စစ်မှန်သော သူငယ်ချင်း ၊ မိတ်ဆွေ ဆိုတာ....

16-12-2009 တွင် တင်ထားသည်။ violent528

ရာသီဥတုတွေ ပြောင်းလဲနေသလိုပါပဲ ။ လူဘဝဆိုတာလည်း ဟောင်းလိုက်၊သစ်လိုက် နဲ့  ပြောင်းလဲနေပါတယ်။

ဖုန်းစာအုပ်ကို ဖွင့်ကြည့်လိုက်တော့ မရေမတွက်နိုင်အောင် ပလူပျံနေတဲ့ ဖုန်းနံပါတ်တွေ.....ဘယ်ဖုန်းနံပါတ်ကိုများ စိတ်အားထက်သန်ပြီးရေးမှတ်ခဲ့မိလဲ....ဒီနေ့ ထိ ဘယ်ဖုန်းနံပါတ်နဲ့ များ အဆက်အသွယ် အမြဲရှိခဲ့ကလဲ့....ကိုယ်ကိုယ့်ပြန် ဆန်းစစ်ကြည့်မိတယ်။

လူဘဝဆိုတာ ရထားတစ်စီးလိုပဲ.......သွားတဲ့ခရီးတစ်လျှောက်မှာ လူတွေကတက်လာကြတယ် ၊ ဆင်းသွားကြတယ် ။နေရာသစ် ၊ ပတ်ဝန်းကျင်သစ်မှာ အိမ်သစ် ၊ ရာသစ်တွေ နဲ့ မိတ်ဆွေသစ်တွေနဲ့  ဆုံမယ်။ မိတ်ဆွေသစ်ဖွဲဖို့ အတွက် အချိန်တွေ ဘယ်လောက်ပေးဆပ်ခဲ့ဖူးလဲ....မိတ်ဆွေဟောင်းတွေ နဲ့  ဆက်သွယ်ဖို့ အတွက် အချိန်တွေဘယ်လောက်ပေးဆပ်ခဲ့ဖူးလဲ........အချိန်တွေရဲ့ အပြောင်းအလဲကြားမှာ ရှိရင်းစွဲသူငယ်ချင်းဟောင်းတွေနဲ အဆက်အသွယ်ဟာ  တဖြေးဖြေးကျဲလာခဲ့တယ်။

ညအခါ မိုးကောင်းကင်ကို မော့ကြည့်လိုက်ရင် ကြယ်လေးတွေဟာ တစ်စုတစ်စည်းထဲ ရှိသလိုပဲ... တကယ်တမ်းတော့ကြယ်တွေဟာ တစ်ပွင့်နဲ့ တစ်ပွင့် အရမ်းဝေးကွာကြတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူငယ်ချင်း ၊မိတ်ဆွေ ဘယ်နှစ်ယောက်ရှိလဲ.....ဘယ်နှစ်ယောက်နဲ့ များ အဆက်အသွယ် အမြဲရှိလဲ နှစ်တွေကြာလာမှ အဆက်အသွယ် နည်းခဲ့တဲ့ မိတ်ဆွေ ၊ သူငယ်ချင်းဟောင်းတွေက လူလောက ကနေတဖြေးဖြေး ထွက်ခွာသွားမှန် သတိပြုမိတယ် ။

   လူတွေဟာ......

  1. အသက် (၂၀) မှာ အချစ်ကို မျှော်လင့်ကြတယ်။
  2. အသက် (၃၀) မှာ လက်ထပ်ဖို့ ကို မျှော်လင့်ကြတယ်။
  3. အသက် (၄၀) မှာ အောင်မြင်မှူကို မျှော်လင့်ကြတယ်။
  4. အသက် (၅၀) မှာ ကြွယ်ဝဖို့ ကို မျှော်လင့်ကြတယ်။
  5. အသက် (၆၀) မှာ ပြည့်စုံဖို့ ကို မျှော်လင့်ကြတယ်။
  6. အသက် (၇၀) မှာ ကျန်းမာဖို့ ကို မျှော်လင့်ကြတယ်။
  7. အသက် (၈၀)ာမှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ ကို မျှော်လင့် ကြတယ်။

 သူငယ်ချင်း ၊ မိတ်ဆွေ တွေကိုဘယ်အချိန်မှာ မျှော်လင့်ကြသလဲ..............

အကူအညီ လိုအပ်မှ မျှော်လင့်တက်ကြတယ်။

သင့်တို့ ကော သူငယ်ချင်း ၊ မိတ်ဆွေဆွေ ကိုဘယ်အချိန်မှာ လိုအပ်ကြသလဲ ဆိုတာ သေချာစဉ်းစားကြည့်လိုက်ကြပေါ့........

                                  အားလုံးကို စစ်မှန်သော သူငယ်ချင်း ၊မိတ်ဆွေအဖြစ် ခင်မင်လျက်.......

                                                   VIOLENT(YUKI)



 

 

 

 

 

 

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
Blog သို့ပြန်သွားသည်။   ဆင်းရဲခြင်းဆိုတာ.............… →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။