အိပ်မက်ရဲ့ သူရဲကောင်းများ

13-01-2010 တွင် တင်ထားသည်။ violent528
စိတ်အခြေအနေ: . ဂီတ: ချစ်သူမျက်နှာ.
Tags:အိပ်မက်ရဲ့ သူရဲကောင်းများ

ပန်းချီးကားတစ်ချပ်လို

တန်ဖိုးကြီးမရနိုင်ပေမယ့်

သီးချင်းတစ်ပုဒ်လို

ကမ္ဘာကျော်ခွင့် မရှိသေးပေမယ့်

အနက်ရှိုင်းဆုံး နူးညံ့မှုမှာ

သိမ်မွေ့ စွာ ခံစားနေကြ။

အာဒံရဲ့ နံရိုးတစ်ချောင်းကစလို့ 

ဟစ်တာလာရဲ့ လူသတ်ဓာတ်ငွေ့ တွေထိ

ပါလက်စတိုင်း စစ်မျက်နှာပေါ်မှာ

ဖေဖော်ဝါရီ ၁၄ ရက်တွေမှာ

ကဗျာဆရာတွေ ကျင်လည်ကျက်စား

ဘယ်သူမှ သတိမပြုမိလည်း

ကိုယ်ယုံကြည်ရာ ရဲရဲဝင့်ဝင့် ထုဆစ်လို့ ။

မာယာကာကော့(ဖ်)စကီး(လ်)ရေ

ခင်ဗျားမခံစားနိုင်တော့တဲ့ ကဗျာတွေက

ကဗျာဆရာတွေရဲ့ အသက်သွေးကြောထဲမှာ

ကြောက်ရွံ့ ဖွယ် လတ်ဆတ်နေဆဲ.....။               ။

                                                     M.P.S

                     အားလုံးကို ခင်မင်လျက်...................

                                                       VIOLENT (YUKI)

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
violent528 on 14-01-2010 ပြောသည်။

ကျေးဇူးတင်ပါတယ်နော်....။ ပိုစ့်ကိုလာရောက် ဖတ်ရှု့ သည့်အတွက်   နောင်လဲလာရောက်ဖတ်ရှု့  ပါနော်...။                           ခင်မင်လျက်.........................

chithtunnge on 14-01-2010 ပြောသည်။

ဒီနေ့ ဟေတီနိုင်ငံ ငလျှင်ကြောင့်

လူသား ၁ သိန်းကျော် သေဆုံးသွားပြီတဲ့...

သင့် ကဗျာတွေအားလုံးတော့က အသက်ရှူနေကြပါတယ် .....

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ရင်ကွဲ အမိန့်    Blog သို့ပြန်သွားသည်။   နားမလည်နိုင်သော အချစ်ပုစ္ဆာ →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။