``ကုလားမဖလားနှင့် ဘောလုံးပွဲည´´
19-12-2013 တွင် တင်ထားသည်။
shweyoat
``ကုလားမဖလားနှင့် ဘောလုံးပွဲည´´
--------------------------------------------
အင်္ကျီကို သုံးထပ်လောက်ဝတ်ပြီး အပေါ်က စောင်တစ်ထည်ထပ်ခြုံလိုက်သည်။ ထို့နောက် မြန်မာအမျိုးသမီး ဘောလုံးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရန် တီဗီရှေ့မှာအသင့်အနေအထားဖြင့် သတိဆွဲပြီးသား။ အားပေးရအောင် အဖော်ပါအောင် အိမ်ရှေ့တွင် အိမ်ငှားနေသော ညီမနှစ်ဦးအားစည်းရုံးကာ ခေါ်ထား ပြီးလည်း ဖြစ်၏။ တီဗီရှေ့တွင် ရွှေရုပ်၏ ကျွေးသဖခင် ကျေးဇူးရှင် နေရာယူကာ အဖေ့နောက်မှာ ရွှေရုပ်၊ ဘေးတစ်ချက် တစ်ချက်မှာ ညီမနှစ်ယောက် နေရာယူကာ စောင့်ကြည့်နေတော့သည်။
မြန်မာအမျိုးသမီး အသင်း နိုင်ငံတော်သီချင်းဆိုသောအချိန်တွင် ရွှေရုပ်ပါ လိုက်ဆိုနေမိသည်။ ထို့နောက် ဒီရပ်ကွက်မှာ ရွှေရုပ်တို့ဘဲ ဒီဘောပွဲကို တီဗီကကြည့်ပြီးအားပေးမှာပါလားဟု အားငယ်စိတ်ဖြစ်မိသေးသည်။ (ရပ်ကွက်ထဲမှ ဘောလုံးအားပေးပြီဆိုလျှင် ပရိမီယားလိစ် ဆိုတာမျိုးမှ ဒါတောင် ဇယားချထားတဲ့ စာရွက်လေးရှေ့ချချကာ ဘောပင်လေးတွေနဲ့ အားတက်သရောအားပေးကြတာမျိုး… ကြုံလို့ပြောပြတာ)
ဘောလုံးစကန်ပြီဖြစ်သည်။
``ထိုင်းကိုနိုင်ဖို့တော်တော်ခက်မယ်….´´
အရှေ့ကထိုင်နေသောအဖေ့အသံကို အမြင်ကတ်မိသည်။ ဘယ်နှယ့် နိုင်မယ်မပြောဘူး ။
``အဖေပါးစပ်ပုတ်တွေနဲ့ဘာမှမပြောနဲ့နော် တစ်ခုခုများလွဲသွားရင် အဖေ့ကို မီးမခေါ်တော့ဘူး…´´
ကလေးဆန်စွာပြောမိသည်လည်းသိပါသည်။ သို့ပေမယ့် နိုင်လိုဇောက ထိန်းမရပါ။ ပြစ်တင်ဘောတွေအကြားမှာ လဲကျလိုက်တဲ့ တိုင်းအသင်းက အမျိုးသမီးတွေ လဲလိုက်ပြီလားဆို အပြာရောင်တွေချည်း ။ သူုတို့လဲကျသွားရင် ရွှေရုပ်အင်မတန်ပျော်သည်။(ထင်ချင်သလိုထင်ပါ) သို့သော် လူးလိမ့်နေသော အပြာရောင်မတွေက မြေကြီးမှာ မပဋာမြေလူး အဲ့လိုလူးလိမ့်နေပြီး ပြစ်ဒဏ်ဘောပေးတာနဲ့ ပြန်ထလိုက်တာ အကောင်းမို့ အမြင်လဲတော်တော်ကတ်သည်။ နောက်တစ်ခါ လဲကျတော့
