upat ရပ်ကွက်

23-12-2012 တွင် တင်ထားသည်။ shweyoat

Update ရပ်ကွက်
---------------
အလွန်အေးသောရာသီဖြစ်နေပြီ။ အေးသောကြောင့် အေးတဲ့ရာသီဆိုတော့ ခရစ်စမတ်ရယ်၊ ၀ါကျွတ်တာရယ် အပါအ၀င် အအေးမခံနိုင်သောလူကြီးများသည်လဲတစ်ယောက်ပြီး
တစ်ယောက် ရပ်ကွက်ကိုစွန့်ခွာသွားသည်လဲ ပါသည်ပေါ့။ စနေ တနင်္ဂနွေဆိုလျှင် မင်္ဂလာ ဆောင်တွေမှ ဓါတ်စက်သံများ၊ အအေးမခံနိုင်လို့ အခြားဘ၀ကို ကူးသွားသော လူကြီးများ အိမ်မှ ဖွင့်သော ဓါတ်စက်သံများ ခရစ်စမတ်သီချင်းလိုက်ဆိုသောလူငယ်လေးများ၏ ဂစ်တာသံနှင့် ဂီတသံများ ထို့အပြင် ရပ်ကွက်ရုံးမှ “မီးဘေးရှောင်လို့ မလောင်ခင်တားကြပါ” ဆိုသောသီချင်းသံများ နှင့် ရွှေရုပ်တို့ရပ်ကွက် အလွန်စည်ကားစွာ update ဖြစ်နေလေတော့သည်။
ဒါ့အပြင်ရွှေရုပ် အရမ်းကို updateဖြစ်တဲ့ရပ်ကွက်ထဲမှာ ကြက်သွန်ဖြူလေး ငါးဆယ်မျိုး တစ်ရာမျိုးဝယ်တဲ့ ၊ နှပ်တွဲလောင်းနဲ့ကလေးတွေဆို နှစ်ဆယ်တန်လေးတစ်ရွက်နဲ့ “ဂျိုဂျင် နှစ်ရုံး …” ဆိုပြီးဝယ်တဲ့ ကုန်မစုံတစ်စုံဆိုင်လေးလဲဖွင့်ထားတယ်လေ။ တောတော်တော့ရောင်း ကောင်းသည်။ အိပ်ရေးဝပြီး လူလဲဝလောက်အောင်ရောင်းကောင်းပါသည်။
အခုတလောတော့ ရွှေရုပ်ဆောင်းတွင်းအေးတာကိုအကြောင်းပြကာ ညဆိုဆိုင်ကို စောစောပိတ်ကာ ဆိုင်မထိုင် အွန်လိုင်းထိုင်တော့သည်။ အရင်တုန်းကတော့ ရွှေရုပ်တို့ ရပ်ကွက်တွင် ရွှေရုပ်ရဲ့အိမ်မှသာယာနာပျော်ဖွယ်ကောင်းသော ရွှေရုပ်၏ ကာရာအိုကေ သီချင်းသံမှလွဲလို့ အလွန်ငြိမ်သက်သည်။ ဒါပေမယ့် အခုတော့ ရွှေရုပ်တို့ရပ်ကွက်နားတွင် အထည်ချုပ်စက်ရုံကြီးတွေလာဆောက်ကြသည်။ထို့ကြောင့် အထက်အညာမှ မျက်စိဖွင်
့နားပွင့် ပွင့်ချင်တာအကုန် ပွင့်ကြသော အထက်သူအထက်သားတွေ အလုပ်လာလုပ်ကြသည်။ ရပ်ကွက်တွင် ချမ်းသာသူတို့ ပေလေးဆယ် ပေခြောက်ဆယ်တွင် အိမ်တန်းလျားအလုံး
