တစ်ယောက်တည်း ကမ္ဘာ
25-01-2011 တွင် တင်ထားသည်။
prettygloria
စက္ကန့်နဲ့ အမျှ
သတိရခြင်းတွေကို ရှုရှိုက်ခဲ့ရတာ
ငါ့ရဲ့ နှလုံးသားရေးရာ
ကိစ္စတော်တော် များများမှာ
မင်းက ပါဝင်ပက်သက်နေတယ်လေ
မင်းထားရစ်ခဲ့တဲ့
အလွမ်းတွေက များလွန်းတော့
ငါ့မျက်ဝန်းတွေက
မြစ်ကျိုးအင်းတစ်ခုဖြစ်သွားခဲ့
ဘယ်မှာလဲချစ်သူ . .
မင်းကိုတမ်းတမိတိုင်းသာ
ကြယ်တွေကြွေခဲ့မယ်ဆိုရင်
အခုချိန်ဆို လမင်းကြီး
အထီးကျန်နေလောက်ပြီ . . .။ ။