`` လဲနေတုန်း လည်ပင်းတက်နင်းလိုက်ပါလား ညီမတို့ရယ် …´´
ဆန္ဒတွေက အသေသတ်ချင်စိတ်တွေပေါက်ပေါက်လာတော့သည်။ ဘေးက ညီမနှစ်ယောက်မှာလဲ တောက်တစ်ခေါက်ခေါက်နှင့် ဘောပွဲအားပေးမှုက ပီပြင်လာတော့သည်။ အဖေကို သတိမထားမိတော့ ။ အိန္ဒိယမှ ကုလားမဒိုင်ကို ၀က်သားကျွေးချင်စိတ်တွေပေါက်ပေါက်လာသည်။
``သောက်ကုလားမ …. ရုပ်ကိုက အိမ်မြှောင် မိတ်လိုက်နေတဲ့ပုံနဲ့ ကျက်သရေကိုမရှိဘူး…´´
ဘေးကညီမနှစ်ယောက်မှာလဲ
``အဲ့အိမ်မြှောင်တောင်မှ ထမင်းခုနှစ်ရက်မစားရတဲ့အိမ်မြှောင်နေမယ်… ရုပ်ကိုက အရိုးခေါင်းခြောက်ရုပ်နဲ့´´
ပထမပိုင်းမှာတင် လူကျွံဘောကနေ ပေးလိုက်ရတဲ့ဂိုးက ရင်နာစရာဖြစ်သည်။
``ဟာ…..´´
``ပေးလိုက်တယ်…. သေစမ်း ကုလာမ´´
ရွှေရုပ်တို့ပြောသည်မဟုတ်ဘဲ အိမ်နောက်ဘက်အိမ်မှ အလွန်ရိုးအေးသော ညီမများ၏ အသံဖြစ်သောကြောင့် အနောက်ဘက်ကိုအသာနားစွင့်မိသည်။
``သောက်ညစ်ပတ် … မိုက်ရိုင်းတာ …လူပါးဝတာာ…´´
အသံတွေစုံကုန်သည်။
``ဟိဟိ…… ´´
``သမီးဘာရီတာတုန်း´´
``အိမ်နောက်ဘက်က ညီမတွေလဲ အားပေးကြတယ်ဖေကြီးရဲ့ ။ ၀မ်းသာလို့ပါ။ ကုလားမကို တစ်တိုင်းပြည်လုံးဆဲနေရောပေါ့ … သောက်ကုလားမ…´´
မြန်မာအမျိုးသမီးတို့၏ တိုင်းပြည်ချစ်စိတ် မျိုးချစ်စိတ်တို့ကို လေးစားမိသည်။ အမှန်ဆို တိုင်းဘောလုံးအမျိုးသမီးများသည် ရွှေရုပ်တို့ မြန်မာအမျိုးသမီးများထက် အရပ်ပိုရှည်သည်။ ကစားပုံသာသည်။ သို့သော်… ရွှေရုပ်တို့ မြန်မာအမျိုးသမီးများသည် အင်မတန်ရဲရင့်သည်။ သူတို့ကိုကြည့်ရသည်မှာ သူရဲကောင်းတွေ တိုင်းပြည်အတွက် အသက်နှင့်လဲ၍ တိုက်ပွဲဝင်နေသည်နှင့်တူသည်။ မြန်မာအမျိုးသမီးဘက်မှ လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းလိုက်သော ဘောလုံးမှာ ထိုင်းဂိုးပေါက်ထဲသို့ ၀င်သွားတော့သည်။ ရွှေရုပ် ထိုင်ခုံမှ ထကာ အော်မိသည်။
``ဂိုးးးးးးးးးးးးးးးးးးးးးးးးး မြန်မာကွ…… အဲ့ဒါ မြန်မာကွ …..´´
``ဝေးးးးးးးးးးးးးးးးးးးးးးး´´
