ထဲက စေတနာသက်သက်မို့ 

အားနားပြီး မငြင်းလိုက်ပါနဲ့ ကွာ........။

အချစ်အတွက်......

အမှတ်တရ.........ချစ်သူလက်ဆောင်လေပါ.......

              သူငယ်ချင်းအားလုံး ရယ်မောပျော်ရွှင်ကြရပါစေ............

                                          ခင်မင်လျက်.....................

                                                      VIOLENT (YUKI)

 

 

 

 

 

 

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
violent528 on 04-03-2010 ပြောသည်။
prettygloria:

ကောင်းလိုက်တဲ့ချစ်သူပဲ ..ငယ်လေး ကို အဲ လို့ချစ်သူမျိုးတွေ့ရင်ပြောပါနော် ရှောင်ချင်လို့..

ပျော်ရွင်ရပါတယ်.....

ကျေးဇူးပါ......ငယ်လေးရေ

 

prettygloria on 04-03-2010 ပြောသည်။

ကောင်းလိုက်တဲ့ချစ်သူပဲ ..ငယ်လေး ကို အဲ လို့ချစ်သူမျိုးတွေ့ရင်ပြောပါနော် ရှောင်ချင်လို့..

ပျော်ရွင်ရပါတယ်.....

violent528 on 02-03-2010 ပြောသည်။

သီတာငယ်.............သဘောကျပြီးရယ်လိုက်တယ်မဟုတ်လား။ ကျေးဇူးတင်ပါတယ်ရှင့် ။ ညီမကိုလဲ ခင်မင်ချင်ပါတယ်.........။ နောင်တွေ့ ရင် မိတ်ဆွေဖွဲ့ ချင်ပါတယ်ရှင့်...................

violent528 on 26-02-2010 ပြောသည်။
phyothiha123:

aww ချစ်သူအပေါ်မှာ တော်တော် အနစ်နာခံတာပဲနော်......

INN ! ဟုတ်တယ်လေ.......အနစ်နာခံတာပေါ့။ဒီလောက်ချစ်တဲ့သူကို ဘယ်မှာသွားရှာမလဲ ? စာဖတ်ပြီး ရယ်လိုက်တယ်မဟုတ်လား..။သူငယ်ချင်းရယ်လိုက်ရင် အသက်တစ်ရက်ပိုရှည်သွားပြီ။

ကျေးဇူးတင်ပါတယ်............ဖြိုးသီဟ

thidange on 26-02-2010 ပြောသည်။

ခစ် ခစ် ခစ်.........။

phyothiha123 on 26-02-2010 ပြောသည်။

aww ချစ်သူအပေါ်မှာ တော်တော် အနစ်နာခံတာပဲနော်......

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ချစ်သူတို့ ချစ်သက်တမ်းပိုရှည်ြ…   Blog သို့ပြန်သွားသည်။   မိန်းကလေးများ လက်မတွဲအပ်သောယော… →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။