လူကြီးနဲ့လူငယ်

27-04-2010 တွင် တင်ထားသည်။ shweyoat

အမြဲတမ်းဒီမီးတိုင်အောက်မှာတီးနေကြကို ဒီနေ့မှ လေးခွစာမိတဲ့အတွက် တော်တော်တင်းလာကာ ကုတင်ခြေရင်းမှာ ဂစ်တာကို ထောင်လိုက်က အိပ်ယာပေါ်ကို စောင့်ကြီးအောင့်ကြီး ထိုင်ချမိပါတယ်။
``ဂုတ်စာကြီး ... ရေလည်အောက်တယ်.....´´
အိပ်လို့လဲမရ စိတ်ထဲံမှာ တစ်နုတ်နုတ်ခံစားရင်း လေးခွပိုင်ရှင်ကို ပက်ပက်စက်စက်ကြိမ်ဆဲမိပါတယ် ။
အိမ်မက်ထဲမှာတောင် ရန်ဖြစ်နေသေး.....

...............
နောက်တစ်နေ့ တော့ မနေ့ညက ခွစာမိတာကို လမ်းထိပ်က လ္ဘက်ရည်ဆိုင်မှာ အပေါင်းသင်းတွေကို သတင်းပေးတာက ကိုဖြိုး
``ငါရေလည်တင်းတာ ...သီချင်းဆိုတာ အသံတွေဘာတွေကြွက်ချောက်လို့ဆိုလဲထားတော့ ငါ့အသံမင်းတို့လဲသိပါတယ်။ ဟုတ်တယ်မဟုတ်လား ´´
ကျန်တဲ့ကောင်တွေက အကုန်လုံးခေါင်းငြိမ့်ရက်သား မနေ့ညက ကိုဖြိုး အာကြီးပွဲမှာခိုင်ထားတယ်လဲသိတာကြောင့်ပါတယ် ။သောက်လက်စလ္ဘက်ရည်ခွက်ကြောင့်လဲပါတယ်။
``ဟုတ်တာပေါ့ ငါတို့တောင် မင်းအသံကြားချင်လို့ မင်းဆီလာလာနေရတာဘဲ...´´
ကိုဖြိုးကျေနပ်သွားတယ်။ အဲ့ဂုတ်စာကြီးကတော့ ဘာမှသိတဲ့သူမဟုတ်ပါဘူုး ။ မနေ့တစ်နေ့ကမှ သူများရပ်ကွက်ထဲ ပြောင်းလာပြီး ကြက်ဖလုပ်ချင်နေတယ်ထင်တယ်။ ကိုဖြိုး ခေါင်းကိုတစ်ဆက်ဆက်ငြိမ့်လိုက်တယ် ။
``ဒီရပ်ကွက်ထဲမှာ ကိုဖြိုးဘာကောင်လဲဆိုတာပြရသေးတာပေါ့ ´´
``မင်းဘာကောင်လဲ....´´
သူငယ်ချင်းတစ်ယောက်ကမေးသည်ကို ဖြိုးကိုက ဒီရပ်ကွက်က ဘုရင်လို့ ဖြေမလို့ဟာအားပြုလိုက်သော်လဲံ ..သူငယ်ချင်းတစ်ယောက်က သူ့အစား
``ဘောင်ကူပါ ...´´(ဘူကောင်ပါ)
``ဟာ ငါ့သား ငါ့သား ´`
ဘာဘဲဖြစ်ဖြစ် ဒီမနက်ခင်းမှာတော့ အာကြီးကျေးဇူးနဲ့ စားနေကြသောက်နေကြပါတယ်။ ပျော်လဲပျော်ရွှင်စွာဖြင့် ....ဒါပေမယ့် အသံတစ်သံနားထဲကို ကို့လို့ကန့်လန့်ဝင်လာတဲ့အခါမှာ ဖြိုးကိုနဲ့ အပေါင်းအပါများ ငြိမ်ကျသွားပါတယ်
``အေးဗျာ .... ပြောချင်ပါဘူးခုခေတ်လူငယ်တွေ ......မနက်မိုးလင်းတာနဲ့ ဘာတစ်လုံးကောင်းလဲက စနေတော့ ဘယ်မှာသွားတိုးတက်မလဲ  နောက်ပြီး ဒီရပ်ကွက်ကလူတွေဗျာ ဈေးသည်တွေလဲ ဘောလုံးပွဲစဉ်ဇယားနဲ့ ယောင်္ကျားတွေတင်မဟုတ်ဘူး မိန်းမတွေရော ...´´