ရွှေရုပ်အသံနှင့် အနောက်အိမ်က အသံတို့အတူတကွထွက်လာတော့ ခေါင်းရင်းဘော်ဒါက စာသင်နေတဲ့ ကလေးများသည်
``ဟေးးးးးးးးးးးးး´´
သူတို့ ဘောလုံးပွဲမကြည့်ရပါ။ စာသင်နေရသည်။ သို့သော် စာသင်ရင်းနှင့်ပင် မြန်မာအသင်းအား အားပေးနေကြသည်ဖြစ်မည်။ သို့သော် လူကျွံဘောဟုဆိုကာ ကုလားမဒိုင်မှ ဂိုးမပေးပါချေ။
``အဖေရာ အဲ့ကုလားမ လူပါးဝပြန်ပြီ …..ခွေးသူတောင်းစားမ… ´´
မျက်ရည်ဝိုင်းဝိုင်းနှင့်ပင် ဆဲမိတော့သည်။
သို့နှင့် ဒုတိယပိုင်း အချိန်ပြီးခါနီးသို့ရောက်လာတော့သည်။ ထိုင်းနိုင်ငံမှခြေရွေးစင်များကလဲ တစ်ဖုန်းဖုန်းလဲသည်။ လဲတိုင်းလဲရွှေရုပ်မှ
``လည်ပင်းတက်နင်း အသေသာသတ်….´´
မေတ္တာရှေ့ထားအော်ရသေးသည်။ မြန်မာ့ရုပ်မြင်သံကြားမှ အစီစဉ်ကြေငြာသူလဲ
``လူကပ်ထားရန်လိုပါတယ်ခင်ဗျ….. အဟွင်း ဂိုးလွန်ဘောပါခင်ဗျာ….. မြန်မာအမျိုးသမီးများ တစ်ဦးချင်းလူကပ်ထားဖို့ကို အလွန်အားနည်းနေပါတယ်ခင်ဗျာ…… အခုချိန်မှာမှ ပြန်လည်ချေပ ဂိုးမဂိုးနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ အသေချာပါဘူးခင်ဗျ…´´
``သြော် သူပြောမှသိတယ် … စိတ်လေပါတယ်ဆိုမှ …´´
အသံတို့တိတ်ကုန်ပါသည်။ ကွင်းတွင်းမှာ အားပေးတဲ့ ပရိတ်သတ်တွေကလဲ အသံတို့တိတ်ကုန်ပါသည်။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးမိနစ်တွေမှာ အစွမ်းကုန်ကြိုးစားနေတဲ့ မြန်မာအမျိုးသမီးအသင်းကို ချေပဂိုးပြန်သွင်းနိုင်အောင် ရွှေရုပ်လို ဘုရားစာရွတ်နေကြမည်ထင်သည်။ ရွှေရုပ်တွင်ခြုံထားသော စောင်ကား ထိုင်ခုံချေရင်းတွင် အပုံလိုက်ပင်။ ခေါင်းမှခေါင်းစွပ်မှာလဲ ဘယ်ထားမိမှန်းမသိပေ။ လူက မချမ်းတော့ ။ စိတ်ပူတာရော ၊ဒေါသဖြစ်တာရော၊ စုံလင်စွာနှင့် ဘုရားစာကို အဆက်မပြတ်ရွတ်နေမိသည်။ ထိုင်ခုံပေါ်တွင်လည်း သေချာမထိုင်ဖြစ်။ ထိုင်ခုံပေါ်တွင် ဆောင်ကြောင့်ထိုင်ကာ လက်အုပ်ချီရင်း မြန်မာအမျိုးသမီးဘောလုံးပွဲကို မျက်ရည်ဝိုင်းလျှက်ပင် အားပေးနေမိသည်။
``ဂိုး……………..´´
