အရိပ်မဲ့ကောင်

20-01-2010 တွင် တင်ထားသည်။ violent528
စိတ်အခြေအနေ: . ဂီတ: အနှိုင်းမဲ့.
Tags:အရိပ်မဲ့ကောင်

သီချင်းလေး တအေးအေးနဲ့ 

သခေါင်နဲ့  ဖောင်ဖွဲ့ ခဲ့ရတဲ့

စိမ်းရင့်ရောင်ကမ္ဗလာထက်မှာ

အလွမ်းဟာ ရွက်ကြွေသံတွေနဲ့  ငိုလို့ ။

ကဗျာနဲ့ မျက်ရည်ဟာ

သိရဲ့နဲ့ မျက်နှာလွှဲခဲ့တဲ့ နေ့ တုန်းက

အချစ်က လွှင့်ပစ်ပုံချသွားတဲ့

လက်ကျန်နှစ်သိမ့်ဆုတွေ နေမှာပေါ့။

လိမ္မော်ရောင် ခိုးခြုံတဲ့ ဆည်းဆာရေ...........

နှုတ်ဆက်ဖော်မရလိုက်တဲ့ ခုံတန်းလျားလေးပေါ်

ပုလဲရောင်ဥတဲ့ လက်ဖမိုးကလေး

ဖွဖွလေးတောင် မနမ်းမိပါဘူး။

ထားခဲ့တဲ့ အတိုင်းနေရစ်..

ခြေစုံရပ်တည်နေရတဲ့ ခရီးအစွန်မှာ

အထီးကျန် ပုစ္ဆာထုတ်တိုင်း

ကိုယ့်အရိပ်ကိုတောင် ရှာမတွေ့ ခဲ့တဲ့ကောင်ရယ် ။         ။

                                                             မင်းသူရ

                     အာလုံးကို ခင်မင်လျက်................

                                              VIOLENT (YUKI)

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← သူငယ်တန်း..............   Blog သို့ပြန်သွားသည်။   FRIEND..(သူငယ်ချင်းကောင်း ဆိုတ… →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။