``ဟုတ်တယ်ဗျ ဒီမှာတင်မဟုတ်ပါဘူး ကျွန်တော်တို့ ရပ်ကွက်မှာလဲံ ဒီတိုင်းဘဲ....´´
စိတ်မချမ်းသာစွာဆိုနေကြတဲ့ စကားတွေရဲ့ အဆုံးမှာ
``ဖြိုးကိုကတိုးတိုးဆိုလိုက်တာ
``အဲ့ဒါ ဂုတ်စာကြီးဟ ...´´
အားလုံးငြိမ်သွားကြတယ် ။လူကြီးတွေရဲ့    စကားသံတွေကိုနားထောင်နေကြပါတယ်။
``မနေ့က အိမ်ရှေ့မှာ သီချင်းလာဆိုတယ်ဗျာ လူလိုဆိုရင်မပြောဘူး ကျုပ်လဲဂစ်တာကြိုက်တာဘဲ ...´´
``ဟာဗျာ ဘယ်လိုဆိုလို့လဲ ...´´
``သီချင်းစာသားကနဲနဲ   သူက အူနေတာ ...´´
လူကြီးတွေ စကားပြောလဲ အပြီး  လူငယ်တွေဝိုင်းက အော်ရီကြပါတယ် ။ အမှန်တော့ ဖြိုးကိုကလွဲပြီး အကုန်ရီတာ ။ ဖြိုးကိုလဲ မျက်နှာတွေနီလို့  ။လူကြီးတွေလှည့ိကြည့်တော့ ဖြိုးကိုရဲ့မျက်လုံးနဲ့ ဦးဘမြင့်မျက်လုံးတို့ သွားဆုံတယ် ။ သူတို့စိတ်ထဲမှာတော့
``အော် မင်းကိုးးးးးးးး´´
``ခင်ဗျားကြီးသတိသာထားနေ´´
``မင်းကြည့်တဲ့ပုံတွေပြင်လိုက်စမ်းပါ ။ငါမွေးရင် ငါ့သားလောက်ဘဲရှိတာ။။။´´
``ခင်ဗျားနောက်နေ့တွေ့တာပေါ့ဗျာ....´´
မျက်လုံးချင်းစကားပြောကြတယ် ။ ကြည်ကြည်နှုးနှုးမဟုတ် လူကြီးက ပြုံးလို့  လူငယ်ကဂျစ်ကန်ကန်နဲ့
ဒါနဲ့ ဦးဘမြင့်က
``ခုခေတ်လူငယ်တွေဗျာ  ရပ်ကွက်မှာဆိုလဲ ရပ်ကွက် တိုးတက်ရာတိုးတက်ကြောင်းမကြည့်ကြပါ ဘူး ´´
`ဟာဗျာ ခင်ဗျားကလဲ နောက်တာလား သူတို့ကိုယ်တိုင် ဘောလုံးပွဲံလောင်း  နှစ်လုံးထိုး အဲ့ဒါနဲ့ချာချာလည်နေတာ သူတို့ကိုယ်တိုင် ကိုယ့်ဘာသာနှစ်နေကြတာလေ ။သူတို့ ကိုယ်ရေ ကိုယ်သွေးတက်ဖို့ စာတစ်အုပ်တောင် မှမဖတ်  ။ သူတို့ဖတ်တာ နှစ်လုံးထီချိုင်းနဲ့ ဘောလုံးဂျာနယ်ဘဲ ရှိတယ်။´´
ဖြိုးကိုတို့  လက်ဘက်ရည်စားပွဲပေါ်က  နှစ်လုံးထီချိုင်းတွေ လှမ်းယူကာ ပေါင်ကြားကိုညှပ်လိုက်ပါတယ်။မကြားချင်ပေမယ့်လူကြီးတွေစကားကိုဆက်ပြီးနားစွင့်ရက်ကြီးလဲ
ဖြစ်နေကြပြန်တယ်။
``ဒီလိုနဲ့ ဆက်သွားရင် နောင်လာမယ့် next generation တွေကျရင် မစဉ်းစားရဲအောင်ဖြစ်လာတယ်ဗျာ..... အကုန်လုံးအလောင်းစားလေးတွေဖြစ် ပိုက်ဆံရဖို့ အလောင်းစားလုပ် ..နောက်ဆုံး မရရင်လဲံ ခိုးလာနိုင်တယ်... ´´