မိနစ်ကိုးဆယ် အကျော်မှာပင် ။ မြန်မာဘက်မှချေပဂိုးပြန်သွင်းနိုင်တော့သည်။
ရွှေရုပ်ထအော်ရင်း အသံပင်ဝင်သွား၏။ ခုန်ပြီး မြန်မာဟေ့ မြန်မာဟေ့ဟု အားပေးမိသည်။ ရွှေရုပ်တို့တစ်ရပ်ကွက်လုံး ဂိုးဟူသောအသံ နှင့် အတူ ရွှေရုပ်မျက်ရည်တွေနဲ့ ရှိုက်ကြီးတငင်ငိုမိတော့သည်။ရွှေရုပ်တို့ တနိုင်ငံလုံး ညီမငယ်တွေကို အားပေးနေကြသည်ဖြစ်မည်ဟု စိတ်ပျော်ရွှ့င်စွာတွေးမိပါသေးသည်။
``တော်သေးတာပေါ့ …. ဘုရားကယ်လို့….. ´´
သို့နှင့် အချိန်ပိုကစားသည်။ အချိန်ပိုတွင်လည်း သူတို့ထိုင်းနိုင်ငံမှ တစ်လုံးထပ်မံသွင်းယူသွားသည်။ ဘာစကားမှမဆိုမိတော့ ။ဒုတိယပိုင်းအချိန်ပိုကိုသာ စောင့်မိတော့သည်။ ထိုအချိန်တွင်း ရှုံးသွားခဲ့လျှင်လည်း ရွှေရုပ်ကျေနပ်မိတော့မည်။ သို့သော် အံ့သြယူရသည် ။ မြန်မာမိန်းကလေးဘောလုံးအသင်းတွေက အရှုံးနဲ့ မကျေနပ်နိုင် အသက်သေရင်သေပါစေဆိုသောပုံရသည်။ သူတို့ဆီမှာ မျိုးချစ်စိတ်ဓါတ်၊ နိုင်ငံချစ်စိတ်၊ အပြည့်ရှိသည်။ မိနစ်(၁၂၀) လုံး တစ်ကွင်းလုံးပတ်ပြေးနေကြသည်။ တစ်ကိုယ်လုံးမှာ ချွေးတွေရွှဲနစ်နေသည်။ သူတို့စိတ်ဓါတ်မကျသွား ။ သူတို့ကား သံမဏိစိတ်အပြည့်ပင်။ ထို့နှင့် နောက်တစ်လုံးချေပဂိုး လိုက်သည့်အခါတွင်မတော့ ရွှေရုပ်တို့နိုင်ပြီဟု သိလိုက်သည်။ ဒါပေမယ့် ကံတရားက ဥာဏ်များတော့သည်။ ညီမငယ်တို့ အသည်းအသန် ကြိုးစားကစားသော်လည်း ပင်နယ်တီဖြင့် ရှုံးခဲ့ရသည်။ ထိုအချိန်တွင် ရွှေရုပ်တို့ ရပ်ကွက်တွင် အပ်ကျသံပင်မကြားရတော့ ။ ညီမငယ်တို့ ငိုသည့်ပုံကိုကြည့်ပြီး ရွှေရုပ် မရှိုက်ဘဲ မျက်ရည်ကျသည်။ မည်သူ့ကိုမှ မနှုတ်ဆက် အိပ်ခန်းထဲဝင်ကာမည်သည်ကိုစိတ်တိုရမှန်းမသိ။ နောက်ဆုံးတော့ ကုလားမဒိုင်ပင်စိတ်တိုရတော့သည်။ သောက်ကုလားမဒိုင်။ ဘယ်နှယ့် အရှေ့တောင်အာရှဖလားရမလဲ ။ ကုလားမညစ်မှတော့ တကယ့်ဖိုင်နယ်တက်မယ့်သူလဲ အာရှဖလားနှင့် မထိုက်တန်တော့ ကုလားမဖလားဘဲထိုက်တန်တော့မည် ဖြစ်သည်။
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်