ခြောက်ဆယ်(အဲလွန်သွားတယ်) အခန်းရှစ်ခန်း၊ခြောက်ခန်း ပါသောအဆောက်အဦ တွေဆောက်ပြီး အခန်းငှားစားတော့သည်။ စမတ်ကျလေခြင်း။ ဦးနှောက်တွေ update ဖြစ်လေကြခြင်းနော်။ ထို့ကြောင့် ရွှေရုပ်လဲ ဦးနှောက်update ကျသူတစ်ဦးအနေနှင့် လူဦးရေတွေတိုးလာသည်ကို အခွင့်ကောင်းယူကာ အထက်ဖော်ပြပါ တစ်ဆယ်မျိုး ငါးဆယ်မျိုး လက်မလည်အောင်ရောင်းရတဲ့ (လက်ကမလည်ဘူး ချိုချဉ်ဘဲရောင်းရလို့ ချိုချဉ်ပုလင်းနားဘဲ ၀ဲနေတာ)ကုန်မစုံတစ်စုံဆိုင်လေးဖွင့်ထားရတာပေါ့။ ဘာဘဲဖြစ်ဖြစ် လူများနားညီးတာတော
့အမှန်ပင်။
အခုညတွင်လည်း ရွှေရုပ်၏ အိမ်အပေါ်ထပ်တွင် အွန်လိုင်းထိုင်နေချိန်ဖြစ်သည်။ အသံပေါင်းစုံတို့နှင့်ရင်းနှီးနေပြီဖြစ်သော ရွှေရုပ်မှ စာရေးရင်း မင်္ဂလာဆောင်ဓါတ်စက်မှ တူနှစ်ဖြာသီချင်းလဲညည်းရင်း နာရေးမှ ဘ၀သံသရာသီချင်းလဲလိုက်ဆိုဖြစ်လေတော့သည်။
အခုညဘက်တွေတွင် အေးလို့လားမသိ သွေးပူအောင် ရွှေရုပ်တို့ အိမ်ပတ်ဝန်းကျင်တွင် ညတိုင်း အရပ်ရှစ်မျက်နှာကအလှည့် ကျ ရန်ဖြစ်ကြတယ်လေ။ တကယ်တော့ ဖြစ်ချင်လွန်းလို့ဖြစ်သည်တော့မထင် ။ သွေးအေးနေ လွန်းလို့သာ ဖြစ်နိုင်သည်။ အခုလဲ ရွှေရုပ်တို့ခြေရင်းအိမ်မှ လင်မယား(ဖြစ်နေကျ)
“ဟဲ့ ခုလို လောကကြီးမှာ နင်လဲအလုပ်မလုပ်ရင် ဘယ်လိုထမင်းစားမှာလဲ…” (အရက်မှုးသောသူပြောသဖြင့် အရက်မှုးသံနှင့်ဖတ်ပါ)
“အို …ရှင်လုပ်နေတာဘဲ …ရှင့်လုပ်စာနဲ့စားမှာပေါ့လို့…””
ရွှေရုပ်သူများအကြောင်းဘယ်တော့မှ မစပ်စုပါ နားလေးဘဲစွင့်မိသည်။
“ကောင်မ….”
“ဘာလဲကောင်ထီး…”
ရွှေရုပ်ကြိတ်ရယ်နေရပြီဖြစ်သည်။
“နင့်ကိုယူတုန်းက ငါ့အမတွေက နင့်ကိုမယူခိုင်းတာငါခုမှသိတော့တယ် ..အေး ခုသိတော့ နင်ခုအိမ်ကဆင်း..”
“ဆင်းတယ် အကောင်ရဲ့ …ဆင်းတယ်”
ထို့နှင့်သူများအကြောင်းမစပ်စုသူရွှေရုပ် အပေါ်ထပ်လိုက်ကာလေး အသာဖွင့်ကြည့်မိသည်။ တကယ်ကိုပင် တစ်ဖက်အိမ်မှ အမကြီး သူ့သမီးလေးကို ခါးထစ်ခွင်ပြီးဆင်းသွားလေသည်(ဆင်းနေကျ) ထို့နောက် အနောက်မှ အဲ့အမကြီး၏အမျိုးသားပြေးလိုက်သွားသည်။
“အောင်မယ် တော်တော်ဆင်းချင်နေတယ်ပေါ့ … ”
“အေးဆင်းချင်တာကြာပြီ လိုက်မလာနဲ့နော် …လိုက်မလာနဲ့..”
ရွှေရုပ် ပြတင်းပေါက်မှမမြင်ရသောကြောင့် ခြေဖျားထောက်ကာ ကြည့်လိုက်သည်
“လိုက်မလာနဲ့ပြောနေတယ်နော်… ရှင့်မျက်နှာကို ကျမ မကြားချင်ဘူး…”
