မင်း=ဘာလဲ
29-12-2009 တွင် တင်ထားသည်။
prettygloria
Tags:မင်း=ဘာလဲ
လွမ်းတယ်ပြောရအောင်
ချစ်သူမဟုတ်ဘူး
သတိရတယ်ပြောရအောင်
သူငယ်ချင်းမဟုတ်ဘူး။
ဆွေးတယ်ပြောရအောင်
ဇာတ်လမ်းလည်းမရှိဘူး။
မမေ့ရက်နိုင်ဘူးပြောရအောင်
မှတ်မှတ်ရရလည်းမရှိခဲ့ဘူး။
ရင်နာတယ်ပြောရအောင်
နာကြည်စရာအကြောင်းလည်းမရှိခဲ့ဘူး။
မုန်းတယ်လို့ပြောရအောင်
မချစ်ခဲ့ပြန်တော့......................