ဒီလိုစကားမျိုးတွေ ဖြိုးကိုတို့ မကြားဖူးပါ ။ဘယ်သူမှလဲ မပြောကြပါ ။ ဖြိုးကို အိမ်က လူကြီးတွေ ဖြိုးကိုကို ဆရာမနိုင်ဆိုပြီး လက်မြောက်ထားကြတယ် ။ဒါကိုလဲံ ဖြိုးကို ဂုဏ်ယူစရာလို့မြင်လာခဲ့ပါတယ်။ ခုတော့ သူတို့ ရဲ့ အနာဂတ်က မလှပပါလားဆိုပြီး ပေါ့ ။ ဒါပေမယ့် ဂုတ်စာကြီးကိုတော့ ပညာနည်းနည်းဖြစ်ဖြစ်ပေးရမယ်။။။။
...........
ဖြိုးကို စာတွေဖတ်တယ် ။ သတင်းတွေကြည့်တယ် ။ နောက် ကျောင်းစာတွေလဲ အရင်ကမကျက်ခဲ့ပေမယ့် ခုသေချာဖတ်ဖြစ်လာတယ် ။ ဒါပေမယ့် ဂုတ်စာကြိးကိုတော့ ပညာပေးမယ်လို့ဟစ်ကျွေူးထားဆဲပါ။။
တစ်နေမှာတော့ ညဘက် သူသူငယ်ချင်းတွေဆီက စာကျက်ပြီး အပြန် လမ်းကြားထဲက စကားပြောသံသဲ့သဲ့ ကြားလိုက်ရပါတယ်´´
``ဓမ္မာရုံအလှူခံပုံးက ပိုက်ဆံတွေ ယူတာတော့ဟုတ်ပါပြီ ..ဘယ်လိုဝင်မလဲ ´´
``ဒီလိုညဆို ဘယ်သူမှမရှိတော့ပါဘူးကွာ .. တံခါးပတ်တာကိုခွာမယ် ... ´´
သူချောင်းကြည့်လိုက်တော့ သူနဲ့ ဘောလုံးပွဲံလောင်းဖော်လောင်းဘက်တွေပါ ...
သူအရမ်းကြီးကို အံ့သြသွားမိပါတယ် ။ ဒါနဲ့ သူအော်လိုက်ဖို့စဉ်းစားပေမယ့် ခုချိန်မှာသူအော်လဲ သူတို့ဘာမှမှမလုပ်ရသေးတာ ဒါကြောင့်လိုက်သွားပြီးမှ သူတို့ ယူတုန်းအော်ဖို့ဆုံးဖြတ်လိုက်တယ် ။ အော်ဖို့ဘဲတက်နိုင်တာလေ ။သူတို့ကနှစ်ယောက် ။ သူသတ္တိက မနဲပေမယ့် များများစားစားလဲမရှိ ဒါပေမယ့် ဒီလောက် ဆိုးတဲ့ အလုပ်ကိုတော့သူတားမှဖြစ်မှာပေါ့ တွေးရင်း ခုနလူနှစ်ယောက်နောက်လိုက်လာခဲ့ပါတယ် ။ခုနလူတွေ ဓမ္မာရုံပတ်တာကိုဖွင့်တယ် အထဲဝင်တော့ သူက အပေါက်ဝကိုပြေးပိတ်နေတုန်း သူခိုးလို့ အော်တော့ ဟိုနှစ်ယောက်ပြေးထွံက်လာကာ ။သူကို သံတုတ်နဲ့ လှမ်းရိုက်လိုက်ပါတယ် ကံမကောင်းတော့သူမရှောင်တတ်။ကံကောင်းတော့ ကြောက်ပြီး ခြေတစ်လှမ်းဆုတ်လိုက်တာ နောက်က ၀ါးလုံးတိုကို တက်နင်းပြီး ချော်လဲတော့ သံတုတ်နဲ့ရိုက်ချက်ကို ရှောင်လိုက်သလိုဖြစ်ကာ သူရဲ့ မတော်တဆစလစ်နဲ့အတူ လန့်ပြီး အဲ့သံတုတ်နဲ့ သူကိုခြေထောက်ကိုဆွဲံဖက်မိတော့ သူလဲလဲပြိုသွားတယ် ။ အကုန်ဟန်ချက်ပြတ်တဲ့အချိန်မှာနောက်တစ်ယောက်ကို လူတစ်ယောက်က ထိုးချလိုက်တာမြင်တယ် ။ဒါပေမယ့်သံတုတ်နဲ့သူကုန်အထ သူအနောက်ကနေ ချုပ်ကာ
``ကျွန်တော်ချုပ်ထားလိုက်ြုပီ ထိုးဗျို့ ထိုးဗျို့ ´´