“၀ုန်း...”
အောက်မှာရှိတဲ့ ဘာကိုမှန်းမသိဘူး ရွှေရုပ်တက်နင်းမိကာ ပြုတ်ကျသည်။ အသံတို့ရပ်ကုန်တော့သည်။ ရွှေရုပ်အသက်ပင်မရှုရဲ။ ရွှေရုပ်အိမ်ဘက်မျှော်ကြည့် ကုန်ကြသည်ထင်သည်။ ရွှေရုပ် ပြတင်းပေါက်တွင် ငုံ့ကာပုန်းနေလိုက်သည်။ ထိုအခါမှ ခုနရန်ဖြစ်နေသည့်လင်မယား သတိပြန်ဝင်လာသည်။
“ခုနက နင်ငါ့ကို ဘာပြောလိုက်တာလဲ”
“ဟင်…..”
ဟုတ်သည်လေ။ ရုတ်တရက်ဆိုတော့ အဲ့အမကြီး ဘယ်စဉ်းစားတတ်မလဲ။ြ့ပီးတော့မှ
“သြော်…. ရှင် ကျမနောက်လိုက်မလာနဲ့ …ရှင့်မျက်နှာ ကိုကျမမကြားချင်ဘူး..”
အသံတို့ကတော့ကြားနေရဆဲ ရွှေရုပ်ထမကြည့်ဖြစ် ။
“အေး နင့်အသံလဲ ငါမှမမြင်ချင်တာ …သွားတော့ ”
အသံတို့ငြိမ်သွားတော့ ရွှေရုပ်ထကြည့်ဖြစ်သည် ။ဟယ်တော့ …ဟုတ်ပါသည်။ ခုနကရန်ဖြစ်တဲ့လင်မယား ရွှေရုပ်ရပ်တဲ့ပြတင်းပေါက်ကိုကြည့်နေကြသည်။ ရွှေရုပ်သည် လက်ဝါးကြီးကို အပြားလိုက် နားတွင်ကပ်လိုက်ကာ …
“ပြောမောင်ပြော….. အင်း …ဟုတ်တယ် မကြားရလို့ အိမ်ပေါ်တက်လာတာ ခုမှပြတင်းပေါက်ကိုရောက်တယ်… ဟုတ်တယ် အမ်ပီတီကလဲ အဲ့လိုဘဲမမိဘူး…”
လင်မယားနှစ်ယောက်တစ်ယောက်တစ်နေရာကိုထွက်သွားကြပြီဖြစ်သည်။ ရွှေရုပ်မှာတော့ လက်ဖ၀ါးနှင့် ကပ်ထားသော ပါးမှာချွေးတို့ဖြင့်…………
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြုံးပျော်နိုင်ပါစေ
ရွှေရုပ်

ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။
kozyne on 11-08-2013 ပြောသည်။
ကောင်းပါတယ်
love2056 on 23-12-2012 ပြောသည်။

အရေးအသားလေးကောင်းပါတယ်

ကျွန်တော်က ဘယ်သူကို့မှ မဝေဖန်ခဲ့ဘူးပါဘူး

ကျွန်တော်စိတ်ထဲကြိုက်ရင် ကောင်းတယ်လို့ပြောတာပါ။

မဝေဖန်တက်ဘူး

နောက်ထပ်စာများများရေးနိုင်ပါစေ

နောက်ထပ်လာမယ့်စာတွေကိုအားပေးနေမယ်နော်

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← “အမ်ပီတီ နှစ်သိန်းတန်”   Blog သို့ပြန်သွားသည်။   Update ရပ်ကွက်(၂) →
© 2013-2025 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။