ကြွက်တစ်ကောင်နှင့် ထိုထိုသောအကြောင်းများ

23-09-2013 တွင် တင်ထားသည်။ tuntunaye_tongkyo
စိတ်အခြေအနေ: . ဂီတ: Rock.
Tags:ရယ်စရာပေါ့ပေါ့ပါးပါး

တစ်နေ့သ၌ ကေသရာပဏိတ ဆရာတော်တစ်ပါးတည်း အွန်လိုင်းဝိဟာယန ကျောင်းတော်၌တစ်ပါးတည်း သီတင်းသုံးနေစဉ် ဆံပင်ပွယောင်းယောင်း အ၀တ် အစားဖိုသီဖတ်သီဖြင့် ကြွက်ကြီး ဆိုသော တကာရင်းတစ်ယောက် ရောက်ရှိလာ၏။ ဘုရားကိုလည်းရှိခိုးရမှန်းမသိ မိမိကိုလည်းရှိခိုးရမှန်းမသိ ကြောင်စီစီဖြင့်ကြည့်နေစဉ် “ ဟဲ့……ပြောက်လှချေလားတကာကြွက်ရဲ့“ “ တင်ပါ့ဘုရား တပည့်တော်လဲ ကြောင်စရာကိစ္စတွေကများတော့ အရှင်ဘုရားနဲ့ တောင်စကားမပြောဖြစ်တာပါဘုရာ့“ “ အိမ်း …ထားပါတော့ ခုကောဘာကိစ္စရှိလို့ ရောက်လာတာတုန်း“ “ တပည့်တော်လည်း အချစ်ရေးက ကံမကောင်းလို့ တပည့်တော်လက္ခဏာမှာ ကျွန်းတွေ ၊ချောင်းတွေများခံနေသလားလို့ သိချင်လို့ပါဘုရား“ “ အိမ်း….ပုထုစဉ်လူသားတွေကပဲ... ဗာဟီရကိစ္စတွေကများလှပေသကိုး။ဒါနဲ့ အဲဒါ တွေမသိခင် ဘုန်းဘုန်းတရားတစ်ပုဒ် ဟောပြမယ်၊ဘုန်းဘုန်းဟောတာမဟုတ်ဘူး ကွဲ့ ဘုရားဟောတာ သေချာနားထောင် ကြားလား “ “ တင်ပါ့ ဘုရား “ " ဒီလိုကွဲ့" ဘ၀တစ်ခုတွင်ဘုရားအလောင်း သည် ဒိသာပါမေက္ခဆရာကြီး အဖြစ်နှင့် တပည့်များစွားကို ပညာရပ်အမျိုးမျိုးသင်ကြားပြသနေသည်။ထိုဒိသာပါမောက္ခ ဆရာကြီးတွင် အသက် အလွန် ကြီးမားပြီး မျက်မမြင် မိခင်ကြီးတစ်ဦးရှိ သည်။ အသက်အတန်ပင်ကြီးမားလွန်းသောကြောင့် နောက် (၇)ရက်ခန့်ာကာလျှင် သေလွန်တော့မည်ဖြစ်သည်။ ဒိသာပါမောက္ခ ဆရာကြီးသည် တပည့်တစ်ယောက်အားမိန်းမတို့၏မာယာနှင့်ပတ်သက် သောအကြောင်းအရာတို့ကိုသင်ကြားပြသနေ၏။ မိန်းမတို့၏မာယာသဘောကို လက်တွေ့ သင်ကြားပြသပေးချင်သောကြောင့် မည်သို့သင်ကြားပြသရမည်နည်းဟုစဉ်းစားသော် မယ်တော်ကြီးအား မြင်မိပေ၏။ ထို့နောက် ထိုတပည့် အားမည်သို့မည်ပုံ ပြုလုပ်ရမည်ကို သင်ကြားပြသပေးပြီး မယ်တော်ကြီးအားခြေ ဆုပ်လက်နယ်ပြုစေ၏။ထိုသို့ပြုလုပ်ပေးနေရင်း ထိုတပည့်မှ မယ်တော်ကြီးအား … “ မယ်တော်ကြီးရယ် မယ်တော်ကြီးရယ် မယ်တော်ကြီးရဲ့အသားအရည်တွေဟာ ဒီအသက် အရွယ်မှာတောင် ဒီလောက်တင်းတင်းရင်းရင်းရှိနေရင် မယ်တော်ကြီးငယ်စဉ်တုန်းကဆိုလျှင် ဘယ်လောက်များ အတွေ့ကောင်းလိုက်မလဲ“ ဆိုပြီးစကားဦးအရင်သန်းပြီး အရိပ်အခြည် ကိုကြည့်နေလိုက် တယ်။ နောက်နေ့တွေမှာလည်း ဒီလိုပဲ စိတ်လှုပ်ရှားလာစေတဲ့စကားတွေ ကိုပဲ ပြောပေးနေတော့တယ်။ နောက်နေ့တွေမှာလည်း “ မယ်တော်ကြီးရယ် မယ်တော်ကြီးအသားတွေကိုထိမိ ကိုင်မိကတည်းက ကျွန်တော့ စိတ် ထဲမှာတစ်ဝဲလည်လည်နဲ့ မေ့ဖြောက်လို့ကို မရနိုင်ပါဘူး“ ဆိုပြီးထပ်ခါ ထပ်ခါ ပြောလောတော့ မယ်တော်ကြီးစိတ်ထဲမှာ တဏှာ စိတ်တွေ ၀င်ရောက်လာပါတော့တယ်။ နောက် ခုနှစ်ရက် နီးပါးကြာလာတော့ ထိုတပည့်မှ … “ မယ်တော်ကြီးရယ် ကျွန်တော့်မှာအတော်ပင်ခက် နေပါပြီ မယ်တော်ကြီးငေါက်ချင်လည်း ငေါက် ၊ဆဲချင်လည်းဆဲ၊ရိုက်ချင်လည်းရိုက်ပါတော့ကျွန်တော်ခံယူပါ့မယ်။ကျွန်တော့်စိတ်ထဲ မှာရှိသမျှတွေကို ထုတ်ဖေါ်ပြောပါရစေတော့ ကျွန်တော့်ဒုက္ခဟာ မယ်တော်ကြီးနဲ့ပေါင်းရပါ မှအေးပါ့မယ်။ကျွန်တော့ခုက္ခ ကိုမယ်တော်ကြီးကယ်တင်မှအေးမှာပါ“ ဟုပြောလေတော့၏။ ကာမဂုဏ်စိတ်တွေဝင်လာတဲ့မယ်တော်ကြီးမှာ အမှားအမှန်ကိုမမြင်တော့၊ရှက်ရမှန်းလဲ မသိတော့၊ကြောက်ရမှန်းလဲမသိတော့ပဲ ထိုတပည့်အား အမှန်တကယ်ပြောတာလားဟု မေးမြန်တော့၏။ အမှန်တကယ်ပြောတာပါ ဟုထိုတပည့်မှပြောသောအခါ မယ်တော်ကြီးမှ ၎င်းအား ခိုးယူပါတော့ဟုပြောလေတော့၏။ထိုတပည့်မှ မခိုးရဲပါ ဒိသာပါမေက္ခဆရာကြီးကို အင်မတန်မှကြောက်ရပါသည်ဟုပြောလေ၏။ ထိုအခါ ကာမတဏှာစိတ်တွေဝင်နေသောမယ်တော်ကြီးက ထက်လှစွာသောရဲဒင်းတစ် လက်ကိုရှာစေ၏။ထို့နောက် မယ်တော်ကြီးနေသည့်နေရာနှင့် ဒိသာပါမေက္ခ ဆရာကြီးအိပ် သည့်နေရာအား ကြိုးဖြင့်သွယ်တန်းစေ၏။ ထိုတပည့်လည်းခိုင်းသည့်အတိုင်း လုပ်ပေးလေ၏။ ညအချိန်သို့ရောက်သောအခါ မယ်တော်ကြီးသည်ကြိုးတန်းကိုကိုင်၍ သားအိပ်ရာသို့လာပြီး သား ၏ခေါင်းရှိမည်ထင်သည့်နေရာကိုမှန်းပြီး ရဲဒင်းဖြင့် ခုတ်လေတော့၏။ အကွယ်လေးမှ တိတ်တဆိတ် ဆရာတပည့်နှစ်ယောက်စောင့်ကြည့်နေရာမှာ ဒိသာပါမေက္ခဆရာကြီးမှာ အံ့သြလွန်းသဖြင့် “ မယ်တော်“ ဟုအသံထွက်သွားရာ သက်တန်းကုန်နေပြီဖြစ်သော မယ်တော်ကြီးမှာ ထိုနေရာ၌ပင် သေဆုံးသွားလေတော့၏။ ကာမတဏှာစိတ်ကား အလွန်ပင်ကြောက်စရာကောင်းလှပေ၏။အလွန်ပင်ပြင်းထန် လှပေ၏တကား။ ................... တကာကြွက် ကို တရားဟောပြီး သူ့မျက်နှာကိုသေချာကြည့်လိုက်တော့ စိတ်ထဲမှ အင်းးးးး…တကာကြွက်တော့ တရားရပြီး အွန်လိုင်းမှာတောင် ပေါ်လာပါတော့မလားမသိ တော်ကြာ မလေးရှားမှာရှိတဲ့တောထဲထွက်သွားပြီးတရားတွေဘာတွေကျင့်တော့မ လားမသိဘူး ဟုတွေးနေစဉ် သူပြောလိုက်သောစကားကြောင့် ကေသရာပဏိတ ဆရာတော်မှာ ပါးစပ်အဟောင်းသားဖြင့်ကျန်ခဲ့တော့၏..သူပြောသောစကားမှာ.. “ ဘုန်းဘုန်းဟောမှ တပည့်တော်လည်း သေချာစဉ်းစားမိတော့တယ် မိန်းမတွေ ဆိုတာသေခါနီးအထိ ဒီစိတ်ကရှိတယ်ဆိုတော့ တပည့်တော်စိတ်ဓါတ်မကျတော့ ဘူးဘုရား ဆက်ပြီးကြိုးစားဖို့အခွင့်အရေးတွေအများကြီးရှိသေးတာတွေ့ရတော့တယ် ကျေးဇူးတင်ပါတယ် ဘုရား…သွားပြီးဘုရား ချက်လိုက်ဦးမယ်ဘုရား...bye.”.......................................... အိမ်းးးးးးးးးးမှားတဲ့အခါလည်းမှားပေမပေါ့............................................... အားလုံးပဲပျော်ရွှင်ကြပါစေဗျာ......

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ဟီရိုးလုပ်မိလို့   Blog သို့ပြန်သွားသည်။   ဥရုဝေလမှအပြန် →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။