ဝင်ကူညီသူဘယ်သူမှန်းမသိပေမယ့် ဖြိုးကိုက ထသွားတဲ့သံတုတ်နဲံ့သူကိုသူလဲအမြန်ထကာ ချုပ်ထားလိုက်ပါတယ် ။ ဒါပေမယ့် ဟိုက ထိုးဆိုတော့ ထိုးချလိုက်ပေမယ့် သံတုတ်နဲ့သူက ရှောင်လိုက်တာ လက်သီးချက်က ဖြိုးကိုမျက်နှာတည့်တည့်ကို ....အားကနဲအော်ပြီးကြည့်လိုက်တော့
``ဟာဦးဂုတ်စာ ....´´
``ထပ်ထိုးပြီဟေ့... ´´
ဒီတစ်ခါတော့ တကယ်ကို ထိသွားပါတယ် ။ သူခိုးကိုတက်ညီလက်ညီဖမ်းမိတဲ့ နှစ်ယောက်တစ်ဦးကိုတစ်ဦးကြည့်ကြာ့ပုံးလို့
``သူငယ် မင်းနာမည်ဘယ်လိုခေါ်လဲ ..´´
``ဖြိုးကို ပါ...´´
``ငါ့နာမည်ကတော့ မင်းပြောသလို ဂုတ်စာတော့မဟုတ်ဘူး ဦးဘမြင့် မနက်ဖြန် မင်းတို့သူငယ်ချင်းတွေ ငါ့အိမ်က မီးတိုင်အောက်မှာ ဂစ်တာလာတီးဖို့ငါကိုယ်တိုင်ဖိတ်ခေါ်ပါတယ်။´´
 ဖြိုးကိုပျော်သွားပါတယ်။နောက်တစ်နေ့ညမှာတော့
``ကဲဖြိုးကို မင်းဘာရလဲ ငါတီးပြမယ် ငါတစ်ပုဒ်ဆိုမယ်ကွာ ´´
ဦးဘမြင့်က ၀င်းဦးရဲ့ တိမ်လွှာမို့မို့လွင်ကို  ၀င်းဦးအသံတိုင်းဂစ်တာတီးကာဆိုပြတဲ့အချိန်မှာ ဦးဘမြင့်ရဲ့ အမျိုးသမီးအိမ်ထဲက လက်ဘက်ပန်းကန်ကိုင်ပြီးထွက်လာပါတယ် ။နောက် နေ့တွေမှာတော့ ညတိုင်းလိုလို မီးတိုင်အောက်လေးမှာ လူငယ်လေးတွေနဲ့ လူကြီးတို့ရဲ့ ကြည်နှုးမှုသံစဉ်တွေက လွင့်ပျံနေပါတော့တယ်
.........................................................
ပြုံးပျော်နိုင်ပါစေ
                                                                 ရွှေရုပ်




ဆွေးနွေးခြင်း

on 01-01-0001 ပြောသည်။

ထင်မြင်ချက် ပေါင်းထည့်သည်။

ကျေးဇူးပြု၍login သို့မဟုတ်မှတ်ပုံတင်ခြင်း(register) ပြုလုပ်ပါ။
  • အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် အပြည့်အစုံကို ကြည့်နိုင်ရန်
  • မိတ်ဆွေသူငယ်ချင်း အသစ်ရှာဖွေနိုင်ရန်
  • မှတ်ချက်ရေးသားနိုင်ရန်
  • ကိုယ်ရေးကိုယ်တာ Message ပေးပို့နိုင်ရန်
← ငုဝါပင်လေးရှဲ့ဆန္ဒ   Blog သို့ပြန်သွားသည်။   ရွှေရုပ်နဲ့ နေကာမျက်မှန် →
© 2013-2024 အခမဲ့ Video Chat Conferendo! ရပိုင်ခွင့်၊ အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။
ဘာသာပြန်ဆိုရာတွင် အမှားတွေ့ရှိသည်။ အကြောင်းကြားရန် ၊၎င်းအား mouse ဖြင့် select လုပ်ကာ Ctrl+Enter နှိပ်ပါ။