အသွားအပြန်

20-11-2010 တွင် တင်ထားသည်။ tuntunaye_tongkyo
စိတ်အခြေအနေ: fine.. ဂီတ: Rock.
Tags:ရယ်စရာပေါ့ပေါ့ပါးပါး

                 ဟိုး..အရင် ရန်ကုန်က ဆောင်းတွင်းမနက်လေးတွေကိုသတိရမိပါရဲ့။ အဲဒီတုန်းက

ကျွန်တော့် အလုပ်က မိုးမလင်းခင် စောစောထ ဖိနပ်လေးကောက်စီးကြိုးတွေသေချာချည်ပြီး(RC-2)

ကုန်းပေါ်ကိုတက်ပြီးအပြေးကျင့်နေကျ။အဲဒီမှာတစ်ပါတ်လောက်ပတ်ပြီး တံတားလေးအပေါ်မှာ

လေကောင်းလေသန့်လေးရှူ၊ခဏအနားယူ၊ပြီးရင်လာလမ်းအတိုင်းပြန်ဆင်းခဏနားရေမိုးချိုး၊လက်ဖက်

ရည်ဆိုင်သွား၊မုန့်ဟင်းခါးလေးနဲ့လက်ဖက်ရည်လေးမှာပြီးထိုင်၊လုံးဝ ဖီးလ် ပါပဲ ။

                တစ်နေ့ကုန်းပေါ်ပြေးတက်လာတော့လမ်းမှာ အသက်ကြီးကြီးအဖိုးကြီးတစ်ယောက်ကို

တွေ့ရော။ သူကလဲလုံးဝမိုက်တယ်ဗျ၊သူ့ဘာသူမှန်မှန်လေးပဲပြေးနေတယ်။အဲဒါနဲ့ကျွန်တော်ကသူ့ရှေ့ကို

ကျော်ပြေးတော့ သူကသူ့စပိဒ် ကိုနဲနဲမြှင့်ပြီးလိုက်တယ်ဗျ။ ဒါနဲ့ကျွန်တော်ကမောချင်ယောင်ဆောင်ပြီး

ပြေးနှုန်းနဲနဲချလိုက်တယ်၊သူကကျော်တက်သွားတယ်ခင်ဗျ။ ပြီးရင်ကျွန်တော်က သူ့ထက်နဲနဲလေးပဲ

ကျော်ပြေးလိုက်တယ် သူကပြန်ကျော်တာပဲ။ဒီလိုနဲ့သူ့ကိုစလာလိုက်တာတော်တော်လည်းကြာရော

သူမောပြီးမလိုက်နိုင်တော့ဘူးလေ ။သူလည်းလျှာထွက်သွားရောကျွန်တော်လဲမစတော့ပဲစပိဒ်မြှင့်ပြီးပြေး

ပေါ့လေ။ထုံးစံအတိုင်းတံတားလေးပေါ်ထိုင်ပြီးရေပြင်လေးကိုကြည့်လေကောင်းလေသန့်လေးရှူပြီးကုန်း

ပေါ်ကပြန်ဆင်းလာတာပေါ့။အဲဒီအချိန်မှာ Taxi တစ်စီးကဖြတ်သွားတော့ ကို့စပိဒ် ကိုယ်စမ်းချင်တာ

နဲ့အားကုန်လိုက်တယ်လေ။တော်တော်လေးလဲကြာရောTaxi လည်းဘယ်ရောက်သွားတယ်မသိဘူး။

ကိုယ်လည်းလျှာထွက်ပြီးပြန်လာတာပေါ့။အဲဒီမှာတင် ဗိုက်ထဲကအကြောတွေပြတ်သွားတာလား၊

ဘာဖြစ်သွားတာလဲတော့မသိပါဘူး  လူလဲတော်တော်ထိသွားလို့(၃)ရက်လောက်

ခွေနေရပါတော့တယ်......သူငယ်ချင်းတွေကစိုးရိမ်တကြီးနဲ့ပြောရှာတယ်.....သေမှ.......တဲ့

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
tuntunaye_tongkyo on 20-11-2010 ပြောသည်။

အင်း....ကောင်းတယ်.....Thanks....

thidange on 20-11-2010 ပြောသည်။

ကျွန်တော့် အလုပ်က မိုးမလင်းခင် စောစောထ ဖိနပ်လေးဝတ်ပြီး (RC-2)ကုန်းပေါ်ကိုတက်ပြီးအပြေး

ကျင့်နေကျ။

 

ဖိနပ်လေးစီးပြီး  ဆိုရင်ပိုများကောင်းမလားလို. ။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ဓါတ်တိုင်   Blog သို့ပြန်သွားသည်။   ဆုတောင်းမှားတဲ့သူ →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။