ဘဝကြင်ယာဖော် ရွေးချယ်နည်း...(ရယ်စရာလေးပါ နော်)

25-01-2010 တွင် တင်ထားသည်။ violent528
စိတ်အခြေအနေ: . ဂီတ: ကြင်ယာဖက်.
Tags:ဘဝကြင်ယာဖော် ရွေးချယ်နည်း(ရယ်စရာလေးပါ နော်)

  1. အနှစ်လို အချစ်ပိုရင် “စစ်ဗိုလ်” ကိုရွေးပါ ။
  2. ကညာမွန် အညာလွန်ချင်ရင် “ဆရာဝန်” ကိုရွေးပါ ။
  3. ရင်ခွင်လွှာမှာ အကြင်နာပါရင် “အင်ဂျင်နီယာ” ကိုထည့်တွက်ပါ ။
  4. အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် “ကျောင်းဆရာ” ကတော် လုပ်ပါ ။
  5. ပြည်သူမဲ ငြူဆူအမြဲ ဖြစ်နေရင် “ပြည်သူရဲ” တောင်မစဉ်းစားနဲ့  ။
  6. အချစ်များပြီး ပြစ်ထားမယ်ဆိုရင် “စစ်သား” ကိုလည်းမယူနဲ့ ။
  7. အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်ရင် “နတ်ကတော်” လည်းမရွေးနဲ့။
  8. အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် “ယာဉ်ထိန်းရဲ” ကိုလည်းမစဉ်းစားနဲ့ ။
  9. ကုန်တာမိုင် လိုရာမပိုင်ရရင် “COMPANY” ပိုင်ရှင်လည်း အလျှော့မပေးနဲ့ ။
  10. အဖြီးအပြတ်လှော် မီးသတ်မအော်ရင် “မီးသတ်” ကတော်လည်း မလုပ်နဲ့ ။
  11. ရမက်တပ်ရစ် အရက်မပြတ်ကစ်ရင် “လက်မှတ်စစ်” ကိုလည်း မစဉ်းစားနဲ့ ။
  12. ရတတ်ဖြစ်အရေး လက်ဖက်ရည်ကစ်ရေး ဆိုရင် “ဆက်သွယ်ရေး” ကောင်းလည်း မရွေးနဲ့ ။
  13. ယမင်းအပျော်ထား အတင်းပျော်အားနေရင် “သင်္ဘောသား” ကိုလည်း ရှောင်ပါ ။
  14. ရှာသမျှကုန်မယ်ဆိုရင် ကညာမကျတဲ့ ပါသမျှ “ကုန်သည်” ကိုလည်း မစဉ်းစားနဲ့ ။
  15. မယားမပြတ်မော့ အနားကပ်လျှော့ရင် “ကားဝပ်ရှော့” ဆရာလည်း မရွေးနဲ့ ။
  16. နောင်မပူ ပြီးစီးမယ်ဆိုရင် “တောင်သူဦးကြီး” များကို စဉ်းစားပေါ့ ။

                 အားလုံးကို ပျော်စေချင်လို့ ပါ..........နော် ။

              ဖတ်ပြီးရင် ပြုံးပျော်စေချင်သော ဆန္ဒဖြင့်....

သူငယ်ချင်း အားလုံးကို ခင်မင်လျက်..............

                               VIOLENT (YUKI)

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← တိတ်တိတ်လေးပဲ ချစ်သွားမယ်....…   Blog သို့ပြန်သွားသည်။   အချစ်ကို အရင်းတည်၍